Children
Picture Dictionary တူဒေးစာအုပ်တိုက်၏ ကလေးသူငယ်စာစဉ်အဖြစ် ထုတ်ဝေလျက်ရှိသော ဤစာအုပ်၌ ဝေါဟာရပေါင်းတစ်ထောင်.. 1,500ကျပ် |
ကမ္ဘာ့ အံ့ဖွယ် တိရစ္ဆာန်များ ကမ္ဘာအရပ်ရပ်မှ တိရစ္ဆာန် အမျိုးအစား အစုံအစုံတို့နှင့် ပတ်သက်သည့် စိတ်ဝင်စားဖွယ် .. 3,000ကျပ် |
ကလေးလူငယ်သုတ စွယ်စုံကျမ်း လူ့ခန္ဓာကိုယ်၊ သိပ္ပံပညာ၊ ဆေးဝါးများ၊ ကျွန်ုပ်တို့၏ ကမ္ဘာဂြိုဟ်နှင့်အခြားဂြိုလ်များ၊ ယုံတမ်းစကားနှင့် ဒဏ္ဍာရီများ .. 3,000ကျပ် |
ကာတွန်းဇာတ်ကောင်ရေးဆွဲနည်း တောပျော်လေးဘော်ဘော်၊ ဒိုးဒိုးရှန်း၊ ၀က်ဝံဖြူလေးဗုံလုံဗုံ၊ ဂြိုဟ်သားကလေး မောင်ခခွေး၊ မိပေါက် ဖိုးကောက်၊ ချစ်မွှေး၊ ပြာဂလောင် ပြာလချောင် စသော ကာတွန်းဇာတ်ကောင်လေးများ၏ပုံများကို အခြေခံမှစ၍ ရေးဆွဲပုံရေးဆွဲနည်းစာအုပ် ဖြစ်ပါသည်။ 1,000ကျပ် |
ဤကမ္ဘာမှ လဗိမာန်သို့ ယခင်သိပ္ပံပညာနှင့် ပတ်သက်၍ တီထွင်ကြံဆမှုများကို သိမြင်ရမည့်အပြင် သိပ္ပံပညာရှင်ကြီးတို့၏ လူသားဆန်သောစရိုက်များကိုလည်း သရုပ် ဖော်ထားသည့်စာအုပ် ဖြစ်သည်။ 700ကျပ် |
ဂြိုဟ်သားကလေးမောင်ခခွေး ရောင်စုံဆေးခြယ် ပလုတ်တုတ်ဇာတ်ကောင်တစ်ခုဖြစ်တဲ့ ဂြိုဟ်သားကလေးမောင်ခခွေး၏ ရုပ်ပုံကလေးများဖြင့် ချစ်ခင်နှစ်သက်သော ကလေးငယ်များ ပျော်ရွှင်စွာ အနုပညာစွမ်းရည်ကို ပြသစေလိုသော ရည်ရွယ်ချက်ဖြင့် စီစဉ်ထုတ်ဝေထားခြင်း ဖြစ်သည်။ 1,000ကျပ် |
July 2016 ပလုတ်တုတ် Journal 1 Year=18,000 Kyats 6 Month =9,000 Kyats Children Magazine for Age between 5 - 13 1,500ကျပ် |
August 2016 ပလုတ်တုတ် Journal 1 Year=18,000 Kyats 6 Month =9,000 Kyats Children Magazine for Age between 5 - 13 1,500ကျပ် |
မြန်မာ့ပွဲတော်မြန်မာရှုခင်း ရောင်စုံဆေးခြယ် ကလေးငယ်များ မြန်မာ့ယဉ်ကျေးမှုနှင့်ပတ်သက်သည့် အကြောင်းအချက်များကိုသိရှိနားလည်ပြီးမြန်မာ့ ရေမြေဒေသကိုချစ်မြတ်နိုးတတ်စေရန်နှင့် ပျာ်ပျော်ရွှင်ရွှင်ဆးရောင်ရေးခြယ်နိုင်ကြစေရန် ရည်ရွယ်ထုတ်ဝေထားသောစာအုပ်ဖြစ်ပါသည်။ 1,000ကျပ် |
