Shopping Cart
0 items
 
Bestselling Products
ညှိနှိုင်းဆွေးနွေးမှု တတ်ပညာ ညှိနှိုင်းဆွေးနွေးမှု တတ်ပညာ
1,500ကျပ်  
စီမံခန့်ခွဲမှု လျှို့ဝှက်ချက်များ စီမံခန့်ခွဲမှု လျှို့ဝှက်ချက်များ
2,000ကျပ်  
ရွှေမိုး ငွေမိုးရွာစေသူတို့၏ လျှို့ဝှက်ချက်များ ရွှေမိုး ငွေမိုးရွာစေသူတို့၏ လျှို့ဝှက်ချက်များ
2,500ကျပ်  
အာရှမူသစ်သုံး CEO ၏အောင်မြင်သော စီးပွားရေး စီမံခန့်ခွဲမူ နည်းသစ်များ အာရှမူသစ်သုံး CEO ၏အောင်မြင်သော စီးပွားရေး စီမံခန့်ခွဲမူ နည်းသစ်များ
2,000ကျပ်  
ကိုယ်ကျင့်တရား ကိုယ်ကျင့်တရား
2,000ကျပ်  
အံ့ဖွယ်တိုက်ဆိုင်မှု ဖြစ်ရပ်မှန် ဇာတ်လမ်းတိုများ (၁) အံ့ဖွယ်တိုက်ဆိုင်မှု ဖြစ်ရပ်မှန် ဇာတ်လမ်းတိုများ (၁)
2,500ကျပ်  
1 out of 5 Stars!
ထိပ်တန်းသို့ အံ့မခန်း လှမ်းတက်ခဲ့သူ JEREMY LIN ထိပ်တန်းသို့ အံ့မခန်း လှမ်းတက်ခဲ့သူ JEREMY LIN
3,000ကျပ်  
Presenting Myanmar Presenting Myanmar
1,500ကျပ်  
ဘုရားသခင် ဘယ်သောအခါမှ မျက်တောင်မခတ်ပါ ဘုရားသခင် ဘယ်သောအခါမှ မျက်တောင်မခတ်ပါ
3,000ကျပ်  
ဖအေနှစ်ဦးသင်ပေးတဲ့ ဆင်းရဲနည်း၊ ချမ်းသာနည်း ဖအေနှစ်ဦးသင်ပေးတဲ့ ဆင်းရဲနည်း၊ ချမ်းသာနည်း
2,000ကျပ်  
ဧကရာဇ်အလက်ဇန္ဒားထံမှ      ခေါင်းဆောင်မှုပညာ   ဧကရာဇ်အလက်ဇန္ဒားထံမှ      ခေါင်းဆောင်မှုပညာ  
2,500ကျပ်  
5 out of 5 Stars!
ငြင်းဆိုခြင်းသည်      အပြစ်မဟုတ်ပါ     ငြင်းဆိုခြင်းသည်      အပြစ်မဟုတ်ပါ    
1,000ကျပ်  
ဆရာဇော်ဂျီမွေးနေ့ရာပြည့် အထိမ်းအမှတ် စာတမ်းများ ဆရာဇော်ဂျီမွေးနေ့ရာပြည့် အထိမ်းအမှတ် စာတမ်းများ
1,800ကျပ်  
နှလုံးနှင့်သွေးကြောရောဂါများ ကာကွယ်ထိန်းသိမ်းရေးအတွက်  မှန်ကန်သည့် စားသောက်နည်း နှလုံးနှင့်သွေးကြောရောဂါများ ကာကွယ်ထိန်းသိမ်းရေးအတွက် မှန်ကန်သည့် စားသောက်နည်း
1,800ကျပ်  
ဤကမ္ဘာမှ လဗိမာန်သို့ ဤကမ္ဘာမှ လဗိမာန်သို့
700ကျပ်  
 

eshopping.com.mm

Latest Products
တက္ကသိုလ် မလေးခိုင် နှင်းဆီပန်းထဲကနတ်သူငယ်လေးနှင့်အခြားပုံပြင်များ
တက္ကသိုလ် မလေးခိုင် နှင်းဆီပန်းထဲကနတ်သူငယ်လေးနှင့်အခြားပုံပြင်များ

