
ရုပ်ပုံပဟေဠိ
Click to enlarge |
|
ကလေးများအတွက် ရုပ်ပုံပဟေဠိ စာအုပ်သည် ကလေးများ၏ ဥာဏ်ပညာ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ပန်းချီရုပ်ပုံလေး များမှ တဆင့် အနုပညာအား ချစ်မြတ်နိုးစိတ် ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ထုတ်ဝေထားသော စာအုပ်ဖြစ်ပါသည်
Write Review
Your Name:
Your Review: Note: HTML is not translated!
Rating: Bad Good
Your Review: Note: HTML is not translated!
Rating: Bad Good
ကာတွန်းရုပ်ပုံကလေးများသည် ကလေးတို့၏ အဖော်ဟုဆိုပါက မှားမည် မဟုတ်ပါ။ ကလေးများသည် ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာခါစ အရွယ်က စ၍ ကာတွန်းရုပ်ပုံကလေးများကို စိတ်ဝင်စားလေ့ရှိကြသည်။ ချစ်စဖွယ် အရုပ်ကလေးများကို အမြတ်တနိုး ကြည့်ကြသည်။ အချို့က ကူးဆွဲ၊ ရေးဆွဲ ကြသည်။ ထိုကာတွန်းရုပ်ပုံကလေးများ၊ ကာတွန်းရုပ်ပုံကလေးများတွင် ခြယ်သထားသည့် အရောင်အဆင်းများက ကလေးတို့၏ စိတ်ကို ကြည်နူးပီတိ ဖြစ်အောင် ကျေနပ်ပျော်ရွှင်အောင် စွမ်းဆောင်နိုင်ကြသည်။ ကလေးများ သည် ထိုမှတစ်ဆင့် ကာတွန်းရုပ်ပုံကလေးများဖြင့် တန်ဆာဆင်ကွန့်မြူးထား သည့် ဉာဏ်စမ်းရုပ်ပုံများကို ထပ်ဆင့် အာရုံစိုက်လာကြသည်။ ရုပ်ပုံပဟေဠိ များတွင် ၀ှက်ထားသည့်အရာများကို ရှာဖွေအဖြေထုတ်ရခြင်း၌ ပျော်မွေ့ လာကြသည်။ ထို့ကြောင့် ယခုထုတ်ဝေလိုက်သော ဆရာဘဌေးကြည်၏ ရုပ်ပုံပဟေဠိ စာအုပ်သည် ကလေးများ ဉာဏ်ရည်ဖွံ့ဖြိုးလာစေရန်၊ ကာတွန်း ရုပ်ပုံကလေးများမှ တစ်ဆင့် အနုပညာကို ချစ်မြတ်နိုးပြီး စိတ်သဘောထား နူးညံ့သိမ်မွေ့လာစေရန်၊ လောက၀န်းကျင်ကို ချစ်မြတ်နိုးတတ်လာစေရန် ကူညီပေးနိုင်မည့် စာအုပ်တစ်အုပ်ဖြစ်ပါကြောင်း ညွှန်းဆိုလိုက်ပါသည်။