ဒိုးဒိုးရှန်း ရောင်စုံဆေးခြယ် ဒိုးဒိုးရှန်းသည် စကြ၀ဠာထဲတွင် လှည့်လည်သွားလာနေသော သိပ္ပံဇာတ်ကောင်တစ်ကောင်ဖြစ်ပါသည်။ ကလေးများ သိပ္ပံဗဟုသုတများကို ရရှိစေလိုသော၊ မြင်ကွင်းဆန်းများကိုတွေ့ရမှာပါ။ 1,000ကျပ် |
ငပြည့် ငပြည့်သည် ရှေးခေတ်ကိုလည်းတူးဆွ၏။ မျက်မှောက်ခေတ်ကိုလည်း ကိုယ်စားပြု၏။ ငပြည့်သည် လတ်ဆတ်သောအတွေးကိုပေး၏။ ရွှင်သောစိတ်ကို ဖြစ်စေ၏။ ဆင်ခြင်မှုကိုလည်းဖော်ဆောင်၏။ 1,500ကျပ် |
တောပျော်လေးဘော်ဘော် ရောင်စုံဆေးခြယ် တောပျော်လေးဘော်ဘော် ရောင်စုံဆေးခြယ်ကို ပလုတ်တုတ်ကို ချစ်သော ကလေးငယ်များ အပန်းပြေစေရန်၊ အနုပညာအစွမ်းအစကို ဖော်ထုတ်နိုင်စေရန်နှင့် ရုပ်ပုံလေးများကို လှပအောင် ဆေးရောင် ခြယ်သကဲ့သို့ စွမ်းရည် ထက်မြက်သောလူသားများအဖြစ် လောကတစ်ခွင် အလှဆင်တတ် ကြစေရန်ဟူသော ရည်ရွယ်ချက်ဖြင့် ထုတ်ဝေသော ပါသည်။ 1,000ကျပ် |
ဝက်ဝံဖြူလေး ဗုံလုံဗုံ ရောင်စုံဆေးခြယ် ပလုတ်တုတ်ကလေးဂျာနယ်တွင် လစဉ်ပါဝင်သောပင်တိုင်ဇာတ်ကောင်ဗုံလုံဗုံနှင့်ပတ်သက်သည့် ချစ်စဖွယ်ရုပ်ပုံလေးများကို ရေးဆွဲဖွဲ့စည်းထားသာ ဆေးရောင်ခြယ်စာအုပ်ဖြစ်ပါသည်။ 1,000ကျပ် |
ရောင်စုံဆေးခြယ်စာ သင်မယ် (၁) ကျောင်းနေစအရွယ်ကလေးများသည် စာလုံးများကိုဖတ်ရသည်ထက် ပုံများကြည့်ရသည်ကို ပိုမိုနှစ်သက်ပြီး ထိုပုံများတွင် သူတို့ကိုယ်တိုင် ဆေးခြယ်မှုန်းရသည်ကို နှစ်ခြိုက်သည်။ 1,000ကျပ် |
ရောင်စုံဆေးခြယ် စာသင်မယ် (၂) ရုပ်ပုံများအား ဆေးရောင်ခြယ်နိုင်ကြမည့်အပြင် ဖော်ပြထားသော အရာဝတ္ထုများ၏ အင်္ဂလိပ် အခေါ်အဝေါ်များကိုလည်း ဖော်ထုတ်ထားပေးသဖြင့် ကလေးတို့၏ အင်္ဂလိပ်စာစွမ်းရည် တိုးတက်လာမည်ဖြစ်သည်။ 1,000ကျပ် |
