Knowledge
နိုင်ငံတကာ ဆောင်းပါးပေါင်းချုပ် ဘယ်အလုပ်ကမှ စဉ်းစားဖို့ထက် ပိုအရေးမကြီးဘူး။ စဉ်းစားဖို့အချိန်အတွက် အချိန်ဇယားချဆွဲဖို့ပဲလိုတယ်။ စဉ်းစား တွေးခေါ်မှုကိုဖြစ်စေတဲ့ စိတ်ဟာ ခန္ဓာကိုယ်ကကြွက်သားတွေလိုပါပဲ။ ပိုဖွံဖြိုးတိုးတက်အောင်လုပ်လေလေ ထုတ်လုပ် မှုစွမ်းအား ပိုလာလေလေပေါ့။ 1,150ကျပ် |
အချိန်ကုန်ငွေကုန် သက်သာ စေဖို့(ဒုတိယအကြိမ်) ချက်လိုက်တဲ့ထမင်း ကျက်သွားပေမယ့် ရေများသွားပြီလို့ ထင်တယ်ဆိုရင်လည်းဘာမှ မစိုးရိမ် ပါနဲ့။ ထမင်းပေါ်ကို ပ၀ါအထူလေးအုပ်လိုက်ပြီးအိုးအဖုံး ကိုပတ်လိုက်ပါ။ 1,000ကျပ် |
မုန်တိုင်းကိုမမှု အန်တုလေသော် ဤစာအုပ်သည် စွန့်စားခန်းတွေ ပေါင်းစုထားသော၊ ဖတ်လို့ကောင်းသော စာအုပ်များသာမဟုတ်၊ ထိုတစ်ခေတ်၏ နိုင်ငံသမိုင်းကိုသရုပ်ဖော်သော မှတ်တမ်းဖြစ်လိမ့်မည်။ 3,000ကျပ် |
အိမ်ဖြူတော်ကို တန်းစီခြင်း ကမ္ဘာအနှံ့ စစ်မီးတောက်နေချိန်၊ အတိအကျဆိုလျင် ပြင်သစ်တော်လှန်ရေးကြီး ပေါက်ကွဲချိန်တွင် တိုင်းသစ်ပြည်သစ် ဘ၀ဖြင့် စတင်ခဲ့ရသော အမေရိကန်နိုင်ငံသည် မြေပေါ်မြေအောက်သယံ ဇာတများနှင့် တိုင်းပြည်ကို တကယ်ချစ်သော အမြော်အမြင်ကြီးသူ လက်တစ်ဆုပ် စာလောက်မှလွဲ၍ ဘာမှမရှိခဲ့။ 2,500ကျပ် |
မွန်ရည်မှုကို ပျိုးထောင်ခြင်း မိဘကောင်းတွေဟာ ကိုယ့်ရဲ့ကလေးတွေကို လူတစ်ဖက်သားအား လေးစားတတ်အောင်၊ ကြင်နာတတ်အောင်စဉ်းစား ဆင်ခြင်ဥာဏ်ရှိအောင်၊ ဂုဏ်ယူ တတ်အောင်အပြင်ကြီးမြင့်မှု၊ ကိုယ်ချင်းစာနာမှု၊ ဖြူစင်မှု၊ စာနာထောက်ထားမှု၊ ယဉ်ကျေးမှုတွေကို နေ့စဉ် ဥပမာပြပြီး သင်ပေးတက်ကြပါတယ်။ ဒီအရာတွေကသာ ကလေးတွေရဲ့ ဘ၀တစ်လျောက်လုံးတည်ရှိနေအောင် ချီးမြှင့်ပေးတဲ့ မိဘ တွေရဲ့ လက်ဆောင်မွန်တွေဖြစ်ပါတော့တယ်။ 2,000ကျပ် |
အိုပရာရဲ့ အကောင်းစား အိုများ လူတိုင်းသည် အောင်မြင်မှုရလိုသည်ချည်းဖြစ်သည်။ သို့သော်လူတိုင်းအောင်မြင်မှုရကြသည်မဟုတ်ကြ။ 1,500ကျပ် |
ဖေဖေပေးခဲ့မယ့် အမွေ သားသမီးတို့၏ဘ၀ကို အောင်မြင်ပျော်ရွှင်စေချင်ကြသည်မှာ မိဘတိုင်း၏ စိတ်ရင်းစေတနာပင် ဖြစ်သည်။ 1,500ကျပ် |
ဘ၀တစ်သက်တာအလှဖက်စရာ စီမံချက်ဆိုတာ ရှိကိုရှိရမယ်။ စီမံချက်ဆိုတာ လမ်းပြမြေပုံပဲ။ ဦးတည်ချက်ပဲ။ ပန်းတိုင်၊ လမ်းကြောင်း၊ လမ်းညွှန်၊ နည်းဗျူဟာ အခင်း အကျင်း အားလုံးပါပဲ။ စီမံချက်ဟာ ဘာအတွက်၊ ဘာကို ၊ ဘယ်တော့ ပြီးစီးအောင် ဘယ်လိုလုပ်မယ် ဆိုတာပြပါတယ်။ ဒါဟာ ဘ၀ကို ပုံဖော်သူနဲ့ ဘ၀အတွက် အားအင်ဖြစ်ပါတယ်။ 3,000ကျပ် |
