Shopping Cart
0 items
 
Bestselling Products
ရုံးသုံးမြန်မာစာရေးသားနည်း ရုံးသုံးမြန်မာစာရေးသားနည်း
1,000ကျပ်  
အချိန်ကိုအကျိုးရှိရှိစီမံခန့်        ခွဲနည်း ၂၆၂ သွယ်    အချိန်ကိုအကျိုးရှိရှိစီမံခန့်        ခွဲနည်း ၂၆၂ သွယ်   
1,500ကျပ်  
ညှိနှိုင်းဆွေးနွေးမှု တတ်ပညာ ညှိနှိုင်းဆွေးနွေးမှု တတ်ပညာ
1,500ကျပ်  
စီမံခန့်ခွဲမှု လျှို့ဝှက်ချက်များ စီမံခန့်ခွဲမှု လျှို့ဝှက်ချက်များ
2,000ကျပ်  
ကိုယ်ကျင့်တရား ကိုယ်ကျင့်တရား
2,000ကျပ်  
ရွှေမိုး ငွေမိုးရွာစေသူတို့၏ လျှို့ဝှက်ချက်များ ရွှေမိုး ငွေမိုးရွာစေသူတို့၏ လျှို့ဝှက်ချက်များ
2,500ကျပ်  
အာရှမူသစ်သုံး CEO ၏အောင်မြင်သော စီးပွားရေး စီမံခန့်ခွဲမူ နည်းသစ်များ အာရှမူသစ်သုံး CEO ၏အောင်မြင်သော စီးပွားရေး စီမံခန့်ခွဲမူ နည်းသစ်များ
2,000ကျပ်  
ဖအေနှစ်ဦးသင်ပေးတဲ့ ဆင်းရဲနည်း၊ ချမ်းသာနည်း ဖအေနှစ်ဦးသင်ပေးတဲ့ ဆင်းရဲနည်း၊ ချမ်းသာနည်း
2,000ကျပ်  
လမ်းကောက်လျောက်မယ့် လူဖြောင့် လမ်းကောက်လျောက်မယ့် လူဖြောင့်
3,000ကျပ်  
ထိပ်တန်းသို့ အံ့မခန်း လှမ်းတက်ခဲ့သူ JEREMY LIN ထိပ်တန်းသို့ အံ့မခန်း လှမ်းတက်ခဲ့သူ JEREMY LIN
3,000ကျပ်  
ဆရာဇော်ဂျီမွေးနေ့ရာပြည့် အထိမ်းအမှတ် စာတမ်းများ ဆရာဇော်ဂျီမွေးနေ့ရာပြည့် အထိမ်းအမှတ် စာတမ်းများ
1,800ကျပ်  
ငြင်းဆိုခြင်းသည်      အပြစ်မဟုတ်ပါ     ငြင်းဆိုခြင်းသည်      အပြစ်မဟုတ်ပါ    
1,000ကျပ်  
Presenting Myanmar Presenting Myanmar
1,500ကျပ်  
အံ့ဖွယ်တိုက်ဆိုင်မှု ဖြစ်ရပ်မှန် ဇာတ်လမ်းတိုများ (၁) အံ့ဖွယ်တိုက်ဆိုင်မှု ဖြစ်ရပ်မှန် ဇာတ်လမ်းတိုများ (၁)
2,500ကျပ်  
1 out of 5 Stars!
ကာတွန်းဇာတ်ကောင်ရေးဆွဲနည်း ကာတွန်းဇာတ်ကောင်ရေးဆွဲနည်း
1,000ကျပ်  
 

Management

Management

ခေါင်းဆောင်မှုဆိုင်ရာရက်သတ္တပတ်များ
ခေါင်းဆောင်မှုဆိုင်ရာရက်သတ္တပတ်များ
မူရင်းစာရေးသူ John C. Maxwell က သမ္မကျမ်းစာပါ ထာဝရ ဘုရားသခင်၏ ကတိတော်များနှင့် လမ်းညွှန်ပြသချက်များ ကို ခေါင်းဆောင်ကောင်းဖြစ်သူတိုင်း လိုက်နာကျင့်သုံး ဆောင်ရွက် နိုင်ကြစေရန်အတွက် ရက်သတ္တပတ်အလိုက် ခွဲခြား၍တင်ဆက် ထားသည်ကို စိတ်ဝင်စားဖွယ်ရာ ဖတ်ရှုတွေ့မြင်ရပါမည်။
2,500ကျပ်  
တရုတ်ပြည်မှာအောင်မြင်ဖို့
တရုတ်ပြည်မှာအောင်မြင်ဖို့