အစဉ်အဆက်က ပြောလာသောအဖြစ်အပျက်၊ ဇာတ်ကြောင်း ကို 'ပုံပြင်' ဟု မြန်မာအဘိဓာန်တွင် ဖွင့်ဆိုထားသည်။ ကလေးသူငယ် များအား ပုံပြောပြခြင်းကို လူကြီးသူမများက ဓလေ့တစ်ခုလို လုပ် ဆောင်ခဲ့ကြသည်။ ပုံပြင်များစွာကို တစ်နိုင်ငံမှတစ်နိုင်ငံ၊ တစ်နယ်မှ တစ်နယ်၊ တစ်ဦးမှတစ်ဦးသို့ အသီးသီးနှုတ်ဆင့်ကမ်းခဲ့ကြသည်။ ကလေးတိုင်းလိုလို အိပ်ရာဝင်ပုံပြင်များကို နားထောင်ရင်း ကြီးပြင်း လာကြရသည်။ လူကြီးမိဘတို့က အသိအလိမ္မာ၊ ဗဟုသုတများဖြင့် ထုံမွှမ်းထားသောပုံပြင်များကို ကလေးသူငယ်၏နားထဲမှတစ်ဆင့် နှလုံးသားထဲထိရောက် အောင် ပြောပြပြီး လူကောင်းလူတော်များဖြစ်အောင် ပြုစုပျိုးထောင်ကြလေ့ရှိသည်။ ထို့ကြောင့် ပုံပြင်၏အာနိသင်မှာ အင်မတန်တာသွား၊ ထိရောက်သည်ဟု ဆိုရပေမည်။ ယခုထုတ်ဝေလိုက်သည့် တက္ကသိုလ် မလေးခိုင်၏ နှင်းဆီပန်းထဲက နတ်သူငယ်လေးနှင့် အခြားပုံပြင်များ စာအုပ်မှာလည်း မိမိတို့သားသမီးများကို လိမ္မာယဉ်ကျေးသည့် သားကောင်းသမီးမွန်များ ဖြစ်စေချင်သည့် မိဘများ၊ အသိအလိမ္မာကို စာပေထဲမှ ကိုယ် တိုင်ရှာဖွေဖတ်ရှုချင်သည့် ကလေးများအတွက် များစွာအထောက်အကူပြုမည့်စာအုပ် ကောင်းတစ်အုပ်ဖြစ်ပါကြောင်း ညွှန်းဆိုလိုက်ပါသည်။

4,000ကျပ်  
အံ့ဖွယ်တိုက်ဆိုင်မှု ဖြစ်ရပ်မှန် ဇာတ်လမ်းတိုများ - ၅
အံ့ဖွယ်တိုက်ဆိုင်မှု ဖြစ်ရပ်မှန် ဇာတ်လမ်းတိုများ - ၅

မူရင်းစာရေးသူ Yitta နှင့် Judith တို့၏ Small Miracles for Families စာအုပ်ကို ဘာသာပြန်ထားသော စာအုပ်ဖြစ်ပါသည်။ အဖေနှင့်အမေ၊ သားနှင့်သမီး၊ လင်ယောက်ျားနှင့်ဇနီး၊ ညီအစ်ကိုနှင့် မောင်နှမ၊ ဘိုးဘွား များနှင့် မြေးများ၊ ဦးလေး၊ အဒေါ် စသည့် မိသားစုဝင်များဆွေမျိုးများ ကြားဖြစ်ပျက်ခဲ့သော အံ့ဖွယ်တိုက်ဆိုင်မှု ဖြစ်ရပ်မှန် ဇာတ်လမ်းများဖြစ်ပါသည်။ တဆယ့်သုံး၊ ဆွေမျိုးဆက်၊ ကတိစကား၊ လတူ ရက်တူ နာရီတူ၊ ခရီး သွားဖော် ... စသည် ဖြင့် ဇာတ်လမ်းတို ၅၆ ပုဒ်ပါဝင်ပါသည်။ စတွေ့ချိန်မှစ၍ အင်မတန် ချစ်ခင်ရင်းနှီးသော သူငယ်ချင်းနှစ်ယောက် သည် အံ့သြတိုက်ဆိုင်စွာ ညီအစ်ကိုအရင်းဖြစ်နေပုံ၊ အသည်းအစားထိုးရန် လိုအပ်သောလူနာရှင်နှင့် ကိုယ်ခန္ဓာအစိတ်အပိုင်းများကို လှူဒါန်းမည့် အလှူရှင်၏အစ်ကိုဖြစ်သူနှင့် လေယာဉ် ပေါ်တွင် တိုက်ဆိုင်စွာ တွေ့ပုံ။ စစ်မြေပြင်တွင် အမြဲလိုလို တစ်ပူးတွဲတွဲရှိနေသော တင့်ကားနှစ်စီးအတွင်းရှိ လူနှစ်ယောက်သည် တိုက်ဆိုင်စွာ မယားညီအစ်ကို ဖြစ်လာပုံ၊ ဇနီးနှင့်သားကို ဆုံးရှုံးခဲ့ရသောကြောင့် ဘုရား သခင်ကို စိတ်နာနေသဖြင့် ဘုရား ကျောင်းမသွားဘဲ နှစ်ပေါင်း ၄၀ ကြာမြင့်မှ လူတစ်ဦးကြောင့် ဘုရားကျောင်း တစ်ခုကို ရောက်ရှိ သွားရာ ထိုဘုရားကျောင်း၏ဦးစီးသူမှာ သေဆုံးသွားပြီဟု ယူဆထားသော သူ့သား ဖြစ်နေပုံ စသည်ဖြင့် အံ့ဖွယ်တိုက်ဆိုင်မှုဇာတ်လမ်းတိုများကို စိတ်ဝင်စားဖွယ်ဖတ်ရှုရမည် ဖြစ်ပါသည်။

