Shopping Cart
0 items
 
Bestselling Products
ရုံးသုံးမြန်မာစာရေးသားနည်း ရုံးသုံးမြန်မာစာရေးသားနည်း
1,000ကျပ်  
အချိန်ကိုအကျိုးရှိရှိစီမံခန့်        ခွဲနည်း ၂၆၂ သွယ်    အချိန်ကိုအကျိုးရှိရှိစီမံခန့်        ခွဲနည်း ၂၆၂ သွယ်   
1,500ကျပ်  
စီမံခန့်ခွဲမှု လျှို့ဝှက်ချက်များ စီမံခန့်ခွဲမှု လျှို့ဝှက်ချက်များ
2,000ကျပ်  
ညှိနှိုင်းဆွေးနွေးမှု တတ်ပညာ ညှိနှိုင်းဆွေးနွေးမှု တတ်ပညာ
1,500ကျပ်  
ကိုယ်ကျင့်တရား ကိုယ်ကျင့်တရား
2,000ကျပ်  
ရွှေမိုး ငွေမိုးရွာစေသူတို့၏ လျှို့ဝှက်ချက်များ ရွှေမိုး ငွေမိုးရွာစေသူတို့၏ လျှို့ဝှက်ချက်များ
2,500ကျပ်  
အာရှမူသစ်သုံး CEO ၏အောင်မြင်သော စီးပွားရေး စီမံခန့်ခွဲမူ နည်းသစ်များ အာရှမူသစ်သုံး CEO ၏အောင်မြင်သော စီးပွားရေး စီမံခန့်ခွဲမူ နည်းသစ်များ
2,000ကျပ်  
ဖအေနှစ်ဦးသင်ပေးတဲ့ ဆင်းရဲနည်း၊ ချမ်းသာနည်း ဖအေနှစ်ဦးသင်ပေးတဲ့ ဆင်းရဲနည်း၊ ချမ်းသာနည်း
2,000ကျပ်  
ထိပ်တန်းသို့ အံ့မခန်း လှမ်းတက်ခဲ့သူ JEREMY LIN ထိပ်တန်းသို့ အံ့မခန်း လှမ်းတက်ခဲ့သူ JEREMY LIN
3,000ကျပ်  
ဆရာဇော်ဂျီမွေးနေ့ရာပြည့် အထိမ်းအမှတ် စာတမ်းများ ဆရာဇော်ဂျီမွေးနေ့ရာပြည့် အထိမ်းအမှတ် စာတမ်းများ
1,800ကျပ်  
ငြင်းဆိုခြင်းသည်      အပြစ်မဟုတ်ပါ     ငြင်းဆိုခြင်းသည်      အပြစ်မဟုတ်ပါ    
1,000ကျပ်  
Presenting Myanmar Presenting Myanmar
1,500ကျပ်  
အံ့ဖွယ်တိုက်ဆိုင်မှု ဖြစ်ရပ်မှန် ဇာတ်လမ်းတိုများ (၁) အံ့ဖွယ်တိုက်ဆိုင်မှု ဖြစ်ရပ်မှန် ဇာတ်လမ်းတိုများ (၁)
2,500ကျပ်  
1 out of 5 Stars!
ကာတွန်းဇာတ်ကောင်ရေးဆွဲနည်း ကာတွန်းဇာတ်ကောင်ရေးဆွဲနည်း
1,000ကျပ်  
ရေချိုအလှမွေးငါးမွေးမြူခြင်း   နှင့်မျိုးပွားခြင်းလက်စွဲ    ရေချိုအလှမွေးငါးမွေးမြူခြင်း   နှင့်မျိုးပွားခြင်းလက်စွဲ   
3,000ကျပ်  
 

eshopping.com.mm

Latest Products
အောင်မြင်သူများ လျှောက်သည့်လမ်း
အောင်မြင်သူများ လျှောက်သည့်လမ်း
ဘ၀တွင် သင်ယူမှုက နေ့စဉ်နှင့်အမျရှိနေသည်။ လူသားအဖြစ် မွေးဖွားလာပြီး လမ်းမလျောက်တတ်ခင်က လမ်းလျောက်တတ်အောင် သင်ယူကြရသည်။ လမ်းလျောက်တတ်လာပါကလည်း လဲကျမသွားအောင် သင်ယူကြရပြန်သည်။ ပြီးတော့ ဘ၀မှာအောင်မြင်မှုရရန်လည်း သင်ယူကြရပါသည်။ အောင်မြင် အောင်သင်ယူကြိုးစားရင်း မထင်မှတ်ဘဲရှုံးနိမ့်သွားသည့်အခါတွင်လည်း ရှုံးနိမ့် မှုဆီကနေ သင်ခန်းစာယူ၊ သင်ယူကြရပြန်သည်။ ဆိုရလျင် အောင်မြင်မှုဆီသို့ လျောက်ရသည့်လမ်းက အလွယ်တကူမဟုတ်။ ဖြောင့်ဖြူးချင်မှ ဖြောင့်ဖြူးမည်။ ဤသို့ဆိုလျင် အောင်မြင်မှုပန်းတိုင်ဆီသို့ လျောက်သောလမ်း ချောမွေ့စေရန် မည်သည့်အရာများ လိုအပ်သနည်း၊ မည်သည့်အရာများကိုရှောင်ပြီး မည်သည့်အရာများကို ဆောင်ရမည်နည်း စသောမေးခွန်းများ မေးစရာရှိ လာသည်။ သည်မေးခွန်းများနှင့် စပ်လျဉ်းပြီး လုပ်ဆောင်ရမည့်ဝန်တာများ၊ ထားရှိရမည့် စိတ်သဘောများ၊ တစ်နည်းအားဖြင့် သင်ယူမှု၏ အရေးပါ မှုများကို ယခုစာအုပ်က ပြည့်စုံရှင်းလင်းစွာ ပြဆိုထားသည်ဟု ညွှန်းဆိုချင် ပါသည်။
3,500ကျပ်  
ယနေ့မှစ ပိုမိုကောင်းမွန်သော ဖခင်ဘဝ
ယနေ့မှစ ပိုမိုကောင်းမွန်သော ဖခင်ဘဝ
ဖခင်မရှိဘဲ ဘ၀ကိုရုန်းကန်ကြီးပြင်းခဲ့ရပြီး အောင်မြင်မှုများစွာ သိမ်းပိုက် နိုင်ခဲ့သော မူရင်းစာရေးသူ Gregory Slayton က 'ဖခင်ဘ၀သည် ယောက်ျားတစ်ယောက်အတွက် ဘ၀တွင် အရေးကြီးဆုံးသော အလုပ် တာဝန်ဖြစ်သည်' ဟု ဖွင့်ဆိုထားပါသည်။ လူတစ်ဦး၏တန်ဖိုးသည် ထိုသူ၏ဘဏ်စာရင်း၊ အလုပ်ရာထူးတို့နှင့်မဆိုင်ဘဲ ထိုသူ၏ဂုဏ်သိက္ခာနှင့် ထိုသူချစ်သော၊ ထိုသူ့ကိုချစ်သောသူများနှင့်သာ သက်ဆိုင်ပါသည်။ အတွေ့အကြုံမှရလာသော ဘ၀သင်ခန်းစာများကို လေ့လာပြီး ဘုရား သခင်ထံမှ အကူအညီတောင်းရင်း လက်တွေ့လေ့ကျင့်ဆောင်ရွက်ပုံ နည်းလမ်းများကို ကျင့်သုံးလိုက်နာနိုင်ကြစေရန် ရည်ရွယ်ရေးသားထား သော စာအုပ်တစ်အုပ်ဖြစ်ပါသည်။
5,000ကျပ်  
ANAWRAHTA of BAGAN Dynasty
ANAWRAHTA of BAGAN Dynasty
သက္ကရာဇ် ၁၀၄၄ မှ ၁၀၇၇ အထိ ပုဂံထီးနန်းကို စိုးစံခဲ့သူ အနော်ရထာမင်း၏ အကြောင်းကို သုတေသနပြုရေးသားထားသော စာအုပ်ဖြစ်သည်။ ပုဂံ မင်းဆက်မတိုင်ခင် တကောင်းနှင့်သရေခေတ္တရာမင်းဆက်၊ ရှေးဦးပုဂံနိုင်ငံ၊ ပုဂံမင်းဆက်၏မြို့တော်များ၊ အနော်ရထာ၏ မျိုးရိုးအစဉ်အလာ၊ အနော်ရထာ စိုးစံသော ပုဂံနိုင်ငံတော်၊ ပုဂံနိုင်ငံတော်၏နိဂုံးစသည်ဖြင့် အခန်းခုနှစ်ခန်းခွဲကာ ပုဂံမင်းဆက်၊ ပုဂံနိုင်ငံတော်နှင့် အနော်ရထာ မင်းအကြောင်းကို အထောက်အထားခိုင်လုံစွာ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသောစာအုပ် ဖြစ်သည်။ မြန်မာ့သမိုင်းကို လေ့လာသော သုတေသီများ၊ ကျောင်းသားများ၊ ပုဂံနှင့်အနော်ရထာဘုရင်တို့အကြောင်း ပိုမိုသိရှိလိုသူများ ဖတ်ရှုလေ့လာသင့်ပါသည်။ ပိုမိုသိရှိလိုသူများ ဖတ်ရှုလေ့လာသင့်ပါသည်။
3,500ကျပ်  
စီမံခန့်ခွဲမှု အယူအဆ ၅၀
စီမံခန့်ခွဲမှု အယူအဆ ၅၀