လူ့အဖိုးတန် လောကလူသားတို့တွင် သိက္ခာသမာဓိရှိမှု၊ အများအကျိုးဆောင်ရွက်တတ်မှု ၊ ရိုးသားမှု၊စာနာကရုဏာရှိမှု စသည့်အချက်များပေါ်တွင်မူတည်ပြီး လူတစ်ဦးနှင့်တစ်ဦးဘ၀ရပ်တည် မှုတန်ဖိုး ကွာခြားသွားတတ်ပါသည်။ 1,500ကျပ် |
မိသားစုနှင့် လူမှုရေး အမေးအဖြေများ လူတစ်ယောက်အဖြစ် ရှင်သန်ရပ်တည်ရသည်နှင့် ထိုသူဆက်ဆံရာနယ်ပယ်ရှိ ပညာရေး၊စီးပွားရေး၊လူမှုရေး စသော မရေတွက်နိုင်သည့် အရေးကိစ္စများကိုမလွဲမသွေ ကြုံတွေ့ကြရမည်ဖြစ်သည်။ 2,000ကျပ် |
အမြင့်မားဆုံး ပျော်ရွှင်ချမ်းမြေ့မှု ဤစာအုပ်တွင် တစ်ဦးချင်း ပျော်ရွှင်မှုမှသည် အများပျော်ရွှင်မှု၊ အများပျော်ရွှင်မှုမှသည် ကမ္ဘာလောကကြီး ငြိမ်းအေးမှုဆီသို့ ဦးတည်နိုင် စေရန် အကြောင်းအချက်များကို သော့ချက် ခုနစ်ချက်ဖြင့် လမ်းညွှန်ပြသထားသောစာအုပ် ကောင်းတစ်အုပ် ဖြစ်ပါသည်။ 2,000ကျပ် |
ကိုယ့်ကိုယ်ကိုယ် ကိုးကွယ် သဘာဝတရားကြီးကပေးသော ကိုယ်စွမ်းကိုယ်စများ၊ အောင်စိတ်အောင်မာန်များကို စနစ်တကျဖော်ထုတ် တတ်ပြီး ဘ၀ စာမျက်နှာစာ အသီးသီးတွင် ထွန်းတောက်အောင်မြင်ရေးအတွက် မည်သူ့ကိုမှအားမကိုးဘဲ ကိုယ့်ကိုယ်ကိုယ်အားကိုး၍ ဆောင်ရွက်သွားတတ်စေရန် ဤစာအုပ်တွင် နည်းပေး လမ်းပြ လုပ်ထားသည်။ 2,100ကျပ် |
ထာဝရအောင်မြင်ရေး နီတိများ လောကီသားတို့ ကြီးပွားတိုးတက်ရေးအတွက် လိုက်နာကျင့်ကြံ ဆောက်တည်ဖွယ် အသိပညာများကို ခေတ်သဘာဝနှင့်ကိုက်ညီစွာ ဖွင့်ဆိုထားသောလမ်းညွှန်ချက်များဖြစ်သည်။ 800ကျပ် |
လူမိုက်၊ လူတော်၊ ပညာရှိ လူသားတိုင်းသည် အကောင်းဆုံး၊ အပြည့်စုံဆုံး ဖြစ်ချင်ကြစမြဲ ဖြစ်သည်။ ထို့ကြောင့် မိမိဘ၀ကို လက်ရှိ အနေအထားထက် ပိုမိုတိုးမြင့်အောင် ရုန်းကန်လှုပ်ရှားကြိုးစားတည်ဆောက်နေကြခြင်းဖြစ်သည်။ 1,500ကျပ် |
ဆရာဇော်ဂျီမွေးနေ့ရာပြည့် အထိမ်းအမှတ် စာတမ်းများ မြန်မာစာပေသမိုင်းတွင် အထင်ကရတည်ရှိခဲ့သော လှုပ်ရှားမှုကြီးဖြစ်သည့် ခေတ်စမ်းစာပေခေတ်သည်မယိုင်မလဲနိုင်သော ကျောက်သားအတိမှတ်တိုင်ကြီးပင် ဖြစ်သည်။ 1,800ကျပ် |
မြန်ပြည်သား လက်ရုံးရည် နှလုံးရည်နှင့် ပြည့်စုံသောမြန်မာ့သူရဲကောင်းတို့၏ အကြောင်းအချက်များကို စာရေးဆရာမင်းယုဝေက မှတ်သားဖွယ်၊ စွဲငြိဖွယ်ဖြစ်အောင် ရေးသားထားပြီး ပန်းချီကိုဟန်ရွှေနှင့် ပန်းချီရွှေရိုးရာတို့က သေသပ်လှပစွာ ရေးဆွဲပေး ထားသည့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။ 1,500ကျပ် |
