Shopping Cart
0 items
 
Bestselling Products
ရုံးသုံးမြန်မာစာရေးသားနည်း ရုံးသုံးမြန်မာစာရေးသားနည်း
1,000ကျပ်  
အချိန်ကိုအကျိုးရှိရှိစီမံခန့်        ခွဲနည်း ၂၆၂ သွယ်    အချိန်ကိုအကျိုးရှိရှိစီမံခန့်        ခွဲနည်း ၂၆၂ သွယ်   
1,500ကျပ်  
စီမံခန့်ခွဲမှု လျှို့ဝှက်ချက်များ စီမံခန့်ခွဲမှု လျှို့ဝှက်ချက်များ
2,000ကျပ်  
ညှိနှိုင်းဆွေးနွေးမှု တတ်ပညာ ညှိနှိုင်းဆွေးနွေးမှု တတ်ပညာ
1,500ကျပ်  
ကိုယ်ကျင့်တရား ကိုယ်ကျင့်တရား
2,000ကျပ်  
ရွှေမိုး ငွေမိုးရွာစေသူတို့၏ လျှို့ဝှက်ချက်များ ရွှေမိုး ငွေမိုးရွာစေသူတို့၏ လျှို့ဝှက်ချက်များ
2,500ကျပ်  
အာရှမူသစ်သုံး CEO ၏အောင်မြင်သော စီးပွားရေး စီမံခန့်ခွဲမူ နည်းသစ်များ အာရှမူသစ်သုံး CEO ၏အောင်မြင်သော စီးပွားရေး စီမံခန့်ခွဲမူ နည်းသစ်များ
2,000ကျပ်  
ဖအေနှစ်ဦးသင်ပေးတဲ့ ဆင်းရဲနည်း၊ ချမ်းသာနည်း ဖအေနှစ်ဦးသင်ပေးတဲ့ ဆင်းရဲနည်း၊ ချမ်းသာနည်း
2,000ကျပ်  
အံ့ဖွယ်တိုက်ဆိုင်မှု ဖြစ်ရပ်မှန် ဇာတ်လမ်းတိုများ (၁) အံ့ဖွယ်တိုက်ဆိုင်မှု ဖြစ်ရပ်မှန် ဇာတ်လမ်းတိုများ (၁)
2,500ကျပ်  
1 out of 5 Stars!
ကာတွန်းဇာတ်ကောင်ရေးဆွဲနည်း ကာတွန်းဇာတ်ကောင်ရေးဆွဲနည်း
1,000ကျပ်  
ရေချိုအလှမွေးငါးမွေးမြူခြင်း   နှင့်မျိုးပွားခြင်းလက်စွဲ    ရေချိုအလှမွေးငါးမွေးမြူခြင်း   နှင့်မျိုးပွားခြင်းလက်စွဲ   
3,000ကျပ်  
အယ်လ်ဇေးရှင်းကို ပြုစု စောင့်ရှောက်ခြင်း အယ်လ်ဇေးရှင်းကို ပြုစု စောင့်ရှောက်ခြင်း
2,500ကျပ်  
ဧကရာဇ်အလက်ဇန္ဒားထံမှ      ခေါင်းဆောင်မှုပညာ   ဧကရာဇ်အလက်ဇန္ဒားထံမှ      ခေါင်းဆောင်မှုပညာ  
2,500ကျပ်  
5 out of 5 Stars!
ဂေါက်ရိုက်ကြရအောင် ဂေါက်ရိုက်ကြရအောင်
900ကျပ်  
5 out of 5 Stars!