မိမိဘ၀၊ မိမိအလုပ်တိုးတက်အောင်မြင်ရေးက မိမိ၏စီမံခန့်ခွဲမှု အရည်အချင်း ကောင်းနှင့် တိုက်ရိုက်အချိုးကျသည်ဆိုပါက မည်သူမျငြင်းနိုင်မည်မထင်။ စီမံခန့်ခွဲမှုဟူသည်က ကိုယ်ပိုင်အလုပ်ပဲလုပ်လုပ်၊ သူတစ်ပါးအလုပ်ပဲလုပ်လုပ် ဘေးဖယ်ထား၍ ရကောင်းသောအရာလည်းမဟုတ်။ စီမံခန့်ခွဲမှု ညံ့သော၊ စီမံခန့်ခွဲမှုကို ပစ်ပယ်သောလူ၊ သို့မဟုတ် လုပ်ငန်းတို့၏ ကျဆုံးခန်းကို မမြင်ချင် မှအဆုံး မြင်ကြရမည်။ ယခုထုတ်ဝေလိုက်သည့် စီမံခန့်ခွဲမှုအယူအဆ ၅၀ စာအုပ်သည် စီးပွားရေးတစ်ခုလုပ်ကိုင်ရာတွင် လိုအပ်သည့် အဓိကကျသော အယူအဆများကို ချက်ကျလက်ကျဖော်ပြထားပြီး လုပ်ငန်းအောင်မြင်ရေးကို ပါ ထောက်ကူပေးမည်ဟု ယုံကြည်ပါသောကြောင့် ဖတ်သင့်သော စာအုပ် တစ်အုပ်ဟု ဆိုချင်ပါသည်။
3,000ကျပ်  
Myanmar Performing Arts Through The Ages
Myanmar Performing Arts Through The Ages
မြန်မာ့အနုပညာနှင့် ပတ်သက်၍ နှံ့စပ်ကျွမ်းကျင်သော ဆရာ (ဦး) ရဲဒွေး က အင်္ဂလိပ်ဘာသာဖြင့် ပြုစုရေးသားထားသော စာအုပ်ဖြစ်သည်။ မြန်မာသဘင်အနုပညာနှင့် ပတ်သက်၍ ပျူခေတ်၊ ပုဂံခေတ်၊ ပင်းယခေတ် စသည်ဖြင့် ခေတ်အသီးသီးမှ အက၊ အတီးအမှုတ်ဆိုင်ရာ အကြောင်းအရာများကို ရည်ñွှန်းကိုးကားချက်များဖြင့် တင်ပြထားသည်။ ထို့အပြင် မြန်မာ့ဆိုင်းဝိုင်း၊ မြန်မာ့ရုပ်သေး၊ မြန်မာ့အက၊ မြန်မာ့ ပြဇာတ်၊ အငြိမ့်သဘင်တို့နှင့် ပတ်သက်၍ သိမှတ်ဖွယ်ရာများကိုလည်း အခန်းလိုက် ရေးသားတင်ပြထားသည်။ သဘင်ဝန်နှင့် လမိုင်းနတ်အကြောင်း တို့ကိုလည်း သီးခြားခေါင်းစဉ်နှစ်ခုဖြင့် ရေးသားတင်ပြထားပါသည်။ မြန်မာ့အနုပညာနှင့် ပတ်သက်၍ သိရှိလေ့လာလိုသူများ၊ ပညာရှင် များနှင့် စာဖတ်သူများ လက်ကိုင်ထားရမည့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။
5,000ကျပ်  
လှပ၊ ကျန်းမာ၊ စိတ်ချမ်းသာ ယောဂလေ့ကျင့်ပါ
လှပ၊ ကျန်းမာ၊ စိတ်ချမ်းသာ ယောဂလေ့ကျင့်ပါ
ဤစာအုပ်တွင် ဖော်ပြထားသော ကျင့်စဉ်များ လေ့ကျင့်ပုံများသည် သရုပ်ပြန်ရန်နှင့် မှီငြမ်းရန်တွက်သာ ပြုလုပ်ထားခြင်း ဖြစ်ပါသည်။ မိမိတို့ ကိုယ်တိုင်လေ့ကျင့်သည့်အခါ ပုံပါအတိုင်း ထပ်တူညီချင်မှ ညီပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် လူတစ်ဦးနှင့် တစ်ဦး ခန္ဓာကိုယ် အခံ မတူညီသောကြောင့် ဖြစ်ပါသည်။ စတင်လေ့ကျင့်သည့် အချိန်တွင် တတ်ကျွမ်းနားလည်သော ဆရာတစ်ဦးဦး၏ ညွှန်ကြားမှု အောက်တွင် လေ့ကျင့်သင့်ပါသည်။ လေ့ကျင့်နေစဉ် အတွင်း၌လည်း မိမိတို့ ခန္ဓာကိုယ်၏ တုန့်ပြန်မှုကို အမြဲသတိပြု နားထောင်နေသင့်ပါသည်။ မိမိခန္ဓာကိုယ် ခံနိုင်သလောက်သာ လေ့ကျင့်သင့်ပါသည်
5,000ကျပ်  
စွယ်စုံသုတ အင်္ဂလိပ်စာ - ၂
စွယ်စုံသုတ အင်္ဂလိပ်စာ - ၂
Encyclopaedia Britannica စွယ်စုံကျမ်းသည် ပထမဆုံးစတင်ထုတ်ဝေခဲ့သည့် ၁၇၆၈ခုနှစ်မှစ၍ လူအများယုံကြည်အားထားလောက်သည့် ဂုဏ်သတင်းကျော်ကြားမှုနှင့် ပြည့်စုံသော ကျမ်းဖြစ်ပါသည်။ အရေးအသားရှင်းလင်းပြေပြစ်မှု၊ အချက်အလက်များ တိကျမှန်ကန်မှု၊ ရည်ရွယ်ချက်ကောင်းမွန်မှုတို့ကြောင့် ပညာရှာမှီးလိုသူများ၊ ပညာရှင်များ လက်မလွှတ်တမ်း ကိုးကားလာကြသည်မှာ နှစ်ပေါင်း ၂၅၀ တိုင်ပြီ ဖြစ်ပါသည်။ ယခုစာအုပ်တွင် Encyclopaedia Britannica စွယ်စုံကျမ်း၌ အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြထားသော ကမ္ဘာကျော်ပုဂ္ဂိုလ် ၁၇ ဦးတို့၏ အကြောင်းကို ဆရာဘ၀သစ်ဦးအောင်ကျော် (မောင်ကြာညို)က မြန်မာလိုရေးသားထားပါသည်။ မူရင်းစွယ်စုံကျမ်းပါ အင်္ဂလိပ်စာ အရေးအသားအသုံးနှုန်းများသည် ခံ့ညားလှပသည့်အလျေက် ဘာသာပြန်ဆိုသူကလည်း ဆိုလိုရင်းမပျောက်အောင် အတိအကျ ပြန်ဆိုထားပါသည်။ အတ္ထုပ္ပတ္တိစာပေအမျိုးအစားကို နှစ်သက်သူ၊ Encyclopaedia Britannica စွယ်စုံကျမ်းကို တန်ဖိုးထားသူ၊ အင်္ဂလိပ်ဘာသာ စာပေလေ့လာသူတို့အတွက် အလွန်အကျိုးများမည့် စာအုပ်တစ်အုပ်ဖြစ်ပါသည်။
3,500ကျပ်  
လုပ်ငန်းစီမံချက်တစ်ခု ရေးဆွဲနည်း
လုပ်ငန်းစီမံချက်တစ်ခု ရေးဆွဲနည်း
Brian Finch ရေးသားထားသော Business Plan နှင့်ပတ်သက်သည့် စာအုပ်များထဲမှ How To Write A Business Plan စာအုပ်ကို ဘာသာပြန်ထားသော စာအုပ်ဖြစ်ပါသည်။ လုပ်ငန်းစီမံချက်ဖွဲ့စည်းပုံ၊ မိမိလုပ်မည့် လုပ်ငန်း၏ နောက်ခံသမိုင်း၊ ဈေးကွက်နှင့် ပတ်သက်သည့် ဈေးကွက်ဖွဲ့စည်းပုံ၊ ပြိုင်ဘက်များ၊ Customer များ၊ ဖြန့်ဖြူးခြင်းအကြောင်းများ၊ ထိန်းချုပ်ကွပ်ကဲမှု၊ ပစ္စည်းဖြည့်တင်းမှု၊ တည်နေရာနှင့် ပတ်ဝန်းကျင်ကြီးကြပ်ကွပ်ကဲမှု စသည့် လုပ်ငန်းဆောင်ရွက်မှု အကြောင်းများ၊ အရောင်းခန့်မှန်းချက်၊ ကုန်ကျစရိတ်များ ကြိုတင်ခန့်မှန်းခြင်း၊ အရှုံးအမြတ်စာရင်း၊ ငွေသားခန့်မှန်းချက်၊ ငွေကြေးထည့်ဝင်ခြင်း စသည့် ဘဏ္ဍာရေးဆိုင်ရာ အကြောင်းများအပြင် လုပ်ငန်းနှင့် ပတ်သက်ပြီး စွန့်စားမှုများ၊ လျှို့ဝှက်ချက်များ၊ လုပ်ငန်းတွင်း လုပ်ငန်းစီမံချက်ကို မဟာဗျူဟာ ကျကျ ရေးဆွဲဖန်တီးခြင်း အကြောင်းများကို အသေးစိတ် တင်ပြဆွေးနွေးထားပါသည်။ ထို့ကြောင့် ကုမ္ပကြီးများမျ လုပ်ငန်းစီမံချက်ရေးဆွဲရသူများ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်များအတွက် ပြီးပြည့်စုံသော လုပ်ငန်းစီမံချက် တစ်ခုရေးဆွဲနိုင်ရန် ဤစာအုပ်ပါ အချက်အလက်များ၊ အကြံပြုချက်များက များစွာ အထောက်အကူပြုပါလိမ့်မည်။