3,500ကျပ်  
Online တွင် အမှတ်တံဆိပ်တည်ဆောက်ခြင်း
Online တွင် အမှတ်တံဆိပ်တည်ဆောက်ခြင်း

ကိုယ်ပိုင်အမှတ်တံဆိပ်တည်ဆောက်ခြင်း၊ စီမံထိန်းသိမ်းထားခြင်းနှင့်ပတ်သက်၍ တင်ပြထားသောစာအုပ်ဖြစ်ပါသည်။ ကိုယ်ပိုင် အမှတ်တံဆိပ်မည်သည် အဘယ်နည်း။ သင့်ကိုယ်ကို (သင်၊ သူတို့က) ဘာတဲ့လဲ။ ကိုယ့်အမှတ်တံဆိပ်ကို ဂရုစိုက်ဖြည့်ဆည်း ပေးခြင်း၊ အင်တာနက်ခြေရာများ၊ ပုဂ္ဂိုလ်ရေးအမှတ်တံဆိပ်တည် ဆောက်ခြင်းပုံရိပ်များ ... စသည်ဖြင့် အခန်းကိုးခန်းဖြင့် တင်ပြထားသည်။ မိသားစုအပါအ၀င် လုပ်ငန်းခွဲနှင့် လူမှုကွန်ရက်စာ မျက်နှာများပေါ်တွင် ထင်ဟပ်နေသော မိမိပုံရိပ်အမှတ်တံဆိပ်သည် မည်မျအရေးကြီးသည်၊ ပုံရိပ်ကောင်းဂုဏ်သတင်းကောင်းကို မည်သို့ဖော် ဆောင်ရမည်၊ မည်သို့စီမံထိန်းသိမ်းရမည်၊ ပျက်စီးမှုကို မည်သို့ပြုပြင်ရမည် စသည့်နည်းလမ်းများကို ရှုထောင့်မျိုးစုံမှ တင်ပြထားသည်။ ယခင်က ကိုယ့်သတင်းကိုယ့်ပုံရိပ်သည် ကိုယ်နေထိုင်ရာပတ်ဝန်းကျင်တစ်ခုတည်းတွင်သာ သိနိုင်သော် လည်း ယခုအခါ အင်တာနက်အသုံးတွင်ကျယ်လာပြီး လူမှုကွန်ရက်များကို အသုံးပြုလာကြရာ ကိုယ့်သတင်း၊ ကိုယ့် အကြောင်းကို တစ်ကမ္ဘာလုံးက သိနေနိုင်သည်ဖြစ်ရာ မိမိ၏ဂုဏ်သိက္ခာကို ကောင်းစွာစီမံထိန်းသိမ်းတတ်ရန်မှာ လွန်စွာအရေးကြီးလာပါသည်။ ဆရာအောင်ကို (တောင်ငူ) ၏ ဤစာအုပ်သည် မိမိ မိသားစု၊ လုပ်ငန်းခွင်တွင်သာမက လူမှုကွန်ရက်များ အပါ အ၀င် ကမ္ဘာတစ်ဝန်းလုံးတွင် ကိုယ့်ပုံရိပ်ကို စီမံထိန်းသိမ်းပြီး ဂုဏ်သိက္ခာ ရှိရှိရပ်တည်နိုင်ရန် များစွာအထောက်အကူ ပြုမည့်စာအုပ်ဖြစ်ပါသည်။

3,000ကျပ်  
အောင်မြင်ပျော်ရွှင်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ဖို့ရာ
အောင်မြင်ပျော်ရွှင်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ဖို့ရာ