ရောင်စုံခြယ်စဉ်စာလည်းသင် အင်္ဂလိပ်ဘာသာစကားအသုံးအနှုန်းကို ကလေးတို့ ကိုယ်ပိုင်ဉာဏ်ဖြင့်မှတ်မိစွဲထင်သွားနိုင်စေမည်ဖြစ်သည့်အပြင် မြန်မာ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာအရ မြင်တွေ့ရမြဲဖြစ်သည့် မြင်ကွင်းများ၊ ပုံရိပ်များ၊ အလေ့အထများကိုပါ ကလေးတို့ ရင်းနှီး ကျွမ်းဝင်စေမည့် စာအုပ်ဖြစ်ပါသည်။ 1,000ကျပ် |
နိုင်ငံတကာအထင်ကရနေရာများ ရောင်စုံဆေးခြယ် ကာတွန်းရုပ်ပုံကလေးများ ရေးဆွဲခြင်း၊ ရုပ်ပုံကလေးများကို ရောင်စုံဆေးများဖြင့် ခြယ်သခြင်းတို့ကို ကလေးတိုင်းနီးပါး ပြုလုပ်လေ့ရှိပါသည်။ ယခုထုတ်ဝေလိုက်သော စာအုပ်သည်လည်း ကလေးများ မိမိတို့နှစ်သက်ရာ ဆေးရောင်များဖြင့် ခြယ်သနိုင်မည့်စာအုပ်တစ်အုပ် ဖြစ်ပါသည်။ စာအုပ်၏ထူးခြားချက်မှာ ကမ္ဘာ့နိုင်ငံအသီးသီးရှိ အထင်ကရနေရာများကို ရေးဆွဲပုံဖော်ပေးထားခြင်းဖြစ်သည်။ အီဂျစ်၏ ပိရမစ်၊ ကမ္ဘောဒီးယား၏ အန်ကောဝပ်ဘုရားကျောင်း၊ တရုတ်၏ မဟာတံတိုင်း၊ အီတလီ၏ ဗင်းနစ်မြို့၊ ပြင်သစ်၏ အီဖယ်မျှော်စင်၊ အင်ဒိုနီးရှား၏ ဘာလီကျွန်း၊ အမေရိကန်၏ လေဘာတီရုပ်တု အစရှိသော အထင်ကရနေရာ၊ အထင်ကရသင်္ကေတများကို ဗဟုသုတဖြစ်ဖွယ် မြင်တွေ့သိရှိရမည့်အပြင် ထိုရုပ်ပုံများကို နှစ်သက်ရာ ဆေးရောင်များဖြင့် ခြယ်သပြီး ကလေးများ၏အနုပညာစွမ်းရည်ကိုပါ ထုတ်ဖော်ပြသနိုင်မည့် စာအုပ်တစ်အုပ်ဖြစ်ပါသည်။ 1,000ကျပ် |
ရွှေဘဲနှင့် ဝက်ထော ရောင်စုံဆေးခြယ် ရွှေဘဲနှင့် ၀က်ထောသည် ပလုတ်တုတ်ကလေးဂျာနယ်၏ ပင်တိုင်ဇာတ်ကောင်ကလေးများ ဖြစ်ကြပါသည်။ ဤစာအုပ်မှာ ရွှေဘဲနှင့် ၀က်ထောတို့၏ နှစ်သက်စရာရုပ်ပုံကလေးများကို ရေးဆွဲပုံဖော်ပေးထားခြင်း ဖြစ်သည်။ အပျော်ခရီးထွက်ပုံ၊ သီတင်းကျွတ်မီးထွန်းပွဲတော်ပုံ၊ မီးခွက်စောင့်ဘီလူး ဖန်တီးပေးလိုက်သော ကော်ဇောပျံစီးနေပုံ၊ တန်ဆောင်တိုင်မီးထွန်းပွဲတော်ပုံ၊ စက်ဘီးစီးပြီး ရေခဲမုန့်စားနေပုံ၊ ဆင်ကနှင့် ပျော်မြူးနေပုံ၊ သင်္ကြန်ရေကစားနေပုံ၊ ပန်းပွင့်လေးတွေ ဆေးရောင်ခြယ်နေပုံ၊ စန္ဒရားတီးပြီး သီချင်းဆိုနေပုံ၊ အစရှိသော ပျော်ရွှင်စရာပုံရိပ်များနှင့် မြန်မာတို့၏ ချစ်စရာရိုးရာဓလေ့မြင်ကွင်းများကို ကလေးတို့အတွက် ဗဟုသုတဖြစ်ဖွယ် မြင်တွေ့သိရှိနိုင်ပါသည်။ ရွှေဘဲနှင့် ၀က်ထောတို့၏ ချစ်စရာပုံရိပ်များကို ပျော်ပျော်ရွှင်ရွှင် ဆေးရောင်ခြယ်သရင်း ကလေးတို့၏ အနုပညာစွမ်းရည်ကို ဖော်ထုတ်ပြသနိုင်သည့် စာအုပ်တစ်အုပ်ဖြစ်ပါသည်။ 1,000ကျပ် |
