Shopping Cart
0 items
 
Bestselling Products
ရုံးသုံးမြန်မာစာရေးသားနည်း ရုံးသုံးမြန်မာစာရေးသားနည်း
1,000ကျပ်  
အချိန်ကိုအကျိုးရှိရှိစီမံခန့်        ခွဲနည်း ၂၆၂ သွယ်    အချိန်ကိုအကျိုးရှိရှိစီမံခန့်        ခွဲနည်း ၂၆၂ သွယ်   
1,500ကျပ်  
စီမံခန့်ခွဲမှု လျှို့ဝှက်ချက်များ စီမံခန့်ခွဲမှု လျှို့ဝှက်ချက်များ
2,000ကျပ်  
ညှိနှိုင်းဆွေးနွေးမှု တတ်ပညာ ညှိနှိုင်းဆွေးနွေးမှု တတ်ပညာ
1,500ကျပ်  
ကိုယ်ကျင့်တရား ကိုယ်ကျင့်တရား
2,000ကျပ်  
ရွှေမိုး ငွေမိုးရွာစေသူတို့၏ လျှို့ဝှက်ချက်များ ရွှေမိုး ငွေမိုးရွာစေသူတို့၏ လျှို့ဝှက်ချက်များ
2,500ကျပ်  
အာရှမူသစ်သုံး CEO ၏အောင်မြင်သော စီးပွားရေး စီမံခန့်ခွဲမူ နည်းသစ်များ အာရှမူသစ်သုံး CEO ၏အောင်မြင်သော စီးပွားရေး စီမံခန့်ခွဲမူ နည်းသစ်များ
2,000ကျပ်  
ဖအေနှစ်ဦးသင်ပေးတဲ့ ဆင်းရဲနည်း၊ ချမ်းသာနည်း ဖအေနှစ်ဦးသင်ပေးတဲ့ ဆင်းရဲနည်း၊ ချမ်းသာနည်း
2,000ကျပ်  
ထိပ်တန်းသို့ အံ့မခန်း လှမ်းတက်ခဲ့သူ JEREMY LIN ထိပ်တန်းသို့ အံ့မခန်း လှမ်းတက်ခဲ့သူ JEREMY LIN
3,000ကျပ်  
ဆရာဇော်ဂျီမွေးနေ့ရာပြည့် အထိမ်းအမှတ် စာတမ်းများ ဆရာဇော်ဂျီမွေးနေ့ရာပြည့် အထိမ်းအမှတ် စာတမ်းများ
1,800ကျပ်  
ငြင်းဆိုခြင်းသည်      အပြစ်မဟုတ်ပါ     ငြင်းဆိုခြင်းသည်      အပြစ်မဟုတ်ပါ    
1,000ကျပ်  
Presenting Myanmar Presenting Myanmar
1,500ကျပ်  
အံ့ဖွယ်တိုက်ဆိုင်မှု ဖြစ်ရပ်မှန် ဇာတ်လမ်းတိုများ (၁) အံ့ဖွယ်တိုက်ဆိုင်မှု ဖြစ်ရပ်မှန် ဇာတ်လမ်းတိုများ (၁)
2,500ကျပ်  
1 out of 5 Stars!
