
ရုံးသုံးမြန်မာစာရေးသားနည်း
![]() Click to enlarge |
|
အခြေခံအားဖြင့် မြန်မာစာအရေးအသားနဲ့ပတ်သက်တဲ့ ပြဿနာတွေကို အလေးအနက် ခေါင်းထဲထည့်ထားပြီး စာရေးတဲ့နေရာမှာ သတိကလေးထားရေးရင်၊ စာအရေးအသားနဲ့ပတ်သက်တဲ့ ချို့ယွင်းချက်တွေ၊ အားနည်းချက်တွေကို ရှောင်နိုင်ရင် ကိုယ်က သူများကို မြန်မာစာနဲ့ ရှင်းရှင်းလင်းလင်း communicate လုပ်နိုင်ပါပြီ။ အဲဒါပြီးမှ နောက်တစ်ဆင့်အနေနဲ့ ကိုယ့်ရုံးမှာ ပြဋ္ဌာန်းထားတဲ့ စည်းကမ်းပုံစံတွေအရ အဲဒီပုံစံ၊ အဲဒီ format ကို လိုက်နာပြီး ရေးရင် ဒီရည်မှန်းချက် ပေါက်မြောက် အောင်မြင်ပါလိမ့်မယ်။
Write Review
Your Name:
Your Review: Note: HTML is not translated!
Rating: Bad Good
Your Review: Note: HTML is not translated!
Rating: Bad Good
မည်သည့်ကိစ္စ၊ မည်သည့်အရာမဆို ပုံစံတကျ စနစ်တကျ ပြုမူဆောင်ရွက်ခြင်းသည် ကောင်းသောအလေ့အကျင့်ကို ဖော်ဆောင်ခြင်းမည်ပါသည်။ ကျွန်ုပ်တို့နေ့စဉ်ဖြတ်သန်းနေကြရသော လူမှုဝန်းကျင်တွင် တစ်ဦးနှင့်တစ်ဦး၊ တစ်ရုံးနှင့်တစ်ရုံး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ကိစ္စအမျိုးမျိုးဖြင့် ဆက်သွယ်ဆောင်ရွက်ကြရာ၌ စကားနှင့်ပြောဆိုဆက်သွယ်ခြင်းအပြင် စာနှင့်ပေနှင့်လည်း ရေးသားဆက်သွယ်မှု ပြုလုပ်ကြရပါသည်။ ထိုအခါ အထက်တွင်ဆိုခဲ့သည့်စနစ်တကျ ပုံစံတကျကိစ္စက လွန်စွာအသုံးဝင် အရေးပါလာပါသည်။ ဤစာအုပ်တွင် ရုံးအချင်းချင်း ဆက်သွယ်ရေးသားကြရသည့် ရုံးသုံးစာရေးနည်းပုံစံများစွာကို နမူနာများနှင့်တကွ ရှင်းပြလမ်းညွှန်ထားပါသည်။ ရုံးတွင်းတင်ပြစာ၊ အမိန့်စာ၊ နှိုး ဆော်စာ၊ ပေးစာ၊ အစည်းအဝေးဖိတ်ကြားစာ အစရှိသည့် စာပုံစံများအပြင် ရုံးသုံးစာရေးနည်းအခြေခံအချက်ဖြစ်သည့် မြန်မာစာအရေးအသားနှင့် ပတ်သက်သော ဆောင်ရန် ရှောင်ရန်များစွာကိုလည်း ထိထိရောက်ရောက် လမ်းညွှန်မှုပြုထားသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။