ရုံးသုံးမြန်မာစာရေးသားနည်း အခြေခံအားဖြင့် မြန်မာစာအရေးအသားနဲ့ပတ်သက်တဲ့ ပြဿနာတွေကို အလေးအနက် ခေါင်းထဲထည့်ထားပြီး စာရေးတဲ့နေရာမှာ သတိကလေးထားရေးရင်၊ စာအရေးအသားနဲ့ပတ်သက်တဲ့ ချို့ယွင်းချက်တွေ၊ အားနည်းချက်တွေကို ရှောင်နိုင်ရင် ကိုယ်က သူများကို မြန်မာစာနဲ့ ရှင်းရှင်းလင်းလင်း communicate လုပ်နိုင်ပါပြီ။ အဲဒါပြီးမှ နောက်တစ်ဆင့်အနေနဲ့ ကိုယ့်ရုံးမှာ ပြဋ္ဌာန်းထားတဲ့ စည်းကမ်းပုံစံတွေအရ အဲဒီပုံစံ၊ အဲဒီ format ကို လိုက်နာပြီး ရေးရင် ဒီရည်မှန်းချက် ပေါက်မြောက် အောင်မြင်ပါလိမ့်မယ်။ 1,000ကျပ် |
လင်ဂိုတန်ရဲ့ ဘဝဇာတ်လမ်းစုံ၊ မှတ်တမ်းအဖုံဖုံ သူရဲကောင်းတွေဆိုတာ ဖြစ်ရပ်တွေရဲ့အမြန်လိုအပ်ချက်အခြေအနေအရ မွေးဖွားလာတာလို့ တချို့ကပြောကြပါတယ်။ သူရဲကောင်းဆိုတာ ဖြစ်ချင်တဲ့လမ်းကြောင်းကို ဖော်ထုတ်ပေးနိုင်တယ်လို့ တချို့ကဆိုပါတယ်။ ကျွန်တော့်အတွက် အရေးကြီးတာကတော့ စစ်ကာလ၊ သို့မဟုတ် ငြိမ်းချမ်းတဲ့ကာလမှာရခဲ့တဲ့ အခွင့်အလမ်းတွေကို အမိအရဆုပ်ကိုင်နိုင်ဖို့သာဖြစ်ပါတယ်။ 2,500ကျပ် |
ကွန်ပျူတာအဆင့်တိုးမြှင့်ခြင်းနှင့် ပြု ပြင်ခြင်းပညာ (Upgrade Version) ကွန်ပျူတာအဆင့်တိုးမြှင့်ခြင်းနှင့် ပြုပြင်ခြင်းပညာ (Upgrade Version) စာအုပ်မှာ ကွန်ပျူတာ တစ်လုံး ပြုပြင်ထိန်းသိမ်းဖို့ အခြေခံကစပြီး နောက်ဆုံးထုတ်ဟာ့ဒ်ဝဲပစ္စည်းတွေဖြစ်တဲ့ Indel Ivy Bridge CPU, Thunderbolt, PCI-express 3.0m X79, Z68, Z77 Chipset သုံး Motherboard တွေရဲ့ နည်းပညာပိုင်းဆိုင်ရာ အချက်အလက်တွေ၊ တပ်ဆင်ပုံ တပ်ဆင်နည်းတွေကို လက်တွေ့စမ်းသပ် ရေးသားထားပါတယ်။ အကြောင်း အမျိုးမျိုးကြောင့် သင်တန်းတက်ခွင့်မကြုံတဲ့သူတွေ၊ နည်းပညာအသစ် ဟာ့ဒ်ဝဲအသစ်တွေကို ထိတွေ့ခွင့် မကြုံတဲ့သူတွေ၊ ကွန်ပျူတာပစ္စည်းတွေကို ကိုယ်တိုင်တပ်ဆင်သုံးစွဲလိုသူတွေ၊ ကွန်ပျူတာဟာ့ဒ်ဝဲအသစ်တွေရဲ့ နည်းပညာအသစ်တွေကို စိတ်ဝင်စားသူတွေ၊ အခုမှ စတင်လေ့လာမယ့်သူတွေအတွက် ပုံတွေနဲ့တကွ အသေးစိတ် ပြည့်ပြည့်စုံစုံ ရေးသားထားလို့ အလွယ်တကူ လေ့လာသင်ယူနိုင်ပါလိမ့်မယ်။ တစ်ဦးချင်းစီသာမက ကွန်ပျူတာပြုပြင်ထိန်းသိမ်းတပ်ဆင်တဲ့ သင်တန်းတွေမှာပါ ကိုးကားသင်ကြားနိုင်တဲ့စာအုပ် ဖြစ်ပါတယ်။ 6,000ကျပ် |