ဘုရားသခင် ဘယ်သောအခါမှ မျက်တောင်မခတ်ပါ ဘုရားသခင် ဘယ်သောအခါမှ မျက်တောင်မခတ်ပါ
3,000ကျပ်  
 

Education

Education

အောင်မြင်ပျော်ရွှင်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ဖို့ရာ
အောင်မြင်ပျော်ရွှင်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ဖို့ရာ
Lifestyle မဂ္ဂဇင်းတွင် ဖော်ပြခဲ့သောဆောင်းပါးများကို စုစည်းပြီး ထုတ်ဝေထားသောစာအုပ်ဖြစ်ပါသည်။ စီးပွားရေးနယ်ပယ်အသီးသီးတွင် ၀င်ရောက်လုပ်ကိုင်နေကြသောအမျိုးသမီးများအတွက် လုပ်ငန်းခွင်တွင် အောင်မြင်ရေး၊ မိသားစုဘ၀တွင် ပျော်ရွှင်နိုင်ရေးအတွက် နည်းပေးလမ်းညွှန်ထားသောစာအုပ်ဖြစ်ပါသည်။ အမျိုးသမီးများ၏ကိုယ်ခန္ဓာ ထိန်းသိမ်းပုံနှင့်ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ်ကျန်းမာအောင် ကာကွယ်ထိန်း သိမ်းနည်း၊ ပိန်ဖို့ထက် ကျန်းမာဖို့အတွက် ဆောင်ရန်ရှောင်ရန်များ၊ အမျိုးသမီးနှင့် မိတ်ဆွေအပေါင်းအသင်း၊ လုပ်ငန်းခွင်ဘ၀နှင့် အမျိုးသားများ၊ ကိုယ့်အိမ်ထောင်ဖက်အဖြစ် မည်သို့ရွေးချယ်ရမည်၊ သိက္ခာရှိသော အိမ်ထောင်ရှင်ဘ၀နှင့် မိသားစုတည်ဆောက်ရေး စသည်တို့သာမက မိမိဘ၀မှာအောင်မြင်ခြင်းများရရှိအောင် မည်သို့လုပ်ဆောင်ရမည်ကို နည်းပေးလမ်းညွှန်ထားသည်။ လုပ်ငန်းခွင်နယ်ပယ်အသီးသီးတွင် အမျိုးသားများနှင့် ရင်ပေါင်တန်းကာ ၀င်ရောက်လုပ်ကိုင် နေကြသောအမျိုးသမီးများအတွက် လုပ်ငန်းခွင်နှင့် မိသားစုဘ၀ ဟန်ချက်ညီမျပြီး အောင်မြင်ပျော်ရွှင်သော အမျိုးသမီးတစ် ယောက်ဖြစ်အောင် ဤစာအုပ်က များစွာအထောက်အကူ ဖြစ်စေပါလိမ့်မည်။
2,500ကျပ်  
Google နှင့် ရာစုသစ်စီမံခန့်ခွဲမှု
Google နှင့် ရာစုသစ်စီမံခန့်ခွဲမှု
How Google Works စာအုပ်ကို ဘာသာပြန်ထားသောစာအုပ် ဖြစ်ပါသည်။ Google စတင်တည်ထောင်ဖြစ်ပုံမှအစ ယနေ့ အင်တာနက်စာမျက်နှာများပေါ်တွင် အမြဲတွေ့နေ၊ မြင်နေအသုံးပြုနေကြသော၊ အများလက်ခံအသုံးပြုနေသော Google အထိ မည်ကဲ့သို့ တည်ဆောက်ခဲ့ရပုံတို့ကို လေ့လာတင်ပြထားသော စာအုပ်ဖြစ်ပါသည်။ Standford တက္ကသိုလ်၏ အဆောင်ခန်းလေးထဲတွင် မွေးဖွားခဲ့သော Google သည် Menlo Park ရှိ Susan Wojcicki ၏ ကားဂိုဒေါင်၊ ထိုမှတစ်ဆင့် Palo Atto ရှိ ရုံးခန်း၊ နောက်ဆုံး Mountain View ရောက်သည်အထိ Sergey နှင့် Larry တို့သည် ကုမ္ပဏီကို ရိုးရှင်းသောမူဝါဒများဖြင့် စီမံအုပ်ချုပ်ခဲ့ပုံ၊ ပိုက်ဆံရရန် အဓိကဦးတည်ချက် မထားဘဲ User များအတွက် အကောင်းဆုံးဝန်ဆောင်မှုပေးရန် ကြိုးစားပုံ၊ ပြိုင်ဘက်ကုမ္ပဏီများအပေါ် Google ၏သဘောထားနှင့် အခက်အခဲများကို မည်သို့ကျော်ဖြတ်ခဲ့ပုံ၊ ရနိုင်သမျသော Software Engineer များနှင့် Smart Creative များကို စုစည်းပြီး လွတ်လပ်စွာ တွေးခေါ်ခွင့်၊ ဆုံးဖြတ်ခွင့်နှင့် လုပ်ပိုင်ခွင့်များပေးထားပုံ စသည့် Google ၏ရာစုသစ်စီမံခန့်ခွဲမှုကို ဖော်ပြထားရာ အသေးစား၊ အလတ်စားနှင့် ကုမ္ပဏီကြီးများရှိ ခေါင်းဆောင်ပိုင်းတွင် နေရာယူထားကြသောပုဂ္ဂိုလ်များအတွက်နှင့် Google အကြောင်းကို ဂဃနဏ သိလိုသူများအတွက် ဖတ်သင့်သောစာအုပ်ဖြစ် ပါသည်။