Lifestyle မဂ္ဂဇင်းတွင် ဖော်ပြခဲ့သောဆောင်းပါးများကို စုစည်းပြီး ထုတ်ဝေထားသောစာအုပ်ဖြစ်ပါသည်။ စီးပွားရေးနယ်ပယ်အသီးသီးတွင် ၀င်ရောက်လုပ်ကိုင်နေကြသောအမျိုးသမီးများအတွက် လုပ်ငန်းခွင်တွင် အောင်မြင်ရေး၊ မိသားစုဘ၀တွင် ပျော်ရွှင်နိုင်ရေးအတွက် နည်းပေးလမ်းညွှန်ထားသောစာအုပ်ဖြစ်ပါသည်။ အမျိုးသမီးများ၏ကိုယ်ခန္ဓာ ထိန်းသိမ်းပုံနှင့်ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ်ကျန်းမာအောင် ကာကွယ်ထိန်း သိမ်းနည်း၊ ပိန်ဖို့ထက် ကျန်းမာဖို့အတွက် ဆောင်ရန်ရှောင်ရန်များ၊ အမျိုးသမီးနှင့် မိတ်ဆွေအပေါင်းအသင်း၊ လုပ်ငန်းခွင်ဘ၀နှင့် အမျိုးသားများ၊ ကိုယ့်အိမ်ထောင်ဖက်အဖြစ် မည်သို့ရွေးချယ်ရမည်၊ သိက္ခာရှိသော အိမ်ထောင်ရှင်ဘ၀နှင့် မိသားစုတည်ဆောက်ရေး စသည်တို့သာမက မိမိဘ၀မှာအောင်မြင်ခြင်းများရရှိအောင် မည်သို့လုပ်ဆောင်ရမည်ကို နည်းပေးလမ်းညွှန်ထားသည်။ လုပ်ငန်းခွင်နယ်ပယ်အသီးသီးတွင် အမျိုးသားများနှင့် ရင်ပေါင်တန်းကာ ၀င်ရောက်လုပ်ကိုင် နေကြသောအမျိုးသမီးများအတွက် လုပ်ငန်းခွင်နှင့် မိသားစုဘ၀ ဟန်ချက်ညီမျပြီး အောင်မြင်ပျော်ရွှင်သော အမျိုးသမီးတစ် ယောက်ဖြစ်အောင် ဤစာအုပ်က များစွာအထောက်အကူ ဖြစ်စေပါလိမ့်မည်။

2,500ကျပ်  
ယနေ့ခေတ်စား...ခရီးသွားစီပွား
ယနေ့ခေတ်စား...ခရီးသွားစီပွား

မြန်မာနိုင်ငံသည် နိုင်ငံခြားသားခရီးသွားဧည့်သည်များ စိတ်ဝင်စားသောနေရာဖြစ်သည့်အလျောက် ဧည့်သည် များကို ၀န်ဆောင်မှုပေးသော ခရီးသွားလုပ်ငန်းသည်လည်း အဓိကမဏ္ဍိုင်ဖြစ်ပေသည်။ ခရီးသွားထုတ်ကုန် အကြောင်း တစေ့တစောင်း နှင့် ခရီးသွားစီးပွားရှာမည်ဆိုလျင် ဟူ၍ အပိုင်းနှစ်ပိုင်းခွဲကာ မြန်မာခရီးသွား လုပ်ငန်းအကြောင်းသာမက အခြားနိုင်ငံအသီးသီး၏ ခရီးသွားအတွေ့အကြုံများကိုလည်း ဝေမျှထားသည်။ စာရေးသူ၏နှစ်ပေါင်း ၂၄ နှစ်ကျော် ခရီးသွားလုပ်ငန်းအတွေ့အကြုံများကို ပမာပြုကာ ခရီးသွားမှတ်တမ်း တင်ဓာတ်ပုံများနှင့်အတူ ကြိုးပမ်းတင်ဆက်ထားသည်။ ခရီးသွားစီးပွားရှာသူများ၊ လေ့လာလိုသူများအတွက် ခရီးသွားထုတ်ကုန်အကြောင်း စုံလင်စွာသိရှိရမည့် လက်ကိုင် ထားသင့်သည့်စာအုပ်ဖြစ်ကြောင်း ဖော်ညွှန်း လိုက်ရပါသည်။

6,000ကျပ်  
နှလုံးအားပြတ်ခြင်းဆိုသည်မှာ မေး-ဖြေ ၁၀၀
နှလုံးအားပြတ်ခြင်းဆိုသည်မှာ မေး-ဖြေ ၁၀၀