နိုင်ငံတကာနှင့် ရိုးရာကစားနည်းများ ရောင်စုံဆေးခြယ် ကစားခြင်းဆိုသည်မှာ ကလေးတို့နှင့် ရင်းနှီးဆက်စပ်နေသော အကြောင်းတစ်ခုဖြစ်သည်။ ကလေးတို့ နှစ်နှစ်၊ သုံးနှစ် အရွယ်မှစ၍ မူလတန်း၊ အလယ်တန်း၊ ရောက်သည့်တိုင်အောင် ကစားကြသည်ကို တွေ့ကြရပါမည်။ အသက်အရွယ်အလိုက် ကစားနည်းအမျိုးမျိုး ကစားကြသည်။ ယခုထုတ်ဝေလိုက်သော ဆေးရောင်ခြယ်စာအုပ်တွင် အသက်ငယ်ရွယ်စဉ် ကစားနိုင်သော ကစားနည်းအပါအ၀င် အသက်အရွယ်မရွေး ကစားနိုင်သော ကစားနည်းမျိုးစုံ ပါဝင်သည်။ ဆေးရောင်လှလှလည်းခြယ်ရင်း မြန်မာနိုင်ငံရှိ ကစားနည်းများအပါအ၀င် နိုင်ငံတကာကစားနည်းများကိုလည်း တွေ့ရမည်ဖြစ်သည်။ ဤစာအုပ်တွင် မြန်မာ့ရိုးရာကစားနည်းများဖြစ်သော ညောင်ပင်တစ္ဆေ၊ ကြိုးခုန်၊ ခြင်းခတ်၊ လိပ်ဥဖွက်၊ ရေအိုးရွက် စသည်တို့အပါအ၀င် နိုင်ငံတကာကစားနည်းများဖြစ်သော ဘောလုံး၊ ရေကူး၊ စက်ဘီးစီး စသည့် ကစားနည်းများလည်း ပါဝင်သည်။ ကလေးများ ထိုရုပ်ပုံများကိုကြည့်၍ နှစ်သက်သလို ဆေးရောင်ခြယ်သပြီး ကလေးတို့၏ အနုပညာစွမ်းရည်ကို ဖော်ထုတ်ပြသနိုင်သည့် စာအုပ်တစ်အုပ် ဖြစ်ပါသည်။ 1,000ကျပ် |
နိုင်ငံတကာနှင့် တိုင်းရင်းသားလူမျိုးများ ရောင်စုံဆေးခြယ် ကမ္ဘာပေါ်တွင် နိုင်ငံပေါင်းမြောက်မြားစွာနှင့် လူမျိုးပေါင်းများစွာရှိသလို၊ မြန်မာနိုင်ငံတွင်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ လူမျိုးပေါင်းများစွာ မှီတင်းနေထိုင်ကြပါသည်။ ထို့ကြောင့် ကလေးငယ်များအတွက် နိုင်ငံတကာနှင့် မြန်မာနိုင်ငံရှိလူမျိုးစုများကို သိရှိစေရန် ၄င်းတို့၏ရိုးရာဝတ်စားဆင်ယင်မှုနှင့် ဓလေ့စရိုက်များကို လေ့လာနိုင်ရန် ကလေးငယ်များ စဉ်းစားဉာဏ်ရင့်သန်ပြီး၊ ပျော်ရွှင်သွက်လက်စေရန် ဖြစ်ပါသည်။ ယခုစာအုပ်တွင် နိုင်ငံတကာလူမျိုးများဖြစ်သည့် ထိုင်းလူမျိုး၊ တရုတ်လူမျိုး၊ ဂျပန်လူမျိုး၊ ရက်(ဒ်) အင်ဒီယန်းလူမျိုးများ အပါအ၀င် အခြားသောလူမျိုးများနှင့် မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော ကချင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသားလူမျိုးများကို ဖော်ပြထားပါသည်။ ကလေးငယ်များ နှစ်သက်ရာဆေးရောင် ရွေးပြီး ရေးခြယ်နိုင်သည့် စာအုပ်တစ်အုပ် ဖြစ်ပါသည်။ 1,000ကျပ် |
ကုန်းသတ္တဝါရေးဆွဲနည်း တူဒေးစာအုပ်တိုက်အနေဖြင့် ရောင်စုံဆေးခြယ်နှင့် ရေးဆွဲနည်း စာအုပ်များကို အစဉ်တစိုက် ထုတ်ဝေလျက်ရှိပါသည်။ ယခုလည်း ကလေးငယ်များအတွက် ရည်ရွယ်ပြီး ကုန်းနေ၊ ရေနေသတ္တ၀ါများနှင့် ပတ်သက်သော ရေးဆွဲနည်းစာအုပ်နှစ်အုပ်ကို ထပ်မံထုတ်ဝေလိုက်ပါသည်။ ထိုစာအုပ်နှစ်အုပ်တွင် ကလေးငယ်များ သိရှိမြင်တွေ့ဖူးသည့် တိရစ္ဆာန်ရေးဆွဲနည်းများအပြင် မမြင်ဖူး၊ မသိဖူးသည့် တိရစ္ဆာန်ရုပ်ပုံကလေးများ ရေးဆွဲနည်းကိုပါ အမြောက်အမြား ဖော်ပြထားပါသည်။ တစ်နည်းအားဖြင့် ဂေါရီလာမျောက်ဝံကြီး၊ ကုလားအုတ်၊ ကြံ့သူတော်၊ သင်းခွေချပ်၊ ရေနတ်သမီး (ခ) ငါးခြင်္သေ့၊ ငါး လိပ်ပြာ၊ သရဖူဆောင်းကြယ်ငါး၊ ငါးသလောက်ယောက်ဖ အစရှိသည့် သတ္တ၀ါကလေးများ၏ရုပ်ပုံကို မည်သို့မည်ပုံ ရေးဆွဲရမည့်အကြောင်း တစ်ဆင့်ချင်းလမ်းညွှန်ဖော်ပြထားသည့် ကလေးတို့၏ အဖော်မွန်စာအုပ်တစ်အုပ် ဖြစ်ပါသည်။ 1,000ကျပ် |
ရေသတ္တဝါရေးဆွဲနည်း တူဒေးစာအုပ်တိုက်အနေဖြင့် ရောင်စုံဆေးခြယ်နှင့် ရေးဆွဲနည်း စာအုပ်များကို အစဉ်တစိုက် ထုတ်ဝေလျက်ရှိပါသည်။ ယခုလည်း ကလေးငယ်များအတွက် ရည်ရွယ်ပြီး ကုန်းနေ၊ ရေနေသတ္တ၀ါများနှင့် ပတ်သက်သော ရေးဆွဲနည်းစာအုပ်နှစ်အုပ်ကို ထပ်မံထုတ်ဝေလိုက်ပါသည်။ ထိုစာအုပ်နှစ်အုပ်တွင် ကလေးငယ်များ သိရှိမြင်တွေ့ဖူးသည့် တိရစ္ဆာန်ရေးဆွဲနည်းများအပြင် မမြင်ဖူး၊ မသိဖူးသည့် တိရစ္ဆာန်ရုပ်ပုံကလေးများ ရေးဆွဲနည်းကိုပါ အမြောက်အမြား ဖော်ပြထားပါသည်။ တစ်နည်းအားဖြင့် ဂေါရီလာမျောက်ဝံကြီး၊ ကုလားအုတ်၊ ကြံ့သူတော်၊ သင်းခွေချပ်၊ ရေနတ်သမီး (ခ) ငါးခြင်္သေ့၊ ငါး လိပ်ပြာ၊ သရဖူဆောင်းကြယ်ငါး၊ ငါးသလောက်ယောက်ဖ အစရှိသည့် သတ္တ၀ါကလေးများ၏ရုပ်ပုံကို မည်သို့မည်ပုံ ရေးဆွဲရမည့်အကြောင်း တစ်ဆင့်ချင်းလမ်းညွှန်ဖော်ပြထားသည့် ကလေးတို့၏ အဖော်မွန်စာအုပ်တစ်အုပ် ဖြစ်ပါသည်။ 1,000ကျပ် |
ကလေးများတွင်ဖြစ်တတ်သော စိတ်အစွဲအလမ်းကြီးမှု၏ နောက်ဆက်တွဲ စိတ်ကစဥ့်ကလျားရောဂါ ပြဿ နာ ဤစာအုပ်သည် Josiane Cobert MD ၏ 100 Questions & Answers Abouts Your Child’s Obsessive Compulsive စာအုပ်ကို ဒေါက်တာမာမာဆွေက ဘာသာပြန်ထားသော စာအုပ်ဖြစ်ပါသည်။ ကလေးသူငယ် များတွင် ဖြစ်တတ်သော စိတ်ကစဥ့်ကလျားရောဂါကြောင်း၊ ရောဂါရှာဖွေပုံ၊ ဆေးကုသရေး၊ ရောဂါတိုး တက်မှုဆုတ်ယုတ်မှုဖြစ်စဉ်နှင့် လက်ရှိကြိုးပမ်းဆဲ စမ်းသပ်မှုများအကြောင်းကို စုံလင်စွာတင်ပြထားပါသည်။ မေးခွန်းနှင့်အဖြေ စုစုပေါင်းတစ်ရာကို စိတ်ကစဥ့်ကလျားရောဂါ၏ အခြေခံအချက်အလက်များ၊ ရောဂါ သတ်မှတ်ခြင်း၊ ဆေးဝါးကုသမှုနှင့် လက်ခံယုံကြည်မှုအခြေအနေများ၊ ဆေးဝါးမသုံးဘဲ ကုသနည်း အကြောင်း၊ ဆေးဝါးသုံးစွဲ၍ ဆေးကုသခြင်းကဏ္ဍနှင့် မိသားစု၊ ကျောင်းနှင့် ညီအစ်ကိုမောင်နှမများဟူ၍ အပိုင်းခြောက် ပိုင်းခွဲကာ ရောဂါအကြောင်း ကို ဆရာဝန်၊ ဆရာမ စသော ကျန်းမာရေးစောင့်ရှောက်သူများ၊ ကလေးထိန်း တာဝန်ထမ်းဆောင်ပေးသူများနှင့် အမေးအဖြေပုံစံဖြင့် ဆွေးနွေးတင်ပြထားသောကြောင့် အကြောင်းအရာမှာ များစွာစုံလင်ပါသည်။ သားသမီးများထဲတွင် စိတ်ကစဥ့်ကလျားရောဂါရှိ နေပါက မိဘများအတွက်သာမက မိသားစုအတွက်ပါ စိတ်ထိခိုက်စရာ၊ ပြဿနာများ ကြုံတွေ့ရတတ်ပါသည်။ ထို့ကြောင့် မိမိတို့၏ သားသမီးများကို အရိပ်တကြည့်ကြည့်ဖြင့် ပြုစုစောင့်ရှောက်သော မိဘများအနေဖြင့် မိမိတို့သားသမီးများ၏ အမူအရာ၊ အကျင့်လက္ခဏာများသည် ပုံမှန်လား၊ စိတ်ကစဥ့်ကလျားရောဂါ၊ စိတ်အစွဲ လမ်းကြီးရောဂါခံစားနေရ သောလက္ခဏာလား စသည်ဖြင့် ခွဲခြားသိရှိနိုင်ရန်၊ ကျန်းမာရေးဗဟုသုတရရှိရန် များစွာအထောက်အကူပြုနိုင် မည့်စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။ 2,000ကျပ် |