ကိုလိုနီခေတ် ကောလိပ်ကျောင်းများသမိုင်းနှင့် ကောလိပ်ရေးရာဆောင်းပါးများ ယနေ့ဆိုလျှင် ကျွန်တော်တို့နိုင်ငံ၌ တက္ကသိုလ်၊ ကောလိပ်များ များစွာ တိုးတက်ဖြစ်တည်လာခဲ့သလို ယင်းတို့မှ မွေးထုတ်ပေးလိုက်သော ဘွဲ့ရမောင်မယ်များလည်း ဒုနဲ့ဒေးရှိခဲ့ပေပြီ။ ထိုသို့ တက္ကသိုလ်၊ ကောလိပ်များ၏ အခန်းကဏ္ဍက ကြီးမားစွာရှိနေရာ စာဖတ်ပရိသတ်အနေဖြင့်လည်း ယင်းတို့၏ သမိုင်းနှင့် ဆက်နွှယ်ရာရာ အကြောင်းအရာများကို တောင့်တမိမည်ထင်သည်။ ယင်းတောင့်တမှုကို ဖြည့်ဆည်းပေးရန်အတွက် တူဒေးစာအုပ်တိုက်က ဆရာတက္ကသိုလ်ခင်မောင်ဇော်၏ ကိုလိုနီခေတ် ကောလိပ်ကျောင်းများသမိုင်းနှင့် ကောလိပ်ရေးရာဆောင်းပါးများ စာအုပ်ကို ထုတ်ဝေလိုက်ပါသည်။ ကိုလိုနီခေတ်ကောလိပ်များ၏သမိုင်းဆိုင်ရာ၊ ပညာရေးနှင့် စာပေရေးရာ၊ လူမှုရေးရာများ စသည်တို့ကို တ၀ကြီး ဖတ်ရှုရမည် ဖြစ်ပါသည်။ 2,000ကျပ် |
နိုင်ငံတကာအထင်ကရနေရာများ ရောင်စုံဆေးခြယ် ကာတွန်းရုပ်ပုံကလေးများ ရေးဆွဲခြင်း၊ ရုပ်ပုံကလေးများကို ရောင်စုံဆေးများဖြင့် ခြယ်သခြင်းတို့ကို ကလေးတိုင်းနီးပါး ပြုလုပ်လေ့ရှိပါသည်။ ယခုထုတ်ဝေလိုက်သော စာအုပ်သည်လည်း ကလေးများ မိမိတို့နှစ်သက်ရာ ဆေးရောင်များဖြင့် ခြယ်သနိုင်မည့်စာအုပ်တစ်အုပ် ဖြစ်ပါသည်။ စာအုပ်၏ထူးခြားချက်မှာ ကမ္ဘာ့နိုင်ငံအသီးသီးရှိ အထင်ကရနေရာများကို ရေးဆွဲပုံဖော်ပေးထားခြင်းဖြစ်သည်။ အီဂျစ်၏ ပိရမစ်၊ ကမ္ဘောဒီးယား၏ အန်ကောဝပ်ဘုရားကျောင်း၊ တရုတ်၏ မဟာတံတိုင်း၊ အီတလီ၏ ဗင်းနစ်မြို့၊ ပြင်သစ်၏ အီဖယ်မျှော်စင်၊ အင်ဒိုနီးရှား၏ ဘာလီကျွန်း၊ အမေရိကန်၏ လေဘာတီရုပ်တု အစရှိသော အထင်ကရနေရာ၊ အထင်ကရသင်္ကေတများကို ဗဟုသုတဖြစ်ဖွယ် မြင်တွေ့သိရှိရမည့်အပြင် ထိုရုပ်ပုံများကို နှစ်သက်ရာ ဆေးရောင်များဖြင့် ခြယ်သပြီး ကလေးများ၏အနုပညာစွမ်းရည်ကိုပါ ထုတ်ဖော်ပြသနိုင်မည့် စာအုပ်တစ်အုပ်ဖြစ်ပါသည်။ 1,000ကျပ် |
ယဉ်ကျေးလိမ္မာသော လူငယ်မှသည် လူကြီးလူကောင်းအဖြစ်သို့ ကျွန်တော်တို့ကမ္ဘာ၌ သူ့နိုင်ငံနှင့်သူ၊ သူ့လူမျိုးနှင့်သူ၊ သူ့ယဉ်ကျေးမှုနှင့်သူ အသီးသီးရှိကြပါသည်။ မည်သည့်နိုင်ငံသားပင်ဖြစ်စေ၊ မည်သည့်လူမျိုးပင် ဖြစ်စေ သက်ဆိုင်ရာယဉ်ကျေးမှုနှင့်တော့ ကင်းကွာ၍ မရပါ။ အစွဲတွေအားလုံး ဖြုတ်ပြီး လူသားအနေဖြင့် ပြောရလျှင်လည်း “လူ့ယဉ်ကျေးမှု” ဟူသည်က ရှိစမြဲပင်ဖြစ်သည်။ ထို ”လူ့ယဉ်ကျေးမှု” ကို လူသားအားလုံး လိုက်နာကျင့်သုံး ရမည်မှာလည်း လွဲဖယ်မရသော တာဝန်တစ်ရပ်ဖြစ်သည်ဟု ဆိုချင်ပါသည်။ သို့မှသာ ”လူပီသသောလူ” ဟု အများက သတ်မှတ်ကြမည်ဖြစ်သည်။ မူရင်းစားရေးသူ John Bridges နှင့် Bryan Curtis တို့ရေးသားသော 50 Things Every Young Gentleman Should Know ကို ဘာသာပြန်ဆိုထားသော ဤစာအုပ်၌ လူငယ်လူရွယ်များ လူကြီးလူကောင်း အဖြစ် လောကဝန်းကျင်တွင် ဣနြေ္ဒရရ အခြေကျကျ ရပ်တည်နေထိုင်နိုင်ရန် ယဉ်ကျေးလိမ္မာပြီး တန်ဖိုးရှိသောလူအဖြစ် မှတ်ကျောက်တင် အသိအမှတ်ပြု ခံရစေရန် အကောင်းဆုံး နည်းပေးလမ်းညွှန်မှုပြုထားသော စာအုပ်တစ်အုပ် ဖြစ်ပါသည်။ 2,000ကျပ် |
ဗိုလ်ချုပ်ကြီးပက်တန်၏ တစ်မိနစ်အမှာစကား ဤစာအုပ်တွင် စစ်ခေါင်းဆောင်ဗိုလ်ချုပ်ကြီး ဂျော့အက်စ်ပက်တန်၏ အမှာစကားများကို စီးပွားရေးအယူအဆများနှင့်ယှဉ်ပြီး ဖတ်ရှုရမည်ဖြစ်သည်။ ဗိုလ်ချုပ်ကြီးပက်တန်သည် သူ၏စစ်မှုတမ်းဘ၀တစ်လျှောက်တွင် သူ့အလုပ်အပေါ် ယုံကြည်ချက်ခိုင်မာစွာထားသည်။ ဇွဲလုံ့လပြင်းပြသည်။ ရဲရင့်ပြတ်သားသည်။ တီထွင်ဖန်တီးဆောင်ရွက်သည်။ ထိုအချက်များကပင် သူ့အား ကြီးကျယ်အောင်မြင်သူ တစ်ယောက်အဖြစ်သို့ ပို့ဆောင်ပေးခဲ့သည်။ သို့ဖြစ်ရာ စာဖတ်သူတို့အနေဖြင့် ဤစာအုပ်ကိုဖတ်ပြီး ဗိုလ်ချုပ်ကြီးပက်တန်၏ခံယူချက်နှင့် အလေ့အကျင့်ကောင်းများကို အတုယူစရာအဖြစ် ရှုမြင်နိုင်သလို သူ၏လုပ်ဆောင်ချက်များကို သင်ခန်းစာအဖြစ် အသုံးချနိုင်မည်ဖြစ်ပါသည်။ 2,000ကျပ် |
ကမ္ဘာကျော်ကုန်အမှတ်တံဆိပ်များ၏ ပထမခြေလှမ်းများ သင့်အနေဖြင့် ယခုအချိန်တွင် လုပ်ငန်းတစ်ခုကို လုပ်နေပြီ၊ သို့မဟုတ် လုပ်တော့မည် ဖြစ်ကောင်းဖြစ်နိုင်သည်။ သင့်လုပ်ငန်း၊ သင့်ကုန်အမှတ်တံဆိပ် အောင်မြင်ရေးအတွက် နည်းလမ်းများကိုလည်း ရှာဖွေနေမည် ထင်ပါသည်။ သို့ဆိုလျှင် သင့်အတွက် အောင်မြင်ရေး နည်းလမ်းကောင်းများရှိရာ “ကမ္ဘာကျော်ကုန်အမှတ်တံဆိပ်များ၏ ပထမခြေလှမ်းများ” စာအုပ်ကို ညွှန်ပေးလိုက်ချင်ပါသည်။ ဤစာအုပ်တွင် Adidas, Billabong, Pizza Hut, Volvo Cars, Apple, Nokia, Google စသည့် ကုန်အမှတ်တံဆိပ် ၁၈ ခုအကြောင်းကို စုစည်းတင်ပြထားသည်။ အထူးသဖြင့် ယင်းကုန်အမှတ်တံဆိပ်များ စတင်တည်ထောင်ပုံ၊ အောင်မြင်မှုရဖို့ မည်သို့ကြိုးစားခဲ့ရပုံများကို ဖတ်ရှုရမည်ဖြစ်ရာ သင့်အတွက် ကောင်းကောင်းကြီး အသုံးတည့်မည့်စာအုပ်ဖြစ်ပါသည်။ 2,000ကျပ် |
