Shopping Cart
0 items
 
Bestselling Products
စီမံခန့်ခွဲမှု လျှို့ဝှက်ချက်များ စီမံခန့်ခွဲမှု လျှို့ဝှက်ချက်များ
2,000ကျပ်  
ညှိနှိုင်းဆွေးနွေးမှု တတ်ပညာ ညှိနှိုင်းဆွေးနွေးမှု တတ်ပညာ
1,500ကျပ်  
ရွှေမိုး ငွေမိုးရွာစေသူတို့၏ လျှို့ဝှက်ချက်များ ရွှေမိုး ငွေမိုးရွာစေသူတို့၏ လျှို့ဝှက်ချက်များ
2,500ကျပ်  
ကိုယ်ကျင့်တရား ကိုယ်ကျင့်တရား
2,000ကျပ်  
အာရှမူသစ်သုံး CEO ၏အောင်မြင်သော စီးပွားရေး စီမံခန့်ခွဲမူ နည်းသစ်များ အာရှမူသစ်သုံး CEO ၏အောင်မြင်သော စီးပွားရေး စီမံခန့်ခွဲမူ နည်းသစ်များ
2,000ကျပ်  
ဆရာဇော်ဂျီမွေးနေ့ရာပြည့် အထိမ်းအမှတ် စာတမ်းများ ဆရာဇော်ဂျီမွေးနေ့ရာပြည့် အထိမ်းအမှတ် စာတမ်းများ
1,800ကျပ်  
အံ့ဖွယ်တိုက်ဆိုင်မှု ဖြစ်ရပ်မှန် ဇာတ်လမ်းတိုများ (၁) အံ့ဖွယ်တိုက်ဆိုင်မှု ဖြစ်ရပ်မှန် ဇာတ်လမ်းတိုများ (၁)
2,500ကျပ်  
1 out of 5 Stars!
ထိပ်တန်းသို့ အံ့မခန်း လှမ်းတက်ခဲ့သူ JEREMY LIN ထိပ်တန်းသို့ အံ့မခန်း လှမ်းတက်ခဲ့သူ JEREMY LIN
3,000ကျပ်  
ဘုရားသခင် ဘယ်သောအခါမှ မျက်တောင်မခတ်ပါ ဘုရားသခင် ဘယ်သောအခါမှ မျက်တောင်မခတ်ပါ
3,000ကျပ်  
ဖအေနှစ်ဦးသင်ပေးတဲ့ ဆင်းရဲနည်း၊ ချမ်းသာနည်း ဖအေနှစ်ဦးသင်ပေးတဲ့ ဆင်းရဲနည်း၊ ချမ်းသာနည်း
2,000ကျပ်  
Presenting Myanmar Presenting Myanmar
1,500ကျပ်  
ဧကရာဇ်အလက်ဇန္ဒားထံမှ      ခေါင်းဆောင်မှုပညာ   ဧကရာဇ်အလက်ဇန္ဒားထံမှ      ခေါင်းဆောင်မှုပညာ  
2,500ကျပ်  
5 out of 5 Stars!
ငြင်းဆိုခြင်းသည်      အပြစ်မဟုတ်ပါ     ငြင်းဆိုခြင်းသည်      အပြစ်မဟုတ်ပါ    
1,000ကျပ်  
နှလုံးနှင့်သွေးကြောရောဂါများ ကာကွယ်ထိန်းသိမ်းရေးအတွက်  မှန်ကန်သည့် စားသောက်နည်း နှလုံးနှင့်သွေးကြောရောဂါများ ကာကွယ်ထိန်းသိမ်းရေးအတွက် မှန်ကန်သည့် စားသောက်နည်း
1,800ကျပ်  
အရှေ့တောင်ဘက်သို့ တစေ့တစောင်း အရှေ့တောင်ဘက်သို့ တစေ့တစောင်း
2,500ကျပ်  
5 out of 5 Stars!
 

မြနှင်းဆီ

Sort By:
အံ့ဖွယ်တိုက်ဆိုင်မှု ဖြစ်ရပ်မှန် ဇာတ်လမ်းတိုများ (၁)
အံ့ဖွယ်တိုက်ဆိုင်မှု ဖြစ်ရပ်မှန် ဇာတ်လမ်းတိုများ (၁)
သင်သည် တိုက်ဆိုင်မှုများကို ယုံကြည်ပါက သင့်ဘ၀ထဲသို့ ထိုတိုက်ဆိုင်မှုများသည် ရင်ဖိုလှိုက်မောဖွယ်ဖြင့် ၀င်ရောက် လာလိမ့်မည်။
2,500ကျပ်  
1 out of 5 Stars!