ကမ္ဘာ့ထိပ်သီး စီးပွားရေးနှင့်စီမံခန့်ခွဲမှု ခေါင်းဆောင်များ၏ တိုက်ရိုက်ပြောစကားများကို Harvard Business Press ကစုစည်း ထုတ်ဝေထားသည့်စာအုပ်ကို ဘာသာပြန်ထားသော စာအုပ်တစ်အုပ်ဖြစ်သည်။ တရုတ်ပြည် ဈေးကွက်ကို ထိုးဖောက်ဝင်ရောက် ခဲ့ပြီး အကောင်းဆုံးစီမံခန့်ခွဲနိုင်ခဲ့ကြသော စီးပွားရေးလုပ်ငန်းရှင်များ၊ မန်နေးဂျင်း ဒါရိုက်တာများ၊ အမှုဆောင်အရာရှိများ၊ အထွေထွေမန်နေဂျာများက ယင်းတို့၏ အတွေ့အကြုံများကို ပြောပြထား သည်။ ဈေးကွက်အသစ်တစ်ခုကို ၀င်ရောက်ထိုးဖောက်ပြီး ဈေးကွက်ရှာ ဖွေခဲ့ပုံများ၊ ထိုထွန်းသစ်စဈေးကွက်ကို အကောင်းဆုံး စီမံခန့်ခွဲပုံများ၊ ကြုံတွေ့ရမည့် စိန်ခေါ်မှုများနှင့်အခက် အခဲများကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ပုံများစသည်ဖြင့် အောင်မြင်မှုရရန် နည်းဗျူဟာများကို လိုအပ်သလို အဆင့်ဆင့်ပြောင်းလဲချမှတ်ကာ ဆောင်ရွက်ခဲ့သည့် ယင်းတို့၏စီးပွားရေးနှင့်စီမံခန့်ခွဲမှုဆိုင်ရာလိုက်နာဖွယ်ရာ များကို အခန်း ၁၄ ခန်းဖြင့်ဖော်ပြထားသည်။ အခန်းတိုင်း၏အဆုံးများတွင်လည်း သိမှတ်ဖွယ်ရာအနှစ်သာရ များကိုဖော်ပြထားသည်။
1,000ကျပ်  
အကန့်အသတ်မဲ့လူသားနှင့် ယုံကြည်ခြင်းသင်ခန်းစာများ
အကန့်အသတ်မဲ့လူသားနှင့် ယုံကြည်ခြင်းသင်ခန်းစာများ
လက်မပါ ခြေဗလာဖြင့် မွေးဖွားလာသော သြစတြေးလျနိုင်ငံသား နိခ်ဗူဂျီချိခ် (Nick Vujicic) ၏ ဘ၀ဇာတ်ကြောင်းကို ရေးသား ထားသောစာအုပ်ဖြစ်ပါသည်။ အမယ်လေး ဘယ်လိုဟာကြီးပါ လိမ့်၊ ခြေလက်များ ပေးသနားတော်မူပါဘုရား၊ ရှိသည့်အတိုင်း ဘုရားသခင် ငါ့ကိုချစ်၊ အကြီးမြတ်ဆုံးအံ့သြဖွယ်ရာ၊ တစ်ကြိမ် မက အသက်ရှင်ခဲ့သည်၊ အားလုံးအတွက် ကယ်တင်ခြင်းဆုလက် ဆောင် စသည်ဖြင့် အခန်းရှစ်ခန်း ပါဝင်ပါသည်။ သင်ခန်းစာရရှိ ခဲ့ပြီးသောနိခ်၏ဘ၀ဒဿန၊ သူကြီးပြင်းလာစဉ် နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ဖြတ်ကျော်ခဲ့ရသော အခက်အခဲများကို သရုပ်ဖော်ထားသည်။ သူ၏ခံစားချက်၊ သဘောထားများကို ဖော်ပြပြီး အမှောင်ထဲမှာ အလင်းသွားပုံနှင့် အတားအဆီးအားလုံးကို အောင်မြင်ကျော်လွှားရန် မည်သို့မည်ပုံ လုပ်ဆောင်ခဲ့ပုံများကို ဖတ်ရှုရမည် ဖြစ်ပါသည်။ ထို့ကြောင့် အကန့်အသတ်မဲ့လူသား နိခ်၏ သူ့ဘ၀ဇာတ်ကြောင်းများနှင့် ဘ၀သင်ခန်း စာများ၊ သူ၏ယုံကြည်မှုအကြောင်းများ၊ ဘ၀အားမာန်ပေးသော၊ စိတ်ဓာတ်မြှင့်တင်ပေးသော အတွေးအခေါ်အယူအဆများနှင့် သူ၏ဘ၀ဒဿနများပါဝင်သောကြောင့် စာဖတ်သူအတွက် အကျိုးရှိစေမည့်စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။
2,500ကျပ်  
တစ်မိနစ် စွန့်ဦးတီထွင်လုပ်ငန်းရှင်
တစ်မိနစ် စွန့်ဦးတီထွင်လုပ်ငန်းရှင်
မူရင်းစာရေးသူ Ken Blanchard ၊ Don Huston နှင့် Ethan Willis တို့ ၏ The One Minutes Entrepreneur စာအုပ်ကို ဆရာရဲမြင့် (စွန့်ဦး တီထွင်) က ဘာသာပြန်ထားသော စာအုပ်ဖြစ်ပါသည်။ မူရင်းစာရေးသူများသည်စီးပွားရေးလောကတွင် အောင်မြင်သောလုပ်ငန်းရှင်များဖြစ် သကဲ့သို့ သူတို့ရေးသားထုတ်ဝေခဲ့သောစာအုပ်များသည်လည်း အရောင်းရဆုံး စာရင်းဝင်များဖြစ်သည်။ ဤစာအုပ်သည် စွန့်ဦးတီထွင်လုပ်ငန်း ရှင်ဖြစ်လိုသော လူငယ်ဇနီးမောင်နှံကို အဓိက ဇာတ်ကောင်အဖြစ်ထား၍ စာရေးသူတို့ပေးချင်သော၊ စီးပွားရေးလုပ်ငန်းသစ်တည်ထောင်ရာတွင် သိသင့်သော ပညာရပ် ဆိုင်ရာအချက်အလက်များကို ၀တ္တုပုံစံဖြင့် ရေး သားထားသည်။ ခိုင်မာတဲ့အခြေခံအုတ်မြစ်ကို တည်ဆောက်ခြင်း၊ အသိ ပညာတိုးပွားခြင်း၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်ဖြစ်လိုခြင်း၊ ကုမ္ပဏီဖွဲ့စည်းခြင်း၊ ပုံပြင်ဆန်တဲ့ဝန်ဆောင်မှုများကို ဖန်တီးခြင်း၊ အောင်မြင်တဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ဦးမှာ ရှိသင့်တဲ့ အရေးကြီးဆုံးအရည်အသွေး (၂၀) စသည်ဖြင့် အခန်းပေါင်း ၁၅ ခန်းဖြင့် ရေးသားထားပါသည်။ အောင်မြင်သောလုပ်ငန်းရှင် တစ်ယောက်ဖြစ်ရန် မလွဲမသွေလိုက်နာသင့်သည့်အရေးကြီး သည့်အချက်များကို ဖော်ပြထားပါသည်။ ဤစာအုပ်သည် မျိုးဆက်သစ်လူငယ်လူရွယ်များအတွက် ထူးချွန်ထက်မြက် သော၊ အောင်မြင်သောစွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်ဖြစ်ရန် များစွာအထောက်အကူပေးနိုင်မည့်စာအုပ်ကောင်း တစ်အုပ် ဖြစ်ပါသည်။
2,000ကျပ်  
သမ္မာကျမ်းလာ ခေါင်းဆောင်များထံမှ သင်ယူခြင်း
သမ္မာကျမ်းလာ ခေါင်းဆောင်များထံမှ သင်ယူခြင်း
ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ စာအုပ်ကောင်းများစွာကို ရေးသားထုတ်ဝေသူ John C. Maxwell ၏ သမ္မာကျမ်းစာကို အခြေခံပြီးရေးသားထားသော Learning From The Giants စာအုပ်ကို ဘာသာပြန်ဆိုရေးသားထုတ်ဝေလိုက်သော စာအုပ်တစ်အုပ်ဖြစ်ပါသည်။ ခရစ်ယာန်သမ္မာကျမ်းစာ ဓမ္မဟောင်းလာ ယုံကြည်ခြင်းဆိုင်ရာသူရဲကောင်းများအနက်မှ သူရဲကောင်းကိုးဦး၏ ဘဝအတွေ့အကြုံနှင့် ခေါင်းဆောင်မှုအတွေ့အကြုံများကို လေ့လာရေးသားထားပါသည်။ ဧလိယ၊ ဧလိရှဲ၊ ယောဘ၊ ယာကုပ်၊ ဒေဗောရ၊ ဟေရှာယ၊ ယောန၊ ယောရှု၊ ဒံယေလ တို့၏ ဘုရားသခင်ထံမှ သင်ယူခဲ့သော ခေါင်းဆောင်မှုသင်ခန်းစာမျာကို သူတို့ တစ်ယောက်ချင်းစီနှင့် မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးခဲ့သည့်အလား ရေးသားတင်ဆက်ထားသော စာအုပ်ကောင်းတစ်အုပ်
2,000ကျပ်  
သင်၏အချိန်ကို စီမံခန့်ခွဲပါ
သင်၏အချိန်ကို စီမံခန့်ခွဲပါ
A&C Black. London ၏ Manage Your Time စာအုပ်ကို ဆရာဇော်ဝင်းကြူ (ပျဉ်းမနား) က ဘာသာပြန်ထားသောစာအုပ်ဖြစ်ပါသည်။ တစ်နေ့တာ လုပ်ငန်းကို ထိရောက်စွာ မည်သို့ကုန်စင်အောင် ဆောင်ရွက်ရမည်ဆိုသည့် အပေါ် မဖြစ်မနေလိုအပ်သောအကြံပြုချက်များ အပြည့်အ၀ပါဝင်သည့် အပြင် သင်၏အလုပ်ကို စီစဉ်ခြင်းနှင့် အလုပ်များကို ဦးစားပေးသတ်မှတ် ခြင်း၊ သင်၏အလုပ်များ၊ အစည်းအဝေးများ၊ Email များကို စီမံခန့်ခွဲခြင်း များ ပါဝင်ပါသည်။ သင်၏လူမှုရေးဘ၀အတွက် အချိန်ပိုရပြီး အလုပ်စားပွဲကို ပြန်လည်ထိန်းချုပ်မှုကို ဘယ်လိုရယူပြီး သင့်အလုပ်ကို ဘယ်လိုဦးစားပေး သတ်မှတ်ချက်များ ချမှတ်ရမည်... စသည်တို့နှင့်ပတ်သက်ပြီး သေသေ ချာချာစီစဉ်ထားသော အကြံဉာဏ်များကို ပေးထားသောကြောင့် သင်၏အချိန်ကို စီမံခန့်ခွဲရန် အထောက်အကူပြုနိုင်မည့်စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။