ကာတွန်းဇာတ်ကောင်ရေးဆွဲနည်း ကာတွန်းဇာတ်ကောင်ရေးဆွဲနည်း
1,000ကျပ်  
ရေချိုအလှမွေးငါးမွေးမြူခြင်း   နှင့်မျိုးပွားခြင်းလက်စွဲ    ရေချိုအလှမွေးငါးမွေးမြူခြင်း   နှင့်မျိုးပွားခြင်းလက်စွဲ   
3,000ကျပ်  
 

Health

Health

ကင်ဆာကုထုံး
ကင်ဆာကုထုံး
ကင်ဆာဆိုသည်မှာ ကြန်အင်လက္ခဏာအားဖြင့် တူညီသောကွဲပြားခြားနားသည့် ရောဂါပေါင်းတစ်ရာကျော်ကို ဖွင့်ဆိုရှင်းလင်းပြရာမှာ သုံးလေ့ရှိသောဝေါဟာရ ဖြစ်ပါသည်။ ဆဲလ်တစ်ခုခု ပုံစံရော လုပ်ငန်းစဉ်ပါ ပြောင်းလာရာက ကင်ဆာ စပါသည်။
3,000ကျပ်  
သားအိမ်ကင်ဆာ မေး-ဖြေ ၁၀၀
သားအိမ်ကင်ဆာ မေး-ဖြေ ၁၀၀
သားအိမ်ကင်ဆာဟာ အမျိုးသမီးတိုင်း စိုးရိမ်နေရတဲ့ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ သားအိမ်ကင်ဆာ အစပျိုးနေသူ၊ ကုသမှုခံယူနေသူ၊ ကုသပြီးနောက်ဆက်တွဲ စောင့်ကြည့်နေသူအားလုံးရဲ့အားထားစရာ၊ အားကိုးစရာဖြစ်ဖို့ ရည်ရွယ်ထုတ်ဝေလိုက်တဲ့ စာအုပ်ဖြစ်ပါတယ်။ ကင်ဆာဟာ ရောဂါတစ်ခုသာဖြစ်ပြီး သေစားသေစေပြစ်ဒဏ်မဟုတ်ကြောင်း သိထားဖို့ ပိုအရေးကြီးပါတယ်။ သားအိမ်ကင်ဆာကုသနည်း အမျိုးမျိုးရှိပါတယ်။ အလုံးအကျိတ်ခွဲထုတ်ခြင်း၊ ပျံ့နှံ့မှုမဖြစ်အောင် ကုသခြင်း၊ ဓာတ်ရောင်ခြည်နဲ့ ဓာတ်ကင်ခြင်းစသဖြင့် သားအိမ်ကင်ဆာအမျိုးမျိုး ခံစားနေရတဲ့ အမျိုးသမီးတွေအတွက် သားအိမ်ဆိုင်ရာ အမေး-အဖြေ ၁၀၀ စာအုပ်ကို အခန်း ၉ ခန်းနဲ့ ဆွေးနွေးထားပြီး အမျိုးသမီးတွေအတွက် သားအိမ်ကင်ဆာဆိုင်ရာ ကျန်းမာရေးဗဟုသုတတွေနဲ့ တခြားဆက်နွှယ်နေတဲ့ရောဂါဝေဒနာတွေရဲ့ သဘောသဘာဝ၊ လက္ခဏာတွေကိုလည်း ထည့်သွင်းရေးသားထားတဲ့စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။
2,000ကျပ်  
ကလေးများတွင်ဖြစ်တတ်သော စိတ်အစွဲအလမ်းကြီးမှု၏ နောက်ဆက်တွဲ စိတ်ကစဥ့်ကလျားရောဂါ ပြဿ     နာ
ကလေးများတွင်ဖြစ်တတ်သော စိတ်အစွဲအလမ်းကြီးမှု၏ နောက်ဆက်တွဲ စိတ်ကစဥ့်ကလျားရောဂါ ပြဿ နာ
ဤစာအုပ်သည် Josiane Cobert MD ၏ 100 Questions & Answers Abouts Your Child’s Obsessive Compulsive စာအုပ်ကို ဒေါက်တာမာမာဆွေက ဘာသာပြန်ထားသော စာအုပ်ဖြစ်ပါသည်။ ကလေးသူငယ် များတွင် ဖြစ်တတ်သော စိတ်ကစဥ့်ကလျားရောဂါကြောင်း၊ ရောဂါရှာဖွေပုံ၊ ဆေးကုသရေး၊ ရောဂါတိုး တက်မှုဆုတ်ယုတ်မှုဖြစ်စဉ်နှင့် လက်ရှိကြိုးပမ်းဆဲ စမ်းသပ်မှုများအကြောင်းကို စုံလင်စွာတင်ပြထားပါသည်။ မေးခွန်းနှင့်အဖြေ စုစုပေါင်းတစ်ရာကို စိတ်ကစဥ့်ကလျားရောဂါ၏ အခြေခံအချက်အလက်များ၊ ရောဂါ သတ်မှတ်ခြင်း၊ ဆေးဝါးကုသမှုနှင့် လက်ခံယုံကြည်မှုအခြေအနေများ၊ ဆေးဝါးမသုံးဘဲ ကုသနည်း အကြောင်း၊ ဆေးဝါးသုံးစွဲ၍ ဆေးကုသခြင်းကဏ္ဍနှင့် မိသားစု၊ ကျောင်းနှင့် ညီအစ်ကိုမောင်နှမများဟူ၍ အပိုင်းခြောက် ပိုင်းခွဲကာ ရောဂါအကြောင်း ကို ဆရာဝန်၊ ဆရာမ စသော ကျန်းမာရေးစောင့်ရှောက်သူများ၊ ကလေးထိန်း တာဝန်ထမ်းဆောင်ပေးသူများနှင့် အမေးအဖြေပုံစံဖြင့် ဆွေးနွေးတင်ပြထားသောကြောင့် အကြောင်းအရာမှာ များစွာစုံလင်ပါသည်။ သားသမီးများထဲတွင် စိတ်ကစဥ့်ကလျားရောဂါရှိ နေပါက မိဘများအတွက်သာမက မိသားစုအတွက်ပါ စိတ်ထိခိုက်စရာ၊ ပြဿနာများ ကြုံတွေ့ရတတ်ပါသည်။ ထို့ကြောင့် မိမိတို့၏ သားသမီးများကို အရိပ်တကြည့်ကြည့်ဖြင့် ပြုစုစောင့်ရှောက်သော မိဘများအနေဖြင့် မိမိတို့သားသမီးများ၏ အမူအရာ၊ အကျင့်လက္ခဏာများသည် ပုံမှန်လား၊ စိတ်ကစဥ့်ကလျားရောဂါ၊ စိတ်အစွဲ လမ်းကြီးရောဂါခံစားနေရ သောလက္ခဏာလား စသည်ဖြင့် ခွဲခြားသိရှိနိုင်ရန်၊ ကျန်းမာရေးဗဟုသုတရရှိရန် များစွာအထောက်အကူပြုနိုင် မည့်စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။
2,000ကျပ်  
အသည်းကင်ဆာ မေး-ဖြေ ၁၀၀
အသည်းကင်ဆာ မေး-ဖြေ ၁၀၀
Ghassan K Abou-Alfa နှင့် Ronald P DeMatteo တို့၏ Liver Cencer စာအုပ်ကို ဆရာမဒေါက်တာ ညိုမီခိုင်သန်းလှိုင် ဘာသာပြန်ထားသော ဤစာအုပ်သည် အသည်းကင်ဆာအကြောင်းကို ပြည့်ပြည့်စုံစုံ တင်ပြ ထားသည်။ အသည်းကင်ဆာဆိုသည်မှာဘာလဲ၊ အသည်းကင်ဆာ အမျိုးမျိုးရှိသလား၊ ဘယ်သူတွေ အသည်း ကင်ဆာဖြစ်နိုင်သလဲ၊ အသည်း ကင်ဆာ၏ ရောဂါလက္ခဏာများမှာ ဘာလဲ၊ အသည်းကင်ဆာ၏လက်ရှိ ကုထုံးများသည်ဘာလဲ စသည်ဖြင့် အမေးအဖြေပုံစံ မေးခွန်းပေါင်းတစ်ရာကို အပိုင်းကိုးပိုင်းခွဲကာ တင်ပြထားပါ သည်။ အသည်း၊ အသည်း ကင်ဆာနှင့် ပတ်သက်သော အခြေခံအချက်အလက်များ၊ အသည်း ပျက်စီး လာခြင်းနှင့် အသည်းကင်ဆာဖြစ်ခြင်းတို့ကို ဖြစ်စေသော၊ ထောက်ပံ့ကူညီသောအကြောင်းတရားများ၊ အသည်း ကင်ဆာနှင့် ဘယ်လိုနေထိုင်မလဲ၊ အသည်းကင်ဆာကုထုံးအမျိုးမျိုးအကြောင်းများကို ဖော်ပြထားသည်။ ထို့ ကြောင့် ဤစာအုပ်အသည်းကင်ဆာနှင့် အသည်းကင်ဆာကြောင့် ဖြစ်ပေါ်တတ်သောရောဂါ လက္ခဏာများ အားလုံးကို ပြည့်စုံစွာဖော်ပြပါရှိသောကြောင့် အသည်းကင်ဆာလူနာများ၊ သူတို့၏မိသားစုဝင်များနှင့် ချစ်ခင်ရ သောမိတ်ဆွေများအားလုံးအတွက် များစွာအထောက်အကူပြုနိုင်သော စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။