3,000ကျပ်  
Online တွင် အမှတ်တံဆိပ်တည်ဆောက်ခြင်း
Online တွင် အမှတ်တံဆိပ်တည်ဆောက်ခြင်း
ကိုယ်ပိုင်အမှတ်တံဆိပ်တည်ဆောက်ခြင်း၊ စီမံထိန်းသိမ်းထားခြင်းနှင့်ပတ်သက်၍ တင်ပြထားသောစာအုပ်ဖြစ်ပါသည်။ ကိုယ်ပိုင် အမှတ်တံဆိပ်မည်သည် အဘယ်နည်း။ သင့်ကိုယ်ကို (သင်၊ သူတို့က) ဘာတဲ့လဲ။ ကိုယ့်အမှတ်တံဆိပ်ကို ဂရုစိုက်ဖြည့်ဆည်း ပေးခြင်း၊ အင်တာနက်ခြေရာများ၊ ပုဂ္ဂိုလ်ရေးအမှတ်တံဆိပ်တည် ဆောက်ခြင်းပုံရိပ်များ ... စသည်ဖြင့် အခန်းကိုးခန်းဖြင့် တင်ပြထားသည်။ မိသားစုအပါအ၀င် လုပ်ငန်းခွဲနှင့် လူမှုကွန်ရက်စာ မျက်နှာများပေါ်တွင် ထင်ဟပ်နေသော မိမိပုံရိပ်အမှတ်တံဆိပ်သည် မည်မျအရေးကြီးသည်၊ ပုံရိပ်ကောင်းဂုဏ်သတင်းကောင်းကို မည်သို့ဖော် ဆောင်ရမည်၊ မည်သို့စီမံထိန်းသိမ်းရမည်၊ ပျက်စီးမှုကို မည်သို့ပြုပြင်ရမည် စသည့်နည်းလမ်းများကို ရှုထောင့်မျိုးစုံမှ တင်ပြထားသည်။ ယခင်က ကိုယ့်သတင်းကိုယ့်ပုံရိပ်သည် ကိုယ်နေထိုင်ရာပတ်ဝန်းကျင်တစ်ခုတည်းတွင်သာ သိနိုင်သော် လည်း ယခုအခါ အင်တာနက်အသုံးတွင်ကျယ်လာပြီး လူမှုကွန်ရက်များကို အသုံးပြုလာကြရာ ကိုယ့်သတင်း၊ ကိုယ့် အကြောင်းကို တစ်ကမ္ဘာလုံးက သိနေနိုင်သည်ဖြစ်ရာ မိမိ၏ဂုဏ်သိက္ခာကို ကောင်းစွာစီမံထိန်းသိမ်းတတ်ရန်မှာ လွန်စွာအရေးကြီးလာပါသည်။ ဆရာအောင်ကို (တောင်ငူ) ၏ ဤစာအုပ်သည် မိမိ မိသားစု၊ လုပ်ငန်းခွင်တွင်သာမက လူမှုကွန်ရက်များ အပါ အ၀င် ကမ္ဘာတစ်ဝန်းလုံးတွင် ကိုယ့်ပုံရိပ်ကို စီမံထိန်းသိမ်းပြီး ဂုဏ်သိက္ခာ ရှိရှိရပ်တည်နိုင်ရန် များစွာအထောက်အကူ ပြုမည့်စာအုပ်ဖြစ်ပါသည်။
3,000ကျပ်  
စွယ်စုံသုတ အင်္ဂလိပ်စာ - ၂
စွယ်စုံသုတ အင်္ဂလိပ်စာ - ၂
Encyclopaedia Britannica စွယ်စုံကျမ်းသည် ပထမဆုံးစတင်ထုတ်ဝေခဲ့သည့် ၁၇၆၈ခုနှစ်မှစ၍ လူအများယုံကြည်အားထားလောက်သည့် ဂုဏ်သတင်းကျော်ကြားမှုနှင့် ပြည့်စုံသော ကျမ်းဖြစ်ပါသည်။ အရေးအသားရှင်းလင်းပြေပြစ်မှု၊ အချက်အလက်များ တိကျမှန်ကန်မှု၊ ရည်ရွယ်ချက်ကောင်းမွန်မှုတို့ကြောင့် ပညာရှာမှီးလိုသူများ၊ ပညာရှင်များ လက်မလွှတ်တမ်း ကိုးကားလာကြသည်မှာ နှစ်ပေါင်း ၂၅၀ တိုင်ပြီ ဖြစ်ပါသည်။ ယခုစာအုပ်တွင် Encyclopaedia Britannica စွယ်စုံကျမ်း၌ အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြထားသော ကမ္ဘာကျော်ပုဂ္ဂိုလ် ၁၇ ဦးတို့၏ အကြောင်းကို ဆရာဘ၀သစ်ဦးအောင်ကျော် (မောင်ကြာညို)က မြန်မာလိုရေးသားထားပါသည်။ မူရင်းစွယ်စုံကျမ်းပါ အင်္ဂလိပ်စာ အရေးအသားအသုံးနှုန်းများသည် ခံ့ညားလှပသည့်အလျေက် ဘာသာပြန်ဆိုသူကလည်း ဆိုလိုရင်းမပျောက်အောင် အတိအကျ ပြန်ဆိုထားပါသည်။ အတ္ထုပ္ပတ္တိစာပေအမျိုးအစားကို နှစ်သက်သူ၊ Encyclopaedia Britannica စွယ်စုံကျမ်းကို တန်ဖိုးထားသူ၊ အင်္ဂလိပ်ဘာသာ စာပေလေ့လာသူတို့အတွက် အလွန်အကျိုးများမည့် စာအုပ်တစ်အုပ်ဖြစ်ပါသည်။
3,500ကျပ်