မြန်မာ့နိုင်ငံရေးနှင့် ဆက်စပ်အတွေးများ
Click to enlarge |
|
သဘောထားကွဲလွဲမှုများစွာ ရှိခဲ့၊ ရှိဆဲဖြစ်သော မြန်မာ့နိုင်ငံရေးသမိုင်းကို ပြန်ဆန်းစစ်လျှင် တစ်ဖက်နှင့်တစ်ဖက် လက်ညှိုးထိုးအပြစ်ရှာခြင်းနှင့် စတင်ခဲ့ကြသည်ကို တွေ့ရပါမည်။ ပဋိပက္ခများသည် ဆယ်စုနှစ်များစွာ ကြာမြင့်လာသည့်တိုင် ပြေလည်နိုင်ခြင်း မရှိပေ။ ကွဲပြားနေ သောအသင်း အဖွဲ့အုပ်စုများစွာသည် အချင်းချင်းအပြစ်ရှာနေခြင်းထက် အားလုံး အကျိုးရှိစေမည့်ပေါင်းစည်းစွမ်းအင်ရအောင် အရေးတကြီး အဖြေရှာဖို့ လိုအပ်နေချိန်ရောက်ပါပြီ။ သို့မှသာ ပြုပြင်ပြောင်းလဲမှုများကို ယုံကြည် စိတ်ချစွာ ဆောင်ရွက်နိုင်မည့်အကြောင်း တင်ပြထားပါသည်။ ထို့အပြင် နိုင်ငံရေးသမားနှင့် မီဒီယာတို့ ကျင့်ဝတ်သိက္ခာကိုယ်စီလိုက်နာကြခြင်းဖြင့် အများပြည်သူအကျိုးစီးပွားအတွက် ဆောင်ကြဉ်းပေးနိုင်မည် ဖြစ်ကြောင်းကို ဆက်စပ်တွေးခေါ်ထားသည့်စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။
Write Review
Your Name:
Your Review: Note: HTML is not translated!
Rating: Bad Good
Your Review: Note: HTML is not translated!
Rating: Bad Good