2,000ကျပ်  
သက်ရှည်ကျန်းမာနေလိုငြား လိုရင်းတိုရှင်း နည်းလမ်းများ
သက်ရှည်ကျန်းမာနေလိုငြား လိုရင်းတိုရှင်း နည်းလမ်းများ
ကင်ဆာဆရာဝန်၊ သုတေသနဆရာဝန် Dr. David B.Agus ၏ A Short Guide to a Long Life စာအုပ် ကို ဒေါက်တာမာမာဆွေက ဘာသာပြန် ထားပါသည်။ လူတိုင်းလူတိုင်း နေ့စဉ်ဘ၀ရှင်သန်ရေးအတွက်၊ ကျန်းမာ ပျော်ရွှင်စွာ အသက်ရှည်ရှည်နေထိုင်နိုင်ရေးအတွက် လက်တွေ့ကျသည့် လိုက်နာရန်အချက်အလက်များကို ရေးသားပြုစုထားသောစာအုပ်ဖြစ်ပါ သည်။ ဘာလုပ်ရမလဲ၊ ဘာတွေမလုပ်ရဘူးလဲ၊ ဆရာဝန်ñွှန်ကြားချက်များ ဟူ၍ အပိုင်းသုံးပိုင်းခွဲထားပါသည်။ ဘာလုပ်ရမလဲတွင် အကောင်းဆုံး ကျန်းမာရေးအဆင့်ရှိစေရန် လုပ်ဆောင်ရမည့်အကြောင်းအချက်နည်းလမ်း များ ပါဝင်ပါသည်။ ဘာတွေကို မလုပ်ရဘူးလဲတွင် ကိုယ့်အတွက် အန္တရာယ် ဖြစ်စေမည့်အရာများနှင့် ဝေးဝေးနေရန် စည်းကမ်းချက်များကို ဖော်ပြ ထားပါသည်။ အပြုအမူ၊ အနေအထိုင်၊ အစားအစာ၊ ကိုယ့်ကျန်းမာရေး အခြေအနေအလိုက် ကောက်ချက်ချနိုင်စေရန် လက်ရှိအခြေအနေများနှင့် နှိုင်းယှဉ်ဖော်ပြထား ပါသည်။ ဆရာဝန်ñွှန်ကြားချက်များတွင် အသက်အရွယ်အလိုက် ñွှန်ကြားချက်များကို ခွဲခြား တင်ပြထားပါသည်။ ဘ၀တစ်လျောက်လုံးသက်ရှည်ကျန်းမာပြီး ပျော်ရွှင်စွာနေထိုင်နိုင်ရေး အတွက် များစွာအထောက်အကူပြုနိုင်မည့်စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။
3,000ကျပ်  
နှလုံးအားပြတ်ခြင်းဆိုသည်မှာ မေး-ဖြေ ၁၀၀
နှလုံးအားပြတ်ခြင်းဆိုသည်မှာ မေး-ဖြေ ၁၀၀
နှလုံးရောဂါသည် ကမ္ဘာပေါ်တွင် အဖြစ်အများဆုံးနှင့် အသက်သေဆုံးမှု မြင့်မားသောရောဂါတစ်ခုဖြစ်ရာ နှလုံးရောဂါအကြောင်း လူတိုင်း သိသင့်ပေသည်။ ဤစာအုပ်တွင် လူ့ခန္ဓာကိုယ်တွင် နှလုံး၏အရေးပါပုံ၊ နှလုံး အလုပ်လုပ်ပုံများနှင့် နှလုံးတွင် ဖြစ်တတ်သော၊ နှလုံးနှင့် ပတ်သက်၍ ဖြစ်တတ်သော ရောဂါများအကြောင်းကို မေး-ဖြေပုံစံဖြင့် ရေးသားထားသည်။ နှလုံးအားပြတ်ခြင်းဆိုသည်မှာ ဘာလဲ၊ ဘာကြောင့် နှလုံးရောဂါ ဖြစ်ရသလဲ၊ ရောဂါဖြစ်လျင် မည်သို့ပြုစုစောင့်ရှောက်ပြီး မည်သို့သော ဆေးဝါးများ၊ ကုသနည်းများကို အသုံးပြုကြသလဲ ... စသည့် နှလုံးရောဂါအကြောင်း၊ နှလုံးအားပြတ်ခြင်းအကြောင်းများအပြင် နှလုံးညှစ် အားနည်းရောဂါ၊ နှလုံးအဆို့ရှင်တွင် ဖြစ်တတ်သောရောဂါများ အကြောင်းကို ပြည့်စုံစွာရေးသားဖော်ပြထားပါသည်။ ထို့ကြောင့် ဤစာအုပ်သည် နှလုံးနှင့်ပတ် သက်သောရောဂါဝေဒနာတစ်ခုခု ခံစားနေရသူများ၊ နှလုံးနှင့်ပတ်သက်သောရောဂါများ၊ ဆေးဝါးများ၊ ကုသမှုနည်းလမ်းများ အကြောင်းကို သိရှိလိုသူများအတွက် အသုံးဝင်မည့်စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါသည်။