နှလုံးရောဂါသည် ကမ္ဘာပေါ်တွင် အဖြစ်အများဆုံးနှင့် အသက်သေဆုံးမှု မြင့်မားသောရောဂါတစ်ခုဖြစ်ရာ နှလုံးရောဂါအကြောင်း လူတိုင်း သိသင့်ပေသည်။ ဤစာအုပ်တွင် လူ့ခန္ဓာကိုယ်တွင် နှလုံး၏အရေးပါပုံ၊ နှလုံး အလုပ်လုပ်ပုံများနှင့် နှလုံးတွင် ဖြစ်တတ်သော၊ နှလုံးနှင့် ပတ်သက်၍ ဖြစ်တတ်သော ရောဂါများအကြောင်းကို မေး-ဖြေပုံစံဖြင့် ရေးသားထားသည်။ နှလုံးအားပြတ်ခြင်းဆိုသည်မှာ ဘာလဲ၊ ဘာကြောင့် နှလုံးရောဂါ ဖြစ်ရသလဲ၊ ရောဂါဖြစ်လျင် မည်သို့ပြုစုစောင့်ရှောက်ပြီး မည်သို့သော ဆေးဝါးများ၊ ကုသနည်းများကို အသုံးပြုကြသလဲ ... စသည့် နှလုံးရောဂါအကြောင်း၊ နှလုံးအားပြတ်ခြင်းအကြောင်းများအပြင် နှလုံးညှစ် အားနည်းရောဂါ၊ နှလုံးအဆို့ရှင်တွင် ဖြစ်တတ်သောရောဂါများ အကြောင်းကို ပြည့်စုံစွာရေးသားဖော်ပြထားပါသည်။ ထို့ကြောင့် ဤစာအုပ်သည် နှလုံးနှင့်ပတ် သက်သောရောဂါဝေဒနာတစ်ခုခု ခံစားနေရသူများ၊ နှလုံးနှင့်ပတ်သက်သောရောဂါများ၊ ဆေးဝါးများ၊ ကုသမှုနည်းလမ်းများ အကြောင်းကို သိရှိလိုသူများအတွက် အသုံးဝင်မည့်စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါသည်။

3,000ကျပ်  
CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှု မဂ္ဂဇင်း
CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှု မဂ္ဂဇင်း

၂၀၁၆ ခုနှစ် သြဂုတ်လထုတ် CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှု မဂ္ဂဇင်းကို တူဒေးစာအုပ်ဆိုင်များနှင့် အမြို့မြို့အနယ်နယ်ရှိ စာအုပ်ဆိုင်များမှာ ၀ယ်ယူရရှိနိုင်ပါပြီ။

2,500ကျပ်  
CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှု မဂ္ဂဇင်း
CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှု မဂ္ဂဇင်း

၂၀၁၆ ခုနှစ် ဇူလိုင်လထုတ် CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှု မဂ္ဂဇင်းကို တူဒေးစာအုပ်ဆိုင်များနှင့် အမြို့မြို့အနယ်နယ်ရှိ စာအုပ်ဆိုင်များမှာ ၀ယ်ယူရရှိနိုင်ပါပြီ။

2,500ကျပ်  
lifestyle မဂ္ဂဇင်း
lifestyle မဂ္ဂဇင်း

၂၀၁၆ ခုနှစ် ဇူလိုင်လထုတ် Lifestyle မဂ္ဂဇင်းကို တူဒေးစာအုပ်ဆိုင်များနှင့် အမြို့မြို့အနယ်နယ်ရှိ စာအုပ်ဆိုင်များမှာ ၀ယ်ယူရရှိနိုင်ပါပြီ။

3,000ကျပ်  
lifestyle မဂ္ဂဇင်း
lifestyle မဂ္ဂဇင်း

၂၀၁၆ ခုနှစ် သြဂုတ်လထုတ် Lifestyle မဂ္ဂဇင်းကို တူဒေးစာအုပ်ဆိုင်များနှင့် အမြို့မြို့အနယ်နယ်ရှိ စာအုပ်ဆိုင်များမှာ ၀ယ်ယူရရှိနိုင်ပါပြီ။