အံ့ဖွယ်တိုက်ဆိုင်မှု ဖြစ်ရပ်မှန် ဇာတ်လမ်းတိုများ (၂)
အံ့ဖွယ်တိုက်ဆိုင်မှု ဖြစ်ရပ်မှန် ဇာတ်လမ်းတိုများ (၂)
လူ့လောကဟူသည် ဖြစ်ရပ်ပေါင်းစုံ၊ ဇာတ်လမ်းပေါင်းစုံဖြင့် ဖွဲ့စည်းထားသော နေရာဌာနတစ်ခု ဖြစ်ပါသည်။
2,500ကျပ်  
မင်ဒဲလား ထွင်သောလမ်း
မင်ဒဲလား ထွင်သောလမ်း
ဤစာအုပ်တွင် မင်ဒဲလား၏ဘ၀၊ မင်ဒဲလား၏စိတ်ဓာတ်၊ မင်ဒဲလား၏ အတွေးအခေါ်၊ မင်ဒဲလား၏ ချစ်မေတ္တာ..
2,500ကျပ်  
ဘုရားသခင် ဘယ်သောအခါမှ မျက်တောင်မခတ်ပါ
ဘုရားသခင် ဘယ်သောအခါမှ မျက်တောင်မခတ်ပါ
ဘ၀ကို ဘာကြောင့်မြတ်နိုးတတ်ဖို့လိုသလဲ၊ ဘ၀တွင် ကြုံလာရသည့် အခက်အခဲ စိန်ခေါ်မှုများကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ စသည့် ဘ၀နေနည်းများကို စာရေးသူ၏ ခက်ခဲကြမ်းတမ်းခဲ့သောလက်တွေ့ဘ၀မှ သင်ခန်းစာနှင့် ဆက်စပ်တင်ပြထားသည့်စာအုပ်ကောင်းတစ်အုပ်
3,000ကျပ်  
စိတ်စွမ်းအားလျှို့ဝှက်ချက်များ
စိတ်စွမ်းအားလျှို့ဝှက်ချက်များ
အချို့လူများ၏ စိတ်အာရုံသည် ဆန့်ကျင်ဘက်သဘောများကိုသာ မြင်သည်။ ပြဿနာများ၊ အခက်အခဲများဖြင့်သာ စိတ်စွဲလမ်းနစ်မျောနေသည်။
2,000ကျပ်  
သင့်လုပ်ငန်းတွင်မွေ့လျော်ရန် နည်းလမ်း (၁၀၁) သွယ်
သင့်လုပ်ငန်းတွင်မွေ့လျော်ရန် နည်းလမ်း (၁၀၁) သွယ်
သင့်ဘ၀ထဲသို့ ၀င်ရောက်လာသူတိုင်း၏ဝေဒနာကို ကုစားပေးဖို့ သင့်မှာ တာဝန်ရှိသည်ဟု ခံယူပါက သင်များ မကြာမီမှာပင် ဖိစီးမှုခံစားရမည်၊ အားအင်ကုန်ခန်းလာမည်။ အခြားသူများသည် သူတို့အား ရုန်းကန်လှုပ်ရှားစေသည့်အနေအထားမှ သူတို့ကိုယ်သူတို့ ဖယ်ရှားရန် တစ်ကိုယ်ရေရွေးချယ်မှုများ ပြုလုပ်ရမည်။ သင့်စိုးရိမ်ပူပန်မှုကို ပြောဆိုဖော်ထုတ်ခြင်းမှ ရှောင်ရန်သတိရပါ။ သူတို့ပြဿနာများကို သူတို့ကိုယ်တိုင်ဖြေရှင်းရန် အရည်အချင်းရှိကြောင်း သင် ယုံကြည်ခြင်းကို သိစေပါ။ လူများကို သူတို့အတွက် စိတ်ပူသည်ဟု ပြောခြင်းသည် သူတို့ပြဿနာကို သူတို့ဖြေရှင်းနိုင်မည် မဟုတ်ဟု သင် ထင်မြင်ကြောင်း ဖော်ထုတ်ရာရောက်သည်။
2,000ကျပ်  
အံ့ဖွယ်တိုက်ဆိုင်မှု ဖြစ်ရပ်မှန် ဇာတ်လမ်းတိုများ (၃)
အံ့ဖွယ်တိုက်ဆိုင်မှု ဖြစ်ရပ်မှန် ဇာတ်လမ်းတိုများ (၃)