3,000ကျပ်  
ဦးနှောက်ကင်ဆာ မေး-ဖြေ ၁၀၀
ဦးနှောက်ကင်ဆာ မေး-ဖြေ ၁၀၀
Dr Virginia Stark Vance-M.D နှင့် M.L.Dubay တို့ တွဲဖက်ရေးသားထား သော 100 Questions & Answers About Brain Tumors စာအုပ်ကို ဒေါက်တာမြင့်သန်းက ဘာသာပြန်ထားသောစာအုပ် ဖြစ်ပါသည်။ စိတ် ကစဥ့်ကလျားရောဂါ၏ အခြေခံအချက်အလက်များ အပါအ၀င် ဦးနှောက် ကင်ဆာ၏ရောဂါလက္ခဏာများ၊ ဦးနှောက်ကင်ဆာရောဂါ စတင်ဖြစ် ပွားပုံ၊ ရောဂါရှာဖွေသိရှိမှုနှင့် ရောဂါဗေဒ၊ ဓာတ်ရောင်ခြည်ကုထုံးနှင့် အခြားကုသနည်းများ၊ ဦးနှောက်ကင်ဆာကုသရာတွင် အသုံးပြုသောဆေးဝါးများ၊ ဦးနှောက်ကင်ဆာများ၏ နောက်ဆက်တွဲဆိုးကျိုးများနှင့် ကုသမှုများ၊ ဦးနှောက်ကင်ဆာနှင့် အသက်ရှင်နေရခြင်းတို့ အပါအ၀င် ကင်ဆာရောဂါ ဝေဒနာရှင်များအနေဖြင့် မိမိအနာဂတ်ကို မည်သို့စီမံထိန်းသိမ်းရမည် စသည်ဖြင့် ကင်ဆာရောဂါဆိုးကြီးအကြောင်း လူနာများသိသင့်၊ ဆောင်ထားသင့်သည်များကို မေးခွန်းပုံစံဖြင့် ရေးသား တင်ပြထားပါသည်။ ထို့ပြင် ဦးနှောက်ကင်ဆာရောဂါဆိုးကြီးကို ဖြတ်ကျော်အောင်မြင်ခဲ့သော လူနာတစ်ဦး၏အတွေ့အကြုံကိုပါ ထည့်သွင်းဖော်ပြထားရာ ဦးနှောက် ကင်ဆာအကြောင်း သိလိုသူများ၊ ဦးနှောက်ကင်ဆာဝေဒနာခံစားနေရသူများ၊ မိသားစု ၀င်များနှင့် မိတ်ဆွေသူငယ်ချင်းများအတွက် ဖတ်သင့်ဆောင်ထားသင့်သောစာအုပ် ဖြစ်ပါသည်။
4,000ကျပ်  
လှပ၊ ကျန်းမာ၊ စိတ်ချမ်းသာ ယောဂလေ့ကျင့်ပါ
လှပ၊ ကျန်းမာ၊ စိတ်ချမ်းသာ ယောဂလေ့ကျင့်ပါ
ဤစာအုပ်တွင် ဖော်ပြထားသော ကျင့်စဉ်များ လေ့ကျင့်ပုံများသည် သရုပ်ပြန်ရန်နှင့် မှီငြမ်းရန်တွက်သာ ပြုလုပ်ထားခြင်း ဖြစ်ပါသည်။ မိမိတို့ ကိုယ်တိုင်လေ့ကျင့်သည့်အခါ ပုံပါအတိုင်း ထပ်တူညီချင်မှ ညီပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် လူတစ်ဦးနှင့် တစ်ဦး ခန္ဓာကိုယ် အခံ မတူညီသောကြောင့် ဖြစ်ပါသည်။ စတင်လေ့ကျင့်သည့် အချိန်တွင် တတ်ကျွမ်းနားလည်သော ဆရာတစ်ဦးဦး၏ ညွှန်ကြားမှု အောက်တွင် လေ့ကျင့်သင့်ပါသည်။ လေ့ကျင့်နေစဉ် အတွင်း၌လည်း မိမိတို့ ခန္ဓာကိုယ်၏ တုန့်ပြန်မှုကို အမြဲသတိပြု နားထောင်နေသင့်ပါသည်။ မိမိခန္ဓာကိုယ် ခံနိုင်သလောက်သာ လေ့ကျင့်သင့်ပါသည်
5,000ကျပ်