3,000ကျပ်  
August 2016 ပလုတ်တုတ် Journal
August 2016 ပလုတ်တုတ် Journal

1 Year=18,000 Kyats 6 Month =9,000 Kyats Children Magazine for Age between 5 - 13

1,500ကျပ်  
July 2016 ပလုတ်တုတ် Journal
July 2016 ပလုတ်တုတ် Journal

1 Year=18,000 Kyats 6 Month =9,000 Kyats Children Magazine for Age between 5 - 13

1,500ကျပ်  
ဆုံးဖြတ်ချက်ချနည်း
ဆုံးဖြတ်ချက်ချနည်း

စံပြပုံစံများသည် အရေးကြီးသည့် အချက်များအပေါ်သာ အာရုံထားစေခြင်းဖြင့် အနေအထားတစ်ခု၏ရှုပ်ထွေးမှုကို လျော့နည်းစေသည်။ ဤစာအုပ်ပါမေးခွန်းများသည် သင်၏စဉ်းစားတွေးခေါ်မှုကို မြှင့်တင်ပေးပါလိမ့်မည်။ ဆုံးဖြတ်ချက်ချရန်အကောင်းဆုံးစံပြပုံစံ ၅၀ ပါဝင်ပြီး သက်ဆိုင်ရာ မေးခွန်းများကို ကိုင်တွယ်နိုင်ရန် နည်းလမ်းများကို စကားလုံးများအရ လည်းကောင်း၊ ပုံစံကားချပ်များအရလည်းကောင်း သရုပ်ဖော်ရှင်းလင်းထားသောကြောင့် သင့်အတွက်အကောင်းဆုံး လမ်းညွှန်ပေးပါလိမ့်မည်ဟု ယုံကြည်ပါသည်။

3,000ကျပ်  
lifestyle မဂ္ဂဇင်း
lifestyle မဂ္ဂဇင်း

၂၀၁၆ ခုနှစ် ဇွန်လထုတ် Lifestyle မဂ္ဂဇင်းကို တူဒေးစာအုပ်ဆိုင်များနှင့် အမြို့မြို့အနယ်နယ်ရှိ စာအုပ်ဆိုင်များမှာ ၀ယ်ယူရရှိနိုင်ပါပြီ။

3,000ကျပ်  
CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှု မဂ္ဂဇင်း
CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှု မဂ္ဂဇင်း

၂၀၁၆ ခုနှစ် ဇွန်လထုတ် CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှု မဂ္ဂဇင်းကို တူဒေးစာအုပ်ဆိုင်များနှင့် အမြို့မြို့အနယ်နယ်ရှိ စာအုပ်ဆိုင်များမှာ ၀ယ်ယူရရှိနိုင်ပါပြီ။

2,500ကျပ်  
အသေးစား စီးပွားရေးလုပ်ငန်းအတွက်သေနင်္ဂဗျူဟာ
အသေးစား စီးပွားရေးလုပ်ငန်းအတွက်သေနင်္ဂဗျူဟာ

တရုတ်တွေးခေါ်ပညာရှင်ကြီး ကွန်ဖြူးရှပ်နှင့်တစ်ပြိုင်တည်းပေါ်ပေါက်ခဲ့သော တရုတ်စစ်သေနာပတိ ဆွန်ဇူး၏ သေနင်္ဂဗျူဟာစာအုပ်သည် အသေးစားစီးပွားရေးလုပ်ငန်းများအတွက် ဇောင်းပေးပြီး လေ့လာထားသောစာအုပ် ဖြစ်ပါသည်။ ဆွန်ဇူးနှင့်အတူ အသာစီးရမှုကို ဖမ်းယူဆုပ်ကိုင် ထားပါ၊ သိနားလည်ခြင်း မရှိမဖြစ်ဆွန်ဇူး၊ စစ် မြေပြင်အတွက် အခြေခံသဘောတရားများနှင့် အဆင့်မြင့်သောဆွန်ဇူးနှင့် သင်၏အသေးစား စီးပွားရေးလုပ်ငန်း အတွက် မဟာဗျူဟာ စသည့်အပိုင်းလေးပိုင်းဖြင့် တင်ပြထားသည်။ အသေးစားစီးပွားရေးလုပ်ငန်းများအတွက် အသုံးဝင်သောမဟာဗျူဟာများကို ဆွန်ဇူး၏သေးငယ်သောတပ်ဖွဲ့များက ပိုမိုကြီးမားသောတပ်ဖွဲ့များအပေါ် အောင်မြင်ခဲ့သော သေနင်္ဂဗျူဟာများနှင့် ချိန်ထိုးနည်းပေးလမ်းပြထားသည်။MBA သင်တန်းများ၊ နိုင်ငံ ပေါင်းစုံတွင် လုပ်ကိုင်နေကြသော ကော်ပိုရေးရှင်းကြီးများက ဆွန်ဇူးကို လေ့လာကြသည်။ ဧရာမစီးပွားရေးလုပ်ငန်းကြီးများကို အံတုဖက်ပြိုင်ပြီး မိမိတို့လုပ်ငန်းကို အင်အားကြီးမားသော အဖွဲ့အစည်းဖြစ်လာရန် ကြိုးစားနေသော၊ ရည်ရွယ်ချက်ကြီးမားသော စွန့်ဦးတီထွင်သူများနှင့် အသေးစား စီးပွားရေးလုပ်ငန်းရှင်များအတွက်များစွာအထောက်အကူပြုနိုင်သောစာအုပ်ဖြစ်ပါသည်။