2,500ကျပ်  
သွက်လက်ထက်မြက်မှုရှိသော ငွေရေးကြေးရေး စီမံအုပ်ချုပ်မှု
သွက်လက်ထက်မြက်မှုရှိသော ငွေရေးကြေးရေး စီမံအုပ်ချုပ်မှု
လုပ်ငန်းဖွံ့ဖြိုးရေးဒါရိုက်တာ၊ ဘဏ္ဍာရေးဒါရိုက်တာ Brinch Finch ၏ Effective Financial Management စာအုပ်ကို ဆရာမမြနှင်းဆီ (Mra Hninzi) က ဘာသာပြန်ထားသော စာအုပ်ဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်း တစ်ခု၊ ကုမ္ပဏီတစ်ခု စတင်တည်ထောင်ရာတွင်လည်းကောင်း၊ စီမံခန့်ခွဲရာ တွင်လည်းကောင်း အသုံးဝင်မည့်နည်းလမ်းများစွာကို အကြံပြုရေးသားထား ခြင်း ဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်းအတွက် မတည်ငွေရှာဖွေခြင်း၊ ရင်းနှီး မြှုပ်နှံသူများဖြင့် ဆက်ဆံရေးရှင်သန်စေခြင်း၊ ငွေစာရင်းပြုစုခြင်းများ ပါဝင် သကဲ့သို့ အစီရင်ခံခြင်း၊ ဘတ်ဂျက်ရေးဆွဲခြင်း၊ လုပ်ငန်းဆောင်ရွက်မှု ကုန်ကျ စရိတ်နှင့် ငွေသားစီးဆင်းမှုတို့ကို စီမံကိုင်တွယ်ခြင်း၊ ပရောဂျက်များကို အကဲ ဖြတ်ခြင်း၊ ပိုင်ဆိုင်မှုဝယ်ယူခြင်း စသည့် ငွေရေးကြေးရေးစီမံခန့်ခွဲမှုများလည်း ပါဝင်ပါသည်။ ထို့ပြင် ငွေသားနှင့်သက်ဆိုင်သောကိစ္စရပ်များကို စီမံအုပ်ချုပ်ရေးကဏ္ဍနှင့် ဆက်သွယ်ရေးကဏ္ဍတို့ သည် စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်ထူထောင်မည့်သူတိုင်း မလွဲမသွေသိသင့်သည့်အရာများ ဖြစ်သည်။ စီးပွားရေးလုပ်ငန်းများ၊ ငွေရေးကြေးရေး စီမံခန့်ခွဲမှုများကို စနစ်တကျစီမံခန့်ခွဲလိုသူ များအတွက် လုပ်ငန်းဖွံ့ဖြိုးတိုးတက်ပြီး အောင်မြင်မှုရရှိရန် များစွာအထောက်အကူပြုမည့် စာအုပ်ဖြစ်ပါသည်။
3,000ကျပ်  
ခေါင်းဆောင်မှုအတွက်စည်းမျဉ်းများ
ခေါင်းဆောင်မှုအတွက်စည်းမျဉ်းများ
Jo OWEN ၏ LEADERSHIP RULES: 50 TIMELESS LESSONS FOR LEADERS စာအုပ်ကို ဒေါက်တာဉာဏ်ဟိန်းလတ်က ဘာသာပြန်ထား သောစာအုပ်ဖြစ်ပါသည်။ ဤစာအုပ်တွင် ယနေ့အထိ တည့်တံ့ကျန်ရှိနေ သော ရှေးဟောင်းလူမျိုးစုများ၏ခေါင်းဆောင်မှုများကို ခုနစ်နှစ်ကြာ သုတေသနပြုပြီး ရရှိလာသောခေါင်းဆောင်မှု အနှစ်သာရများကို ခေတ် သစ်ခေါင်းဆောင်မှုများနှင့် နှိုင်းယှဉ်ဖော်ပြထားသည်။ ကမ္ဘာ့အကောင်း ဆုံး အဖွဲ့အစည်းတစ်ရာနှင့် အဆိုးဆုံးအဖွဲ့အစည်း အနည်းငယ်တို့ကို လေ့လာထားမှုနှင့်လည်း နှိုင်းယှဉ်ဖော်ပြထားသည်။ ခေါင်းဆောင်မှု