တက္ကသိုလ် မလေးခိုင် နှင်းဆီပန်းထဲကနတ်သူငယ်လေးနှင့်အခြားပုံပြင်များ အစဉ်အဆက်က ပြောလာသောအဖြစ်အပျက်၊ ဇာတ်ကြောင်း ကို 'ပုံပြင်' ဟု မြန်မာအဘိဓာန်တွင် ဖွင့်ဆိုထားသည်။ ကလေးသူငယ် များအား ပုံပြောပြခြင်းကို လူကြီးသူမများက ဓလေ့တစ်ခုလို လုပ် ဆောင်ခဲ့ကြသည်။ ပုံပြင်များစွာကို တစ်နိုင်ငံမှတစ်နိုင်ငံ၊ တစ်နယ်မှ တစ်နယ်၊ တစ်ဦးမှတစ်ဦးသို့ အသီးသီးနှုတ်ဆင့်ကမ်းခဲ့ကြသည်။ ကလေးတိုင်းလိုလို အိပ်ရာဝင်ပုံပြင်များကို နားထောင်ရင်း ကြီးပြင်း လာကြရသည်။ လူကြီးမိဘတို့က အသိအလိမ္မာ၊ ဗဟုသုတများဖြင့် ထုံမွှမ်းထားသောပုံပြင်များကို ကလေးသူငယ်၏နားထဲမှတစ်ဆင့် နှလုံးသားထဲထိရောက် အောင် ပြောပြပြီး လူကောင်းလူတော်များဖြစ်အောင် ပြုစုပျိုးထောင်ကြလေ့ရှိသည်။ ထို့ကြောင့် ပုံပြင်၏အာနိသင်မှာ အင်မတန်တာသွား၊ ထိရောက်သည်ဟု ဆိုရပေမည်။ ယခုထုတ်ဝေလိုက်သည့် တက္ကသိုလ် မလေးခိုင်၏ နှင်းဆီပန်းထဲက နတ်သူငယ်လေးနှင့် အခြားပုံပြင်များ စာအုပ်မှာလည်း မိမိတို့သားသမီးများကို လိမ္မာယဉ်ကျေးသည့် သားကောင်းသမီးမွန်များ ဖြစ်စေချင်သည့် မိဘများ၊ အသိအလိမ္မာကို စာပေထဲမှ ကိုယ် တိုင်ရှာဖွေဖတ်ရှုချင်သည့် ကလေးများအတွက် များစွာအထောက်အကူပြုမည့်စာအုပ် ကောင်းတစ်အုပ်ဖြစ်ပါကြောင်း ညွှန်းဆိုလိုက်ပါသည်။ 4,000ကျပ် |
ရုပ်ပုံပဟေဠိ ကလေးများအတွက် ရုပ်ပုံပဟေဠိ စာအုပ်သည် ကလေးများ၏ ဥာဏ်ပညာ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ပန်းချီရုပ်ပုံလေး များမှ တဆင့် အနုပညာအား ချစ်မြတ်နိုးစိတ် ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ထုတ်ဝေထားသော စာအုပ်ဖြစ်ပါသည် 1,500ကျပ် |
Showing 1 to 25 of 25 (1 Pages)