3,500ကျပ်  
အာရှအားပြိုင်ပွဲ
အာရှအားပြိုင်ပွဲ

ဤစာအုပ်တွင် အမေရိကန်နိုင်ငံအပါအ၀င် တရုတ်နိုင်ငံ၊ အိန္ဒိယ၊ ဂျပန်၊ ပါကစ္စတန် စသည့် အာရှနိုင်ငံများ၏နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးတို့ကို နှိုင်းယှဉ်ချိန်ထိုးပြထားသောစာအုပ်ဖြစ်ပါသည်။ အာရှအားပြိုင်ပွဲ၊ ဂျပန် သြဇာအရှိန်အ၀ါကြီးမား သည့် ခံနိုင်အားနည်းသည့် ဇရာထောင်းနေသည့် အာရှမှ စစ်မီးထတောက်နိုင်သည့် အန္တရာယ်ဒေသများ၊ သွေးစွန်း သောအမှတ်တရမြေ စသည်ဖြင့် ဆောင်းပါးပေါင်း ၂၄ ပုဒ်ပါဝင်ပါသည်။ ကမ္ဘာ့အင်အားကြီး စူပါပါဝါဖြစ်သော အမေ ရိကန်နိုင်ငံသည် မိမိ၏ပြိုင် ဘက်ဖြစ်လာနိုင်သော တရုတ်နိုင်ငံနှင့် အင်အားချင်းချိန်ညှိရန် တရုတ်နိုင်ငံပြီးလျင် လူဦးရေ များပြီး နောင်တစ်ချိန်တွင် အင်အားကြီးနိုင်ငံ ဖြစ်လာနိုင်သော အိန္ဒိယနိုင်ငံနှင့်သာမက ပါကစ္စတန်နိုင်ငံများနှင့် မဟာ မိတ်ဖွဲ့ပြီး အကူအညီပေးပုံများ၊ တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား အရေးများကိုပါ ဆွေးနွေးတင်ပြထားသည်။ အာရှမှ နိုင်ငံများအပါအ၀င် ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ တစ်နိုင်ငံနှင့်တစ်နိုင်ငံအပေါ်ထားသော နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး ချိန်ခွင်လျာထိန်းညှိမှုများအကြောင်း ဗဟုသုတဖြစ်ဖွယ်၊ သတိပြုဆင်ခြင်ဖွယ်များ တင်ပြထားသောစာအုပ်ဖြစ်ပါသည်။

2,500ကျပ်  
Canvases & Miniatures (volume 1)
Canvases & Miniatures (volume 1)

သမိုင်းဆိုင်ရာ၊ ယဉ်ကျေးမှုအစဉ်အလာဆိုင်ရာ၊ နယ်မြေဒေသဗဟု သုတဆိုင်ရာ၊ ရိုးရာပွဲတော်များဆိုင်ရာ၊ တိုင်းရင်းသား လူမျိုးနွယ်ဆိုင်ရာနှင့် နိုင်ငံရေးဆိုင်ရာ မှတ်သားဖွယ်ရာများကို ကိုယ်တွေ့အဖြစ်အပျက်များ ပေါင်းစပ်ပြီး စိတ်ဝင်စားဖွယ် ရေးဖွဲ့ထားသောစာအုပ် ကောင်းတစ်အုပ်ဖြစ်ပါသည်။ အင်္ဂလိပ်ဘာသာစကားလေ့လာလိုသူတို့အတွက် ပညာရှင်တစ်ဦး၏ အင်္ဂလိပ်စာအသုံးအနှုန်းကျွမ်းကျင်မှုကို သင်ယူရရှိနိုင်သလို နိုင်ငံခြားသားများအတွက်လည်း မြန်မာခေတ်ဟောင်းမှ ဗဟုသုတများကို ရရှိနိုင်ပါလိမ့်မည်။ နိုင်ငံခြားသားမိတ်ဆွေများအား လက်ဆောင်ပေးသင့်သောစာအုပ်ကောင်းတစ်အုပ် လည်း ဖြစ်ပါသည်။