အတွက် စည်းမျဉ်းပေါင်း ၅၀ ကို 'ခေါင်းဆောင်ကောင်းတစ်ယောက်တွင် ရှိသင့်သည့် အရည်အသွေးများ၊ ခေါင်းဆောင်ကောင်းတစ်ယောက်၏ ကျွမ်းကျင်မှုများ၊ အဖွဲ့အစည်းကို ဦးဆောင်ခြင်း၊ ခေါင်းဆောင်မှုအတွက် အကြောင်းအရာ သစ်များ'ဟူ၍ ကဏ္ဍလေးခုခွဲကာ တင်ပြထားသည်။ မိမိဦးဆောင်နေသော အဖွဲ့အစည်းကို အောင်မြင်မှုရရှိရန်၊ ရရှိပြီးသားအောင်မြင်မှုကို ရေရှည်တည်တံ့အောင် ဆက်လက်ထိန်းသိမ်းနိုင်ရန် လိုအပ်သောခေါင်းဆောင်ကောင်းတစ်ယောက်၏အရည်အသွေးများ၊ ကျွမ်းကျင်မှုများကို နည်းပေးလမ်းñွှန်ထားပါသည်။ ထို့ကြောင့် အဖွဲ့အစည်းတစ်ခုကို ဦးဆောင် နေကြသော၊ ဦးဆောင်မည်ဖြစ်သော လူကြီးလူငယ်များအတွက် များစွာအထောက်အကူဖြစ်မည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။
2,000ကျပ်  
ဆုံးဖြတ်ချက်ချနည်း
ဆုံးဖြတ်ချက်ချနည်း
စံပြပုံစံများသည် အရေးကြီးသည့် အချက်များအပေါ်သာ အာရုံထားစေခြင်းဖြင့် အနေအထားတစ်ခု၏ရှုပ်ထွေးမှုကို လျော့နည်းစေသည်။ ဤစာအုပ်ပါမေးခွန်းများသည် သင်၏စဉ်းစားတွေးခေါ်မှုကို မြှင့်တင်ပေးပါလိမ့်မည်။ ဆုံးဖြတ်ချက်ချရန်အကောင်းဆုံးစံပြပုံစံ ၅၀ ပါဝင်ပြီး သက်ဆိုင်ရာ မေးခွန်းများကို ကိုင်တွယ်နိုင်ရန် နည်းလမ်းများကို စကားလုံးများအရ လည်းကောင်း၊ ပုံစံကားချပ်များအရလည်းကောင်း သရုပ်ဖော်ရှင်းလင်းထားသောကြောင့် သင့်အတွက်အကောင်းဆုံး လမ်းညွှန်ပေးပါလိမ့်မည်ဟု ယုံကြည်ပါသည်။
3,000ကျပ်  
အသေးစား စီးပွားရေးလုပ်ငန်းအတွက်သေနင်္ဂဗျူဟာ
အသေးစား စီးပွားရေးလုပ်ငန်းအတွက်သေနင်္ဂဗျူဟာ
တရုတ်တွေးခေါ်ပညာရှင်ကြီး ကွန်ဖြူးရှပ်နှင့်တစ်ပြိုင်တည်းပေါ်ပေါက်ခဲ့သော တရုတ်စစ်သေနာပတိ ဆွန်ဇူး၏ သေနင်္ဂဗျူဟာစာအုပ်သည် အသေးစားစီးပွားရေးလုပ်ငန်းများအတွက် ဇောင်းပေးပြီး လေ့လာထားသောစာအုပ် ဖြစ်ပါသည်။ ဆွန်ဇူးနှင့်အတူ အသာစီးရမှုကို ဖမ်းယူဆုပ်ကိုင် ထားပါ၊ သိနားလည်ခြင်း မရှိမဖြစ်ဆွန်ဇူး၊ စစ် မြေပြင်အတွက် အခြေခံသဘောတရားများနှင့် အဆင့်မြင့်သောဆွန်ဇူးနှင့် သင်၏အသေးစား စီးပွားရေးလုပ်ငန်း အတွက် မဟာဗျူဟာ စသည့်အပိုင်းလေးပိုင်းဖြင့် တင်ပြထားသည်။ အသေးစားစီးပွားရေးလုပ်ငန်းများအတွက် အသုံးဝင်သောမဟာဗျူဟာများကို ဆွန်ဇူး၏သေးငယ်သောတပ်ဖွဲ့များက ပိုမိုကြီးမားသောတပ်ဖွဲ့များအပေါ် အောင်မြင်ခဲ့သော သေနင်္ဂဗျူဟာများနှင့် ချိန်ထိုးနည်းပေးလမ်းပြထားသည်။MBA သင်တန်းများ၊ နိုင်ငံ ပေါင်းစုံတွင် လုပ်ကိုင်နေကြသော ကော်ပိုရေးရှင်းကြီးများက ဆွန်ဇူးကို လေ့လာကြသည်။ ဧရာမစီးပွားရေးလုပ်ငန်းကြီးများကို အံတုဖက်ပြိုင်ပြီး မိမိတို့လုပ်ငန်းကို အင်အားကြီးမားသော အဖွဲ့အစည်းဖြစ်လာရန် ကြိုးစားနေသော၊ ရည်ရွယ်ချက်ကြီးမားသော စွန့်ဦးတီထွင်သူများနှင့် အသေးစား စီးပွားရေးလုပ်ငန်းရှင်များအတွက်များစွာအထောက်အကူပြုနိုင်သောစာအုပ်ဖြစ်ပါသည်။