3,000ကျပ်  
ရုပ်ပုံပဟေဠိ
ရုပ်ပုံပဟေဠိ
ကလေးများအတွက် ရုပ်ပုံပဟေဠိ စာအုပ်သည် ကလေးများ၏ ဥာဏ်ပညာ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ပန်းချီရုပ်ပုံလေး များမှ တဆင့် အနုပညာအား ချစ်မြတ်နိုးစိတ် ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ထုတ်ဝေထားသော စာအုပ်ဖြစ်ပါသည်
1,500ကျပ်  
ဦးနှောက်ကင်ဆာ မေး-ဖြေ ၁၀၀
ဦးနှောက်ကင်ဆာ မေး-ဖြေ ၁၀၀
Dr Virginia Stark Vance-M.D နှင့် M.L.Dubay တို့ တွဲဖက်ရေးသားထား သော 100 Questions & Answers About Brain Tumors စာအုပ်ကို ဒေါက်တာမြင့်သန်းက ဘာသာပြန်ထားသောစာအုပ် ဖြစ်ပါသည်။ စိတ် ကစဥ့်ကလျားရောဂါ၏ အခြေခံအချက်အလက်များ အပါအ၀င် ဦးနှောက် ကင်ဆာ၏ရောဂါလက္ခဏာများ၊ ဦးနှောက်ကင်ဆာရောဂါ စတင်ဖြစ် ပွားပုံ၊ ရောဂါရှာဖွေသိရှိမှုနှင့် ရောဂါဗေဒ၊ ဓာတ်ရောင်ခြည်ကုထုံးနှင့် အခြားကုသနည်းများ၊ ဦးနှောက်ကင်ဆာကုသရာတွင် အသုံးပြုသောဆေးဝါးများ၊ ဦးနှောက်ကင်ဆာများ၏ နောက်ဆက်တွဲဆိုးကျိုးများနှင့် ကုသမှုများ၊ ဦးနှောက်ကင်ဆာနှင့် အသက်ရှင်နေရခြင်းတို့ အပါအ၀င် ကင်ဆာရောဂါ ဝေဒနာရှင်များအနေဖြင့် မိမိအနာဂတ်ကို မည်သို့စီမံထိန်းသိမ်းရမည် စသည်ဖြင့် ကင်ဆာရောဂါဆိုးကြီးအကြောင်း လူနာများသိသင့်၊ ဆောင်ထားသင့်သည်များကို မေးခွန်းပုံစံဖြင့် ရေးသား တင်ပြထားပါသည်။ ထို့ပြင် ဦးနှောက်ကင်ဆာရောဂါဆိုးကြီးကို ဖြတ်ကျော်အောင်မြင်ခဲ့သော လူနာတစ်ဦး၏အတွေ့အကြုံကိုပါ ထည့်သွင်းဖော်ပြထားရာ ဦးနှောက် ကင်ဆာအကြောင်း သိလိုသူများ၊ ဦးနှောက်ကင်ဆာဝေဒနာခံစားနေရသူများ၊ မိသားစု ၀င်များနှင့် မိတ်ဆွေသူငယ်ချင်းများအတွက် ဖတ်သင့်ဆောင်ထားသင့်သောစာအုပ် ဖြစ်ပါသည်။
4,000ကျပ်  
စီးပွားရေးတစ်ခုမှရသော သင်ခန်းစာ ၉၉ ချက်
စီးပွားရေးတစ်ခုမှရသော သင်ခန်းစာ ၉၉ ချက်
အောင်မြင်မှုနှင့် ဆုံးရှုံးမှုဆိုသည်က နံရံပါးပါးကလေးတစ်ချပ်သာ ခြားသည်ဟု ဆိုနိုင်သည်။ ယနေ့ မိုးထိအောင် ထိုးတက်နေပြီး နောက်တစ်နေ့တွင် အောက်ဆုံးသို့ ထိုးကျသွားနိုင်သည်။ အောင်မြင်မှုဟူသည်က စနစ်တကျ တည်ဆောက်ရသလို၊ ထိုအောင်မြင်မှု တည်မြဲစေရန်လည်း ထိန်းသိမ်းတတ်ဖို့ လိုသေးသည်။ အောင်မြင်မှုများ ပို၍ပို၍ မတိုးပွားနိုင်သေးလျှင်တောင် ရှိပြီးသားအောင်မြင်မှု ကို ဣနြေ္ဒမပျက် ဆက်လက်တည်ရှိနေစေရန် စီမံထားနိုင်မှ တော်ကာ ကျပေမည်။ ထိုသို့မဟုတ်ဘဲ ဆုံးရှုံးမှုနှင့် မလွဲမသွေ ပက်ပင်း တိုးပါက ကြုံလာရမည့်ဒဏ်ကို ရင်ဆိုင်နိုင်စွမ်းရှိဖို့လည်း လိုပါသည်။ ယခုစာအုပ်တွင် တစ်ဒေါ်လာ ၉၉ ပြားဆိုင်ပိုင်ရှင် နန့်ဇ်ချောင်ကို မိုသည် အောင်မြင်သောလုပ်ငန်းရှင်ဘ၀၊ ဦးဆောင်စွန့်စား စီးပွားရှာ သူ စံပြအမျိုးသမီးအဖြစ်မှ လုပ်ငန်း ဒေ၀ါလီခံရသည့် အနေအထား သို့ ရောက်ခဲ့ရသော်လည်း စိတ်ဓာတ်ကျသွားခြင်းမရှိ၊ သူ့အတွေ့အကြုံ၊ သူ့လွဲချော်မှုများကို အကောင်းမြင်သောစိတ်ဖြင့် အခြားသူများ နမူနာယူနိုင်ရန် ပြန်လည်ဝေမျပေးထားသည့်စာအုပ်တစ်အုပ်ဖြစ်ပါသည်။
3,500ကျပ်  
သင့်အလုပ်သည်သင့်တန်ဖိုး
သင့်အလုပ်သည်သင့်တန်ဖိုး
အမေရိကန်စာရေးဆရာမ Regina Brett ၏ God is Always Hiring စာအုပ်ကို ဘာသာပြန်ထားသောစာအုပ် ဖြစ်ပါသည်။ စေ့ဆော်မှု ပေးသော စာစီစာကုံးများ၊ ဘ၀ဇာတ်ကြောင်းများနှင့် ဆောင်းပါးများ စုစည်းထားသော စာအုပ်ဖြစ်ပြီး ဘ၀နှင့်အလုပ်အကိုင်ကို ရှုထောင့် အသစ်မှ ရှုမြင်နိုင်ရန် သင်ခန်းစာ ၅၀ ဖြင့် တင်ပြထားသောစာအုပ် ဖြစ်သည်။ အလုပ်လက်မဲ့များ၊ မိမိအရည်အချင်းထက် အဆင့်နိမ့်သောအလုပ်ကို လုပ်ကိုင်နေရသူများ၊ အလုပ်တွင် စိတ်မချမ်းမြေ့သူများအတွက်၊ မိမိတို့ဘ၀အတွက် လေးနက်မှုပိုရှိသော ဘ၀ကို လိုလားသည့် အငြိမ်းစားယူပြီးသူများနှင့် အလုပ်မလုပ်နိုင်တော့သူများ အတွက်၊ ဘ၀တွင် လမ်း ပျောက်ပြီး ကျိုးပြတ်နေသော ဘ၀လမ်းခရီး တွင် ခြေဦးတည့်ရာနေခဲ့ပြီးမှ နောက်ဆုံးတွင် ဘ၀၏ပီပြင်သော အခန်းကဏ္ဍသို့ တည့်တည့်မတ်မတ် ရောက်ရှိသူများအတွက် ရည်ရွယ်ရေးသားထားသော စာအုပ်ဖြစ်ပါသည်။ အသက်မွေးဝမ်းကျောင်းအလုပ်ကို ယခုမှ ရှာဖွေမည့်သူများနှင့် လုပ်ငန်းခွင်မှသူများအတွက် မိမိအလုပ်ကို ပိုမို တန်ဖိုးထားပြီး လုပ်ငန်းခွင်အတွင်း၊ ပျော်ရွှင်ကျေနပ်မှုရရှိစေရန် အထောက်အကူပြုနိုင်သည့်စာအုပ် ဖြစ်ပါသည်။
4,000ကျပ်  
CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှု မဂ္ဂဇင်း
CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှု မဂ္ဂဇင်း
၂၀၁၇ ခုနှစ် ဇန်န၀ါရီလထုတ် CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှု မဂ္ဂဇင်းကို တူဒေးစာအုပ်ဆိုင်များနှင့် အမြို့မြို့အနယ်နယ်ရှိ စာအုပ်ဆိုင်များမှာ ၀ယ်ယူရရှိနိုင်ပါပြီ။
2,500ကျပ်  
Google နှင့် ရာစုသစ်စီမံခန့်ခွဲမှု
Google နှင့် ရာစုသစ်စီမံခန့်ခွဲမှု
How Google Works စာအုပ်ကို ဘာသာပြန်ထားသောစာအုပ် ဖြစ်ပါသည်။ Google စတင်တည်ထောင်ဖြစ်ပုံမှအစ ယနေ့ အင်တာနက်စာမျက်နှာများပေါ်တွင် အမြဲတွေ့နေ၊ မြင်နေအသုံးပြုနေကြသော၊ အများလက်ခံအသုံးပြုနေသော Google အထိ မည်ကဲ့သို့ တည်ဆောက်ခဲ့ရပုံတို့ကို လေ့လာတင်ပြထားသော စာအုပ်ဖြစ်ပါသည်။ Standford တက္ကသိုလ်၏ အဆောင်ခန်းလေးထဲတွင် မွေးဖွားခဲ့သော Google သည် Menlo Park ရှိ Susan Wojcicki ၏ ကားဂိုဒေါင်၊ ထိုမှတစ်ဆင့် Palo Atto ရှိ ရုံးခန်း၊ နောက်ဆုံး Mountain View ရောက်သည်အထိ Sergey နှင့် Larry တို့သည် ကုမ္ပဏီကို ရိုးရှင်းသောမူဝါဒများဖြင့် စီမံအုပ်ချုပ်ခဲ့ပုံ၊ ပိုက်ဆံရရန် အဓိကဦးတည်ချက် မထားဘဲ User များအတွက် အကောင်းဆုံးဝန်ဆောင်မှုပေးရန် ကြိုးစားပုံ၊ ပြိုင်ဘက်ကုမ္ပဏီများအပေါ် Google ၏သဘောထားနှင့် အခက်အခဲများကို မည်သို့ကျော်ဖြတ်ခဲ့ပုံ၊ ရနိုင်သမျသော Software Engineer များနှင့် Smart Creative များကို စုစည်းပြီး လွတ်လပ်စွာ တွေးခေါ်ခွင့်၊ ဆုံးဖြတ်ခွင့်နှင့် လုပ်ပိုင်ခွင့်များပေးထားပုံ စသည့် Google ၏ရာစုသစ်စီမံခန့်ခွဲမှုကို ဖော်ပြထားရာ အသေးစား၊ အလတ်စားနှင့် ကုမ္ပဏီကြီးများရှိ ခေါင်းဆောင်ပိုင်းတွင် နေရာယူထားကြသောပုဂ္ဂိုလ်များအတွက်နှင့် Google အကြောင်းကို ဂဃနဏ သိလိုသူများအတွက် ဖတ်သင့်သောစာအုပ်ဖြစ် ပါသည်။
3,000ကျပ်  
ဘ၀အတွက်တာ စစ်တုရင်နည်းဗျူဟာ
ဘ၀အတွက်တာ စစ်တုရင်နည်းဗျူဟာ
ဤစာအုပ်သည် CEO မဂ္ဂဇင်းတွင် ဆရာမောင်မောင်လွင် (စစ်တုရင်) လစဉ်ရေးသားခဲ့သည့် စစ်တုရင်ကို အခြေခံသော အတွေးအမြင်ဆောင်းပါးများကို တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်ရန် ပေါင်းစုထုတ်ဝေခြင်း ဖြစ်ပါသည်။ လူ့လောက၊ စီးပွား ရေးလောကတို့တွင် နေထိုင်လုပ် ကိုင်ရာ၌ ပြင်ဆင်မှုပြုခြင်း၊ တုံ့ပြန်ခြင်း၊ ဆုံးဖြတ်ချက်ချခြင်းတို့အပေါ် မူတည်၍ အောင် မြင်မှု၊ ဆုံးရှုံးမှုတို့ကို ခံစားရသည်ဖြစ်ရာ ဤစာအုပ်တွင် ပါရှိသည့် ကစားကွက်၊ အဖြစ်အပျက်နှင့် အယူအဆတို့ကို မှီးယူ အသုံးချ နိုင်ပါလိမ့်မည်။ဤစာအုပ်ကို ဖတ်ရှု၍ ကျင့်သုံးလိုက်နာခြင်းဖြင့် ဘ၀ခရီးတစ်လျောက် တိုးတက်အောင်မြင်မှုများ ရရှိနိုင်ရန် ရည်ရွယ်၍ ထုတ်ဝေလိုက်ခြင်း ဖြစ်ပါသည်။
2,500ကျပ်  
CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှု မဂ္ဂဇင်း
CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှု မဂ္ဂဇင်း
၂၀၁၆ ခုနှစ် ဒီဇင်ဘာလထုတ် CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှု မဂ္ဂဇင်းကို တူဒေးစာအုပ်ဆိုင်များနှင့် အမြို့မြို့အနယ်နယ်ရှိ စာအုပ်ဆိုင်များမှာ ၀ယ်ယူရရှိနိုင်ပါပြီ။
2,500ကျပ်  
CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှု မဂ္ဂဇင်း
CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှု မဂ္ဂဇင်း