3,500ကျပ်  
အေဘရာဟင်လင်ကွန်း
အေဘရာဟင်လင်ကွန်း

သာမန်ကျေးတောသားဘ၀မှ အမေရိကန်နိုင်ငံ၏သမ္မတ ဖြစ်လာသူ အေဘရာဟင်လင်ကွန်း၏ စိတ်ဝင်စားဖွယ် ဘ၀ ဇာတ်ကြောင်းအသေး စိတ်ကို ရေးသားထားသော စာအုပ် ဖြစ်ပါသည်။ ပြည်တွင်း စစ်အချိန်ကာလ ကို ကောင်းစွာဦးဆောင် နိုင်သူ၊ လွတ်မြောက်ရေးကြေညာစာတမ်းဖြင့် အာဖရိကန်-အမေရိကန် လေးသန်းကို ကျွန်ဘ၀မှ လွတ်မြောက်စေခဲ့သူ၊ သူ့ယုံကြည်ချက်အတွက် သူ့အသက်ကို ပေးဆပ်ခဲ့ရသူ သမ္မတကြီးအကြာင်းကို အသေးစိတ်ရေးသားထားသည်။ ငယ်ရွယ်စဉ်မှစ၍ ကိုယ်ထူကိုယ်ထ ပညာသင်ယူပြီး ဘ၀ကို ကြိုးစား တည်ဆောက်ခဲ့ပြီး အလုပ်ကြမ်းသမား၊ စစ်သား၊ စာပို့လုလင် စသည်ဖြင့် အလုပ်မျိုးစုံလုပ်ကိုင်ခဲ့သည်။ ထို့နောက် မြေတိုင်း စာရေး၊ ရှေ့နေဘ၀များမှ သမ္မတဖြစ်လာသည်အထိ လင်ကွန်း၏စိတ်ဝင်စားဖွယ် ဘ၀အစုံစုံကို ဖတ်ရှုရမည်ဖြစ်ပါ သည်။ သမ္မတလင်ကွန်းအကြောင်းနဲ့ သူ့မိသားစုအကြောင်းများသာမက ထိုခေတ်ထိုအခါက အမေရိကန်နိုင်ငံရေးပုံရိပ်များကိုပါ ထင်ဟပ်သည့် စာအုပ်ဖြစ်ပါသည်။

2,000ကျပ်  
မြန်မာ့နိုင်ငံရေးနှင့် ဆက်စပ်အတွေးများ
မြန်မာ့နိုင်ငံရေးနှင့် ဆက်စပ်အတွေးများ

သဘောထားကွဲလွဲမှုများစွာ ရှိခဲ့၊ ရှိဆဲဖြစ်သော မြန်မာ့နိုင်ငံရေးသမိုင်း ကို ပြန်ဆန်းစစ်လျင် တစ်ဖက်နှင့်တစ်ဖက် လက်ညိုးထိုးအပြစ်ရှာခြင်းနှင့် စတင်ခဲ့ကြသည်ကို တွေ့ရပါမည်။ ပဋိပက္ခများသည် ဆယ်စုနှစ်များစွာ ကြာမြင့်လာသည့်တိုင် ပြေလည်နိုင်ခြင်း မရှိပေ။ ကွဲပြားနေ သောအသင်း အဖွဲ့အုပ်စုများစွာသည် အချင်းချင်းအပြစ်ရှာနေခြင်းထက် အားလုံး အကျိုးရှိစေမည့်ပေါင်းစည်းစွမ်းအင်ရအောင် အရေးတကြီး အဖြေရှာဖို့ လိုအပ်နေချိန်ရောက်ပါပြီ။ သို့မှသာ ပြုပြင်ပြောင်းလဲမှုများကို ယုံကြည် စိတ်ချစွာ ဆောင်ရွက်နိုင်မည့်အကြောင်း တင်ပြထားပါသည်။ ထို့အပြင် နိုင်ငံရေးသမားနှင့် မီဒီယာတို့ ကျင့်ဝတ်သိက္ခာကိုယ်စီလိုက်နာကြခြင်းဖြင့် အများပြည်သူအကျိုးစီးပွားအတွက် ဆောင်ကြဉ်းပေးနိုင်မည် ဖြစ် ကြောင်းကို ဆက်စပ်တွေးခေါ်ထားသည့်စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။

2,500ကျပ်