ရွှေဘဲနှင့် ဝက်ထော ရောင်စုံဆေးခြယ် ရွှေဘဲနှင့် ၀က်ထောသည် ပလုတ်တုတ်ကလေးဂျာနယ်၏ ပင်တိုင်ဇာတ်ကောင်ကလေးများ ဖြစ်ကြပါသည်။ ဤစာအုပ်မှာ ရွှေဘဲနှင့် ၀က်ထောတို့၏ နှစ်သက်စရာရုပ်ပုံကလေးများကို ရေးဆွဲပုံဖော်ပေးထားခြင်း ဖြစ်သည်။ အပျော်ခရီးထွက်ပုံ၊ သီတင်းကျွတ်မီးထွန်းပွဲတော်ပုံ၊ မီးခွက်စောင့်ဘီလူး ဖန်တီးပေးလိုက်သော ကော်ဇောပျံစီးနေပုံ၊ တန်ဆောင်တိုင်မီးထွန်းပွဲတော်ပုံ၊ စက်ဘီးစီးပြီး ရေခဲမုန့်စားနေပုံ၊ ဆင်ကနှင့် ပျော်မြူးနေပုံ၊ သင်္ကြန်ရေကစားနေပုံ၊ ပန်းပွင့်လေးတွေ ဆေးရောင်ခြယ်နေပုံ၊ စန္ဒရားတီးပြီး သီချင်းဆိုနေပုံ၊ အစရှိသော ပျော်ရွှင်စရာပုံရိပ်များနှင့် မြန်မာတို့၏ ချစ်စရာရိုးရာဓလေ့မြင်ကွင်းများကို ကလေးတို့အတွက် ဗဟုသုတဖြစ်ဖွယ် မြင်တွေ့သိရှိနိုင်ပါသည်။ ရွှေဘဲနှင့် ၀က်ထောတို့၏ ချစ်စရာပုံရိပ်များကို ပျော်ပျော်ရွှင်ရွှင် ဆေးရောင်ခြယ်သရင်း ကလေးတို့၏ အနုပညာစွမ်းရည်ကို ဖော်ထုတ်ပြသနိုင်သည့် စာအုပ်တစ်အုပ်ဖြစ်ပါသည်။ 1,000ကျပ် |
နိုင်ငံတကာနှင့် ရိုးရာကစားနည်းများ ရောင်စုံဆေးခြယ် ကစားခြင်းဆိုသည်မှာ ကလေးတို့နှင့် ရင်းနှီးဆက်စပ်နေသော အကြောင်းတစ်ခုဖြစ်သည်။ ကလေးတို့ နှစ်နှစ်၊ သုံးနှစ် အရွယ်မှစ၍ မူလတန်း၊ အလယ်တန်း၊ ရောက်သည့်တိုင်အောင် ကစားကြသည်ကို တွေ့ကြရပါမည်။ အသက်အရွယ်အလိုက် ကစားနည်းအမျိုးမျိုး ကစားကြသည်။ ယခုထုတ်ဝေလိုက်သော ဆေးရောင်ခြယ်စာအုပ်တွင် အသက်ငယ်ရွယ်စဉ် ကစားနိုင်သော ကစားနည်းအပါအ၀င် အသက်အရွယ်မရွေး ကစားနိုင်သော ကစားနည်းမျိုးစုံ ပါဝင်သည်။ ဆေးရောင်လှလှလည်းခြယ်ရင်း မြန်မာနိုင်ငံရှိ ကစားနည်းများအပါအ၀င် နိုင်ငံတကာကစားနည်းများကိုလည်း တွေ့ရမည်ဖြစ်သည်။ ဤစာအုပ်တွင် မြန်မာ့ရိုးရာကစားနည်းများဖြစ်သော ညောင်ပင်တစ္ဆေ၊ ကြိုးခုန်၊ ခြင်းခတ်၊ လိပ်ဥဖွက်၊ ရေအိုးရွက် စသည်တို့အပါအ၀င် နိုင်ငံတကာကစားနည်းများဖြစ်သော ဘောလုံး၊ ရေကူး၊ စက်ဘီးစီး စသည့် ကစားနည်းများလည်း ပါဝင်သည်။ ကလေးများ ထိုရုပ်ပုံများကိုကြည့်၍ နှစ်သက်သလို ဆေးရောင်ခြယ်သပြီး ကလေးတို့၏ အနုပညာစွမ်းရည်ကို ဖော်ထုတ်ပြသနိုင်သည့် စာအုပ်တစ်အုပ် ဖြစ်ပါသည်။ 1,000ကျပ် |