3,500ကျပ်  
CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှု မဂ္ဂဇင်း
CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှု မဂ္ဂဇင်း
၂၀၁၆ ခုနှစ် သြဂုတ်လထုတ် CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှု မဂ္ဂဇင်းကို တူဒေးစာအုပ်ဆိုင်များနှင့် အမြို့မြို့အနယ်နယ်ရှိ စာအုပ်ဆိုင်များမှာ ၀ယ်ယူရရှိနိုင်ပါပြီ။
2,500ကျပ်  
CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှု မဂ္ဂဇင်း
CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှု မဂ္ဂဇင်း
၂၀၁၆ ခုနှစ် အောက်တိုဘာလထုတ် CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှု မဂ္ဂဇင်းကို တူဒေးစာအုပ်ဆိုင်များနှင့် အမြို့မြို့အနယ်နယ်ရှိ စာအုပ်ဆိုင်များမှာ ၀ယ်ယူရရှိနိုင်ပါပြီ။
2,500ကျပ်  
Online တွင် အမှတ်တံဆိပ်တည်ဆောက်ခြင်း
Online တွင် အမှတ်တံဆိပ်တည်ဆောက်ခြင်း
ကိုယ်ပိုင်အမှတ်တံဆိပ်တည်ဆောက်ခြင်း၊ စီမံထိန်းသိမ်းထားခြင်းနှင့်ပတ်သက်၍ တင်ပြထားသောစာအုပ်ဖြစ်ပါသည်။ ကိုယ်ပိုင် အမှတ်တံဆိပ်မည်သည် အဘယ်နည်း။ သင့်ကိုယ်ကို (သင်၊ သူတို့က) ဘာတဲ့လဲ။ ကိုယ့်အမှတ်တံဆိပ်ကို ဂရုစိုက်ဖြည့်ဆည်း ပေးခြင်း၊ အင်တာနက်ခြေရာများ၊ ပုဂ္ဂိုလ်ရေးအမှတ်တံဆိပ်တည် ဆောက်ခြင်းပုံရိပ်များ ... စသည်ဖြင့် အခန်းကိုးခန်းဖြင့် တင်ပြထားသည်။ မိသားစုအပါအ၀င် လုပ်ငန်းခွဲနှင့် လူမှုကွန်ရက်စာ မျက်နှာများပေါ်တွင် ထင်ဟပ်နေသော မိမိပုံရိပ်အမှတ်တံဆိပ်သည် မည်မျအရေးကြီးသည်၊ ပုံရိပ်ကောင်းဂုဏ်သတင်းကောင်းကို မည်သို့ဖော် ဆောင်ရမည်၊ မည်သို့စီမံထိန်းသိမ်းရမည်၊ ပျက်စီးမှုကို မည်သို့ပြုပြင်ရမည် စသည့်နည်းလမ်းများကို ရှုထောင့်မျိုးစုံမှ တင်ပြထားသည်။ ယခင်က ကိုယ့်သတင်းကိုယ့်ပုံရိပ်သည် ကိုယ်နေထိုင်ရာပတ်ဝန်းကျင်တစ်ခုတည်းတွင်သာ သိနိုင်သော် လည်း ယခုအခါ အင်တာနက်အသုံးတွင်ကျယ်လာပြီး လူမှုကွန်ရက်များကို အသုံးပြုလာကြရာ ကိုယ့်သတင်း၊ ကိုယ့် အကြောင်းကို တစ်ကမ္ဘာလုံးက သိနေနိုင်သည်ဖြစ်ရာ မိမိ၏ဂုဏ်သိက္ခာကို ကောင်းစွာစီမံထိန်းသိမ်းတတ်ရန်မှာ လွန်စွာအရေးကြီးလာပါသည်။ ဆရာအောင်ကို (တောင်ငူ) ၏ ဤစာအုပ်သည် မိမိ မိသားစု၊ လုပ်ငန်းခွင်တွင်သာမက လူမှုကွန်ရက်များ အပါ အ၀င် ကမ္ဘာတစ်ဝန်းလုံးတွင် ကိုယ့်ပုံရိပ်ကို စီမံထိန်းသိမ်းပြီး ဂုဏ်သိက္ခာ ရှိရှိရပ်တည်နိုင်ရန် များစွာအထောက်အကူ ပြုမည့်စာအုပ်ဖြစ်ပါသည်။
3,000ကျပ်  
CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှု မဂ္ဂဇင်း
CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှု မဂ္ဂဇင်း