၂၀၁၆ ခုနှစ် နိုဝင်ဘာလထုတ် CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှု မဂ္ဂဇင်းကို တူဒေးစာအုပ်ဆိုင်များနှင့် အမြို့မြို့အနယ်နယ်ရှိ စာအုပ်ဆိုင်များမှာ ၀ယ်ယူရရှိနိုင်ပါပြီ။
2,500ကျပ်  
CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှု မဂ္ဂဇင်း
CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှု မဂ္ဂဇင်း
၂၀၁၆ ခုနှစ် အောက်တိုဘာလထုတ် CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှု မဂ္ဂဇင်းကို တူဒေးစာအုပ်ဆိုင်များနှင့် အမြို့မြို့အနယ်နယ်ရှိ စာအုပ်ဆိုင်များမှာ ၀ယ်ယူရရှိနိုင်ပါပြီ။
2,500ကျပ်  
CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှု မဂ္ဂဇင်း
CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှု မဂ္ဂဇင်း
၂၀၁၆ ခုနှစ် စက်တင်ဘာလထုတ် CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှု မဂ္ဂဇင်းကို တူဒေးစာအုပ်ဆိုင်များနှင့် အမြို့မြို့အနယ်နယ်ရှိ စာအုပ်ဆိုင်များမှာ ၀ယ်ယူရရှိနိုင်ပါပြီ။
2,500ကျပ်  
တက္ကသိုလ် မလေးခိုင် နှင်းဆီပန်းထဲကနတ်သူငယ်လေးနှင့်အခြားပုံပြင်များ
တက္ကသိုလ် မလေးခိုင် နှင်းဆီပန်းထဲကနတ်သူငယ်လေးနှင့်အခြားပုံပြင်များ
အစဉ်အဆက်က ပြောလာသောအဖြစ်အပျက်၊ ဇာတ်ကြောင်း ကို 'ပုံပြင်' ဟု မြန်မာအဘိဓာန်တွင် ဖွင့်ဆိုထားသည်။ ကလေးသူငယ် များအား ပုံပြောပြခြင်းကို လူကြီးသူမများက ဓလေ့တစ်ခုလို လုပ် ဆောင်ခဲ့ကြသည်။ ပုံပြင်များစွာကို တစ်နိုင်ငံမှတစ်နိုင်ငံ၊ တစ်နယ်မှ တစ်နယ်၊ တစ်ဦးမှတစ်ဦးသို့ အသီးသီးနှုတ်ဆင့်ကမ်းခဲ့ကြသည်။ ကလေးတိုင်းလိုလို အိပ်ရာဝင်ပုံပြင်များကို နားထောင်ရင်း ကြီးပြင်း လာကြရသည်။ လူကြီးမိဘတို့က အသိအလိမ္မာ၊ ဗဟုသုတများဖြင့် ထုံမွှမ်းထားသောပုံပြင်များကို ကလေးသူငယ်၏နားထဲမှတစ်ဆင့် နှလုံးသားထဲထိရောက် အောင် ပြောပြပြီး လူကောင်းလူတော်များဖြစ်အောင် ပြုစုပျိုးထောင်ကြလေ့ရှိသည်။ ထို့ကြောင့် ပုံပြင်၏အာနိသင်မှာ အင်မတန်တာသွား၊ ထိရောက်သည်ဟု ဆိုရပေမည်။ ယခုထုတ်ဝေလိုက်သည့် တက္ကသိုလ် မလေးခိုင်၏ နှင်းဆီပန်းထဲက နတ်သူငယ်လေးနှင့် အခြားပုံပြင်များ စာအုပ်မှာလည်း မိမိတို့သားသမီးများကို လိမ္မာယဉ်ကျေးသည့် သားကောင်းသမီးမွန်များ ဖြစ်စေချင်သည့် မိဘများ၊ အသိအလိမ္မာကို စာပေထဲမှ ကိုယ် တိုင်ရှာဖွေဖတ်ရှုချင်သည့် ကလေးများအတွက် များစွာအထောက်အကူပြုမည့်စာအုပ် ကောင်းတစ်အုပ်ဖြစ်ပါကြောင်း ညွှန်းဆိုလိုက်ပါသည်။
4,000ကျပ်