နိုင်ငံတကာနှင့် တိုင်းရင်းသားလူမျိုးများ ရောင်စုံဆေးခြယ် ကမ္ဘာပေါ်တွင် နိုင်ငံပေါင်းမြောက်မြားစွာနှင့် လူမျိုးပေါင်းများစွာရှိသလို၊ မြန်မာနိုင်ငံတွင်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ လူမျိုးပေါင်းများစွာ မှီတင်းနေထိုင်ကြပါသည်။ ထို့ကြောင့် ကလေးငယ်များအတွက် နိုင်ငံတကာနှင့် မြန်မာနိုင်ငံရှိလူမျိုးစုများကို သိရှိစေရန် ၄င်းတို့၏ရိုးရာဝတ်စားဆင်ယင်မှုနှင့် ဓလေ့စရိုက်များကို လေ့လာနိုင်ရန် ကလေးငယ်များ စဉ်းစားဉာဏ်ရင့်သန်ပြီး၊ ပျော်ရွှင်သွက်လက်စေရန် ဖြစ်ပါသည်။ ယခုစာအုပ်တွင် နိုင်ငံတကာလူမျိုးများဖြစ်သည့် ထိုင်းလူမျိုး၊ တရုတ်လူမျိုး၊ ဂျပန်လူမျိုး၊ ရက်(ဒ်) အင်ဒီယန်းလူမျိုးများ အပါအ၀င် အခြားသောလူမျိုးများနှင့် မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော ကချင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသားလူမျိုးများကို ဖော်ပြထားပါသည်။ ကလေးငယ်များ နှစ်သက်ရာဆေးရောင် ရွေးပြီး ရေးခြယ်နိုင်သည့် စာအုပ်တစ်အုပ် ဖြစ်ပါသည်။ 1,000ကျပ် |
HP ရဲ့ကျင့်ထုံး ကုမ္ပဏီတစ်ခု၊ လုပ်ငန်းတစ်ခု တည်ထောင်ကြသည့်အခါ အောင်မြင်မှု၊ ကျရှုံးမှုအမျိုးမျိုးရှိကြသလို တည်ထောင်စဉ်က ရည်ရွယ်ချက်များဆိုလျှင်လည်း တချို့က ကြီးပွားချမ်းသာဖို့၊ တချို့က လူ့ပတ်ဝန်းကျင်ကို အကျိုးပြုဖို့၊ တချို့က မိမိဝါသနာပါသည့် ပညာရပ်ဖြင့် ဆန်းသစ်တီထွင်မှုများ ပြုလုပ်ဖို့ စသည်ဖြင့် ခြားနားမှု ရှိကြသည်။ ဤစာအုပ် မူရင်းစာရေးသူ ဒေးပစ်ပက်ကာ့ဒ်နှင့် သူ၏လုပ်ဖော်ကိုင်ဖက် ဘီလ်ဟျူးလက်တို့ကတော့ ဟျူးလက်-ပက်ကာ့ဒ် (HP) ကုမ္ပဏီကို သူတို့ဝါသနာပါရာပညာရပ်ဖြင့် လူ့ပတ်ဝန်းကျင်အတွက် လိုအပ်ချက်အချို့ကို ဖြည့်ဆန်းဖို့ဆိုသည့်ရည်ရွယ်ချက်ဖြင့် စတင်ခဲ့ကြသည်။ ဟျူးလက်နှင့် ပက်ကာ့ဒ်တို့ ကိုယ်တိုင်က ဆန်းသစ်တီထွင်မှုများကို ကြိုးစားလုပ်ဆောင်သလို ကုမ္ပဏီ၏ပေါ်လစီများကလည်း ထိရောက်မှုရှိလှရာ HP အနေဖြင့် အောင်မြင်မှုမှတ်တိုင်များ စိုက်ထူနိုင်ခဲ့သည်။ HP ၏ အောင်မြင်မှုအကြောင်းတရားများစွာထဲမှ စိတ်ဝင်စားစရာအချက်နှစ်ချက်ကတော့ “စားသုံးသူများ၏အသံကိုနားထောင်ခြင်း”နှင့် '၀န်ထမ်းများကို တန်ဖိုးထားလေးစားခြင်း' တို့ဖြစ်သည်။ ကုမ္ပဏီအနေဖြင့် အရောင်းတာဝန်ခံများကို စားသုံးသူကိုယ်စားလှယ်များအနေဖြင့် ဆွေးနွေးစေသည့် ဥပမာများရှိသလို ၀န်ထမ်းများအတွက် သူတို့၏စွမ်းရည်ကို