ချစ်ခြင်းမေတ္တာသည် ခွန်အားကို ပေးစွမ်းနိုင်သည်။ ချစ်ခြင်းမေတ္တာက မမြင်နိုင်သောဆက်နွှယ်မှု မျဉ်းကြောင်းများကို ဖန်တီးသည်။ ချစ်ခြင်းမေတ္တာသည် အံ့ဖွယ်စွမ်းအားများကို ဖြစ်ပေါ်စေသည်။ မူရင်းစာရေးသူ Yitta Halberstam နှင့် Judith Leventhal တို့ ဘာသာပြန်ဆိုထားသော ဤစာအုပ်တွင် 'မြင်မြင်ချင်းပင်'၊ 'ဇာပန်းထိုး စားပွဲခင်း'၊ 'မိုးထက်ဆီသို့'၊ 'ငယ်သူငယ်ချင်း'၊ 'မွေးရာပါအမှတ်' စသည့် အခန်း ၆၄ ခန်းဖြင့် အံ့ဖွယ်ဖြစ်ရပ်မှန်ဇာတ်လမ်းများသည် ချစ်ခြင်းမေတ္တာအမျိုးမျိုးနှင့် ဆက်နွှယ်နေသည့်အကြောင်းကို ရသအမျိုးမျိုးပေးစွမ်းထားသည့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။
2,500ကျပ်  
မြေးကလေးသို့ ပေးစာများ
မြေးကလေးသို့ ပေးစာများ
လောကတွင် မိမိ၏မျိုးဆက်သစ်များအားချန်ထားပေးနိုင်သောအမွေ များတွင် ပစ္စည်း၊ ဥစ္စာ၊ ပညာစီးပွားရေးလုပ်ငန်းစသည်ဖြင့် များစွာရှိပါသည်။ ဤစာအုပ်တွင်မူခြေလက်မသန်စွမ်းသူအဘိုးတစ်ဦးကဗကအငျာရောဂါခံစားနေရသူမြေးကလေးအားမေတ္တာစေတနာအပြည့် အ၀ဖြင့် ရေးသားထားသောပေးစာများကိုဖတ်ရှုကြရမည်ဖြစ်ပါသည်။ မြေးဖြစ်သူစတင်မွေးဖွားလာချိန် လှိုက်လှဲစွာကြိုဆိုသည်မှ အစပြုပြီး ဘ၀တွင် ကြုံတွေ့လာနိုင်သည့် အခက်အခဲများကိုရင်ဆိုင်နိုင်မည့် စိတ်ဓာတ်ခွန်အားများ၊ လောကကြီးမှ ရနိုင်သောသင်ခန်းစာများအကြောင်းကို ဝေဒနာရှင်ကလေးနားလည်လောက်မည့်စကားအသုံးအနှုန်းများဖြင့် လွယ်ကူရိုးရှင်းစွာရင်ထဲထိရောက်အောင် ရေးဖွဲ့ထားနိုင်သည့် စာအုပ်ကောင်းတစ်အုပ်လည်းဖြစ်ပါသည်။
2,500ကျပ်  
The Sixth Enemy and Other Stories By Ma Sandar
The Sixth Enemy and Other Stories By Ma Sandar
စာရေးဆရာမ မစန္ဒာ၏ နာမည်ကျော်ကြားလူကြိုက်များခဲ့သော ၀တ္ထုတို၊ ၀တ္ထုလတ်များမှ ရွေးချယ်ထုတ်နုတ်ပြီး ဆရာမမြနှင်းဆီ (Mra Hninzi) က အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုရေးသားထားသောစာအုပ်ဖြစ်ပါသည်။ ရသခံစားချက်ကိုသာမက မှတ်စရာသုတတစ်ခုခုကျန်ရစ်အောင် ရေးဖွဲ့တတ်သော ဆရာမ မစန္ဒာသည် စာပေဆုများစွာကို ရရှိထားဖူးသူ ဖြစ်သည်။ အတွေးရှင်းသလို အရေးရှင်းသော ဆရာမ မစန္ဒာ၏လက်ရာကို မီအောင် ဆရာမမြနှင်းဆီ(Mra Hninzi) ကလည်း ဘာသာစာပေပိုင်း ဆိုင်ရာ ကျွမ်းကျင်ပိုင်နိုင်စွာ ပြန်ဆိုထားပါသည်။ မြန်မာ့လူနေမှုဘ၀တွင် နေ့စဉ်ကြုံတွေ့ရသောဘ၀ရသ အတက်အကျ အစုံကို ဖတ်ရှုခံစား ရမည့် အပြင် မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံစရိုက်တချို့ကိုပါ နိုင်ငံခြားသားဖတ်ရှုသူများ နားလည် သိရှိနိုင်မည့်စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။
5,000ကျပ်  
သွက်လက်ထက်မြက်မှုရှိသော ငွေရေးကြေးရေး စီမံအုပ်ချုပ်မှု
