အံ့ဖွယ်တိုက်ဆိုင်မှု ဖြစ်ရပ်မှတ် ဇာတ်လမ်းတိုများ - ၎
Click to enlarge |
|
Yitta Halbrstam နှင့် Judith Leventhal တို့၏ Small Miracles for Womaen စာအုပ်ကို ဆရာမ မြနှင်းဆီ (Mra Hninzi) က ဘာသာ ပြန်ထားသောစာအုပ်ဖြစ်ပါသည်။ ဤစာအုပ်တွင် ပါဝင်သော ဇာတ် လမ်းတိုများသည် မူရင်းစာရေးသူများက အသက်အရွယ်အမျိုးမျိုးရှိ အမျိုးသမီးများကို မေးမြန်းကာ ထိုအမျိုးသမီးများ ပြောပြသော တကယ့် ဖြစ်ရပ်မှန် အဖြစ်အပျက်များ ဖြစ်ပါသည်။ ရွေးချယ်မှု၊ မြလက်ကောက်၊ ခိုင်မြဲသောအချစ်၊ မိခင်မေတ္တာ၊ မိတ်ကောင်းဆွေကောင်း၊ ရှင်သန်နေ သည့်နှလုံးသား၊ ကယ်တင်ရှင်၊ ထပ်တူအိပ်မက် စသည်ဖြင့် ဖြစ်ရပ်မှန် ဇာတ်လမ်းတို ၅၆ ပုဒ် ပါဝင်ပါသည်။ ခရီးသွားရင်း ကလေးမီးဖွားချိန်နီး နေသောကိုယ်ဝန်သည်အမျိုးသမီးသည် သားဖွားအထူးပြုသူနာပြုရှိသော အိမ်ကို ရွေးချယ်မိပုံ၊ ယောက္ခမအတွက် လက်ဆောင်ပွဲပြင်ဆင်ရင်း ငှား ရမ်းထားသောတန်ဖိုးရှိသလင်းကျောက်ရှန်ပိန်အရက်ခွက်ကွဲသွားရာ မသိ မမြင်ဖူးသောသူတစ်ယောက်မှ ပုံစံတူတစ်ခုလာရောက်လက်ဆောင်ပေး ပုံ၊ လမ်းခရီးစားသောက်ဆိုင်ကားရပ်ကွင်းတွင် ကျပျောက်ခဲ့သော စိန်လက်စွပ်များ ပြန်လည်ရရှိပုံ စသည်ဖြင့် အံ့ဖွယ်တိုက်ဆိုင် ဖြစ်ရပ်မှန်ဇာတ်လမ်းများဖြစ်ပါသည်။ ထူးခြားဆန်းကြယ်မှု၊ မယုံနိုင်ဖွယ်တိုက်ဆိုင်မှုဖြစ်ရပ်များကို စိတ်ဝင်စားသောသူများအတွက် နှစ်သက်မြတ်နိုးမည့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။
Write Review
Your Name:
Your Review: Note: HTML is not translated!
Rating: Bad Good
Your Review: Note: HTML is not translated!
Rating: Bad Good
''ဒီယန်းမေးချင်တာ တစ်ခုရှိတယ်။ ဒီနေ့မနက် မိုနီကာရဲ့ကားကို သော့ခတ်မလို့သွားတော့ ကားနဲ့ဒီယန်းတို့အိမ်ကြားမှာ တခြားအိမ်သုံးလုံးရှိနေတယ်။ ဘာဖြစ်လို့ မိုနီကာက ဒီယန်းရဲ့ အိမ်ကိုမှ ရွေးချယ်ခဲ့တာလဲ။''''ဘုရားသခင်ရဲ့ ချီးမြှောက်နည်းလမ်းတွေက လျို့ဝှက်ဆန်းကြယ် လွန်းတယ်။ မင်းက ကိုယ့်အမေအတွက် စေတနာအထူးထားပြီး စီစဉ်ပေးတာတစ်ခုအတွက် အမေက တကယ်လည်း ၀မ်းသာပျော်ရွှင်တယ်။ ကွဲသွားတဲ့ အရက်ခွက်ကို အစားထိုးပေးဖို့ ဘုရားသခင်က အဲဒီအမျိုးသမီးကို လွှတ်လိုက်တာဖြစ်မယ်။ ကောင်းတဲ့လုပ်ရပ်တစ်ခုရဲ့ အကျိုးဆက်အနေနဲ့ နောက်ထပ်ကောင်းတဲ့ လုပ်ရပ်တစ်ခုကို ဖြစ်ပေါ်စေတယ်ဆိုတာ တကယ် အမှန်ပဲ။''