အကောင်းဆုံးပုံဖော်နိုင်မည့် ပတ်ဝန်းကျင်ကောင်း ပေးအပ်ပြီး စွမ်းရည်ကို တကယ်လည်း အသိအမှတ်ပြုကြောင်း တွေ့ရသည်။ ဆရာဦးလှမင်း ဘာသာပြန်ဆိုထားသော ဤစာအုပ်၌ HP ကုမ္ပဏီ၏သမိုင်းကြောင်းနှင့် လုပ်ဆောင်မှုများကို ရေးသားဖော်ပြထားသောကြောင့် စီးပွားရေးလုပ်ငန်းလုပ်ရန် စိတ်ပါဝင်စားသူများ၊ စီးပွားရေးလုပ်ငန်းနယ်ပယ်ရှိ ဦးဆောင်သူများ ဖတ်သင့်သည့်စာအုပ် တစ်အုပ် ဖြစ်ပါသည်။ 3,000ကျပ် |
သားအိမ်ကင်ဆာ မေး-ဖြေ ၁၀၀ သားအိမ်ကင်ဆာဟာ အမျိုးသမီးတိုင်း စိုးရိမ်နေရတဲ့ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ သားအိမ်ကင်ဆာ အစပျိုးနေသူ၊ ကုသမှုခံယူနေသူ၊ ကုသပြီးနောက်ဆက်တွဲ စောင့်ကြည့်နေသူအားလုံးရဲ့အားထားစရာ၊ အားကိုးစရာဖြစ်ဖို့ ရည်ရွယ်ထုတ်ဝေလိုက်တဲ့ စာအုပ်ဖြစ်ပါတယ်။ ကင်ဆာဟာ ရောဂါတစ်ခုသာဖြစ်ပြီး သေစားသေစေပြစ်ဒဏ်မဟုတ်ကြောင်း သိထားဖို့ ပိုအရေးကြီးပါတယ်။ သားအိမ်ကင်ဆာကုသနည်း အမျိုးမျိုးရှိပါတယ်။ အလုံးအကျိတ်ခွဲထုတ်ခြင်း၊ ပျံ့နှံ့မှုမဖြစ်အောင် ကုသခြင်း၊ ဓာတ်ရောင်ခြည်နဲ့ ဓာတ်ကင်ခြင်းစသဖြင့် သားအိမ်ကင်ဆာအမျိုးမျိုး ခံစားနေရတဲ့ အမျိုးသမီးတွေအတွက် သားအိမ်ဆိုင်ရာ အမေး-အဖြေ ၁၀၀ စာအုပ်ကို အခန်း ၉ ခန်းနဲ့ ဆွေးနွေးထားပြီး အမျိုးသမီးတွေအတွက် သားအိမ်ကင်ဆာဆိုင်ရာ ကျန်းမာရေးဗဟုသုတတွေနဲ့ တခြားဆက်နွှယ်နေတဲ့ရောဂါဝေဒနာတွေရဲ့ သဘောသဘာဝ၊ လက္ခဏာတွေကိုလည်း ထည့်သွင်းရေးသားထားတဲ့စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။ 2,000ကျပ် |
အံ့ဖွယ်တိုက်ဆိုင်မှု ဖြစ်ရပ်မှန် ဇာတ်လမ်းတိုများ (၃) ချစ်ခြင်းမေတ္တာသည် ခွန်အားကို ပေးစွမ်းနိုင်သည်။ ချစ်ခြင်းမေတ္တာက မမြင်နိုင်သောဆက်နွှယ်မှု မျဉ်းကြောင်းများကို ဖန်တီးသည်။ ချစ်ခြင်းမေတ္တာသည် အံ့ဖွယ်စွမ်းအားများကို ဖြစ်ပေါ်စေသည်။ မူရင်းစာရေးသူ Yitta Halberstam နှင့် Judith Leventhal တို့ ဘာသာပြန်ဆိုထားသော ဤစာအုပ်တွင် 'မြင်မြင်ချင်းပင်'၊ 'ဇာပန်းထိုး စားပွဲခင်း'၊ 'မိုးထက်ဆီသို့'၊ 'ငယ်သူငယ်ချင်း'၊ 'မွေးရာပါအမှတ်' စသည့် အခန်း ၆၄ ခန်းဖြင့် အံ့ဖွယ်ဖြစ်ရပ်မှန်ဇာတ်လမ်းများသည် ချစ်ခြင်းမေတ္တာအမျိုးမျိုးနှင့် ဆက်နွှယ်နေသည့်အကြောင်းကို ရသအမျိုးမျိုးပေးစွမ်းထားသည့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။ 2,500ကျပ် |