၂၀၁၆ ခုနှစ် နိုဝင်ဘာလထုတ် CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှု မဂ္ဂဇင်းကို တူဒေးစာအုပ်ဆိုင်များနှင့် အမြို့မြို့အနယ်နယ်ရှိ စာအုပ်ဆိုင်များမှာ ၀ယ်ယူရရှိနိုင်ပါပြီ။
2,500ကျပ်  
CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှု မဂ္ဂဇင်း
CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှု မဂ္ဂဇင်း
၂၀၁၆ ခုနှစ် ဒီဇင်ဘာလထုတ် CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှု မဂ္ဂဇင်းကို တူဒေးစာအုပ်ဆိုင်များနှင့် အမြို့မြို့အနယ်နယ်ရှိ စာအုပ်ဆိုင်များမှာ ၀ယ်ယူရရှိနိုင်ပါပြီ။
2,500ကျပ်  
သင့်အလုပ်သည်သင့်တန်ဖိုး
သင့်အလုပ်သည်သင့်တန်ဖိုး
အမေရိကန်စာရေးဆရာမ Regina Brett ၏ God is Always Hiring စာအုပ်ကို ဘာသာပြန်ထားသောစာအုပ် ဖြစ်ပါသည်။ စေ့ဆော်မှု ပေးသော စာစီစာကုံးများ၊ ဘ၀ဇာတ်ကြောင်းများနှင့် ဆောင်းပါးများ စုစည်းထားသော စာအုပ်ဖြစ်ပြီး ဘ၀နှင့်အလုပ်အကိုင်ကို ရှုထောင့် အသစ်မှ ရှုမြင်နိုင်ရန် သင်ခန်းစာ ၅၀ ဖြင့် တင်ပြထားသောစာအုပ် ဖြစ်သည်။ အလုပ်လက်မဲ့များ၊ မိမိအရည်အချင်းထက် အဆင့်နိမ့်သောအလုပ်ကို လုပ်ကိုင်နေရသူများ၊ အလုပ်တွင် စိတ်မချမ်းမြေ့သူများအတွက်၊ မိမိတို့ဘ၀အတွက် လေးနက်မှုပိုရှိသော ဘ၀ကို လိုလားသည့် အငြိမ်းစားယူပြီးသူများနှင့် အလုပ်မလုပ်နိုင်တော့သူများ အတွက်၊ ဘ၀တွင် လမ်း ပျောက်ပြီး ကျိုးပြတ်နေသော ဘ၀လမ်းခရီး တွင် ခြေဦးတည့်ရာနေခဲ့ပြီးမှ နောက်ဆုံးတွင် ဘ၀၏ပီပြင်သော အခန်းကဏ္ဍသို့ တည့်တည့်မတ်မတ် ရောက်ရှိသူများအတွက် ရည်ရွယ်ရေးသားထားသော စာအုပ်ဖြစ်ပါသည်။ အသက်မွေးဝမ်းကျောင်းအလုပ်ကို ယခုမှ ရှာဖွေမည့်သူများနှင့် လုပ်ငန်းခွင်မှသူများအတွက် မိမိအလုပ်ကို ပိုမို တန်ဖိုးထားပြီး လုပ်ငန်းခွင်အတွင်း၊ ပျော်ရွှင်ကျေနပ်မှုရရှိစေရန် အထောက်အကူပြုနိုင်သည့်စာအုပ် ဖြစ်ပါသည်။
4,000ကျပ်  
စီးပွားရေးတစ်ခုမှရသော သင်ခန်းစာ ၉၉ ချက်
စီးပွားရေးတစ်ခုမှရသော သင်ခန်းစာ ၉၉ ချက်
အောင်မြင်မှုနှင့် ဆုံးရှုံးမှုဆိုသည်က နံရံပါးပါးကလေးတစ်ချပ်သာ ခြားသည်ဟု ဆိုနိုင်သည်။ ယနေ့ မိုးထိအောင် ထိုးတက်နေပြီး နောက်တစ်နေ့တွင် အောက်ဆုံးသို့ ထိုးကျသွားနိုင်သည်။ အောင်မြင်မှုဟူသည်က စနစ်တကျ တည်ဆောက်ရသလို၊ ထိုအောင်မြင်မှု တည်မြဲစေရန်လည်း ထိန်းသိမ်းတတ်ဖို့ လိုသေးသည်။ အောင်မြင်မှုများ ပို၍ပို၍ မတိုးပွားနိုင်သေးလျှင်တောင် ရှိပြီးသားအောင်မြင်မှု ကို ဣနြေ္ဒမပျက် ဆက်လက်တည်ရှိနေစေရန် စီမံထားနိုင်မှ တော်ကာ ကျပေမည်။ ထိုသို့မဟုတ်ဘဲ ဆုံးရှုံးမှုနှင့် မလွဲမသွေ ပက်ပင်း တိုးပါက ကြုံလာရမည့်ဒဏ်ကို ရင်ဆိုင်နိုင်စွမ်းရှိဖို့လည်း လိုပါသည်။ ယခုစာအုပ်တွင် တစ်ဒေါ်လာ ၉၉ ပြားဆိုင်ပိုင်ရှင် နန့်ဇ်ချောင်ကို မိုသည် အောင်မြင်သောလုပ်ငန်းရှင်ဘ၀၊ ဦးဆောင်စွန့်စား စီးပွားရှာ သူ စံပြအမျိုးသမီးအဖြစ်မှ လုပ်ငန်း ဒေ၀ါလီခံရသည့် အနေအထား သို့ ရောက်ခဲ့ရသော်လည်း စိတ်ဓာတ်ကျသွားခြင်းမရှိ၊ သူ့အတွေ့အကြုံ၊ သူ့လွဲချော်မှုများကို အကောင်းမြင်သောစိတ်ဖြင့် အခြားသူများ နမူနာယူနိုင်ရန် ပြန်လည်ဝေမျပေးထားသည့်စာအုပ်တစ်အုပ်ဖြစ်ပါသည်။
3,500ကျပ်  
လုပ်ငန်းစီမံချက်တစ်ခု ရေးဆွဲနည်း
လုပ်ငန်းစီမံချက်တစ်ခု ရေးဆွဲနည်း
Brian Finch ရေးသားထားသော Business Plan နှင့်ပတ်သက်သည့် စာအုပ်များထဲမှ How To Write A Business Plan စာအုပ်ကို ဘာသာပြန်ထားသော စာအုပ်ဖြစ်ပါသည်။ လုပ်ငန်းစီမံချက်ဖွဲ့စည်းပုံ၊ မိမိလုပ်မည့် လုပ်ငန်း၏ နောက်ခံသမိုင်း၊ ဈေးကွက်နှင့် ပတ်သက်သည့် ဈေးကွက်ဖွဲ့စည်းပုံ၊ ပြိုင်ဘက်များ၊ Customer များ၊ ဖြန့်ဖြူးခြင်းအကြောင်းများ၊ ထိန်းချုပ်ကွပ်ကဲမှု၊ ပစ္စည်းဖြည့်တင်းမှု၊ တည်နေရာနှင့် ပတ်ဝန်းကျင်ကြီးကြပ်ကွပ်ကဲမှု စသည့် လုပ်ငန်းဆောင်ရွက်မှု အကြောင်းများ၊ အရောင်းခန့်မှန်းချက်၊ ကုန်ကျစရိတ်များ ကြိုတင်ခန့်မှန်းခြင်း၊ အရှုံးအမြတ်စာရင်း၊ ငွေသားခန့်မှန်းချက်၊ ငွေကြေးထည့်ဝင်ခြင်း စသည့် ဘဏ္ဍာရေးဆိုင်ရာ အကြောင်းများအပြင် လုပ်ငန်းနှင့် ပတ်သက်ပြီး စွန့်စားမှုများ၊ လျှို့ဝှက်ချက်များ၊ လုပ်ငန်းတွင်း လုပ်ငန်းစီမံချက်ကို မဟာဗျူဟာ ကျကျ ရေးဆွဲဖန်တီးခြင်း အကြောင်းများကို အသေးစိတ် တင်ပြဆွေးနွေးထားပါသည်။ ထို့ကြောင့် ကုမ္ပကြီးများမျ လုပ်ငန်းစီမံချက်ရေးဆွဲရသူများ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်များအတွက် ပြီးပြည့်စုံသော လုပ်ငန်းစီမံချက် တစ်ခုရေးဆွဲနိုင်ရန် ဤစာအုပ်ပါ အချက်အလက်များ၊ အကြံပြုချက်များက များစွာ အထောက်အကူပြုပါလိမ့်မည်။
3,000ကျပ်  
စီမံခန့်ခွဲမှု အယူအဆ ၅၀
စီမံခန့်ခွဲမှု အယူအဆ ၅၀
မိမိဘ၀၊ မိမိအလုပ်တိုးတက်အောင်မြင်ရေးက မိမိ၏စီမံခန့်ခွဲမှု အရည်အချင်း ကောင်းနှင့် တိုက်ရိုက်အချိုးကျသည်ဆိုပါက မည်သူမျငြင်းနိုင်မည်မထင်။ စီမံခန့်ခွဲမှုဟူသည်က ကိုယ်ပိုင်အလုပ်ပဲလုပ်လုပ်၊ သူတစ်ပါးအလုပ်ပဲလုပ်လုပ် ဘေးဖယ်ထား၍ ရကောင်းသောအရာလည်းမဟုတ်။ စီမံခန့်ခွဲမှု ညံ့သော၊ စီမံခန့်ခွဲမှုကို ပစ်ပယ်သောလူ၊ သို့မဟုတ် လုပ်ငန်းတို့၏ ကျဆုံးခန်းကို မမြင်ချင် မှအဆုံး မြင်ကြရမည်။ ယခုထုတ်ဝေလိုက်သည့် စီမံခန့်ခွဲမှုအယူအဆ ၅၀ စာအုပ်သည် စီးပွားရေးတစ်ခုလုပ်ကိုင်ရာတွင် လိုအပ်သည့် အဓိကကျသော အယူအဆများကို ချက်ကျလက်ကျဖော်ပြထားပြီး လုပ်ငန်းအောင်မြင်ရေးကို ပါ ထောက်ကူပေးမည်ဟု ယုံကြည်ပါသောကြောင့် ဖတ်သင့်သော စာအုပ် တစ်အုပ်ဟု ဆိုချင်ပါသည်။
3,000ကျပ်