သွက်လက်ထက်မြက်မှုရှိသော ငွေရေးကြေးရေး စီမံအုပ်ချုပ်မှု
လုပ်ငန်းဖွံ့ဖြိုးရေးဒါရိုက်တာ၊ ဘဏ္ဍာရေးဒါရိုက်တာ Brinch Finch ၏ Effective Financial Management စာအုပ်ကို ဆရာမမြနှင်းဆီ (Mra Hninzi) က ဘာသာပြန်ထားသော စာအုပ်ဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်း တစ်ခု၊ ကုမ္ပဏီတစ်ခု စတင်တည်ထောင်ရာတွင်လည်းကောင်း၊ စီမံခန့်ခွဲရာ တွင်လည်းကောင်း အသုံးဝင်မည့်နည်းလမ်းများစွာကို အကြံပြုရေးသားထား ခြင်း ဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်းအတွက် မတည်ငွေရှာဖွေခြင်း၊ ရင်းနှီး မြှုပ်နှံသူများဖြင့် ဆက်ဆံရေးရှင်သန်စေခြင်း၊ ငွေစာရင်းပြုစုခြင်းများ ပါဝင် သကဲ့သို့ အစီရင်ခံခြင်း၊ ဘတ်ဂျက်ရေးဆွဲခြင်း၊ လုပ်ငန်းဆောင်ရွက်မှု ကုန်ကျ စရိတ်နှင့် ငွေသားစီးဆင်းမှုတို့ကို စီမံကိုင်တွယ်ခြင်း၊ ပရောဂျက်များကို အကဲ ဖြတ်ခြင်း၊ ပိုင်ဆိုင်မှုဝယ်ယူခြင်း စသည့် ငွေရေးကြေးရေးစီမံခန့်ခွဲမှုများလည်း ပါဝင်ပါသည်။ ထို့ပြင် ငွေသားနှင့်သက်ဆိုင်သောကိစ္စရပ်များကို စီမံအုပ်ချုပ်ရေးကဏ္ဍနှင့် ဆက်သွယ်ရေးကဏ္ဍတို့ သည် စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်ထူထောင်မည့်သူတိုင်း မလွဲမသွေသိသင့်သည့်အရာများ ဖြစ်သည်။ စီးပွားရေးလုပ်ငန်းများ၊ ငွေရေးကြေးရေး စီမံခန့်ခွဲမှုများကို စနစ်တကျစီမံခန့်ခွဲလိုသူ များအတွက် လုပ်ငန်းဖွံ့ဖြိုးတိုးတက်ပြီး အောင်မြင်မှုရရှိရန် များစွာအထောက်အကူပြုမည့် စာအုပ်ဖြစ်ပါသည်။
3,000ကျပ်  
အံ့ဖွယ်တိုက်ဆိုင်မှု ဖြစ်ရပ်မှတ် ဇာတ်လမ်းတိုများ - ၎
အံ့ဖွယ်တိုက်ဆိုင်မှု ဖြစ်ရပ်မှတ် ဇာတ်လမ်းတိုများ - ၎
Yitta Halbrstam နှင့် Judith Leventhal တို့၏ Small Miracles for Womaen စာအုပ်ကို ဆရာမ မြနှင်းဆီ (Mra Hninzi) က ဘာသာ ပြန်ထားသောစာအုပ်ဖြစ်ပါသည်။ ဤစာအုပ်တွင် ပါဝင်သော ဇာတ် လမ်းတိုများသည် မူရင်းစာရေးသူများက အသက်အရွယ်အမျိုးမျိုးရှိ အမျိုးသမီးများကို မေးမြန်းကာ ထိုအမျိုးသမီးများ ပြောပြသော တကယ့် ဖြစ်ရပ်မှန် အဖြစ်အပျက်များ ဖြစ်ပါသည်။ ရွေးချယ်မှု၊ မြလက်ကောက်၊ ခိုင်မြဲသောအချစ်၊ မိခင်မေတ္တာ၊ မိတ်ကောင်းဆွေကောင်း၊ ရှင်သန်နေ သည့်နှလုံးသား၊ ကယ်တင်ရှင်၊ ထပ်တူအိပ်မက် စသည်ဖြင့် ဖြစ်ရပ်မှန် ဇာတ်လမ်းတို ၅၆ ပုဒ် ပါဝင်ပါသည်။ ခရီးသွားရင်း ကလေးမီးဖွားချိန်နီး နေသောကိုယ်ဝန်သည်အမျိုးသမီးသည် သားဖွားအထူးပြုသူနာပြုရှိသော အိမ်ကို ရွေးချယ်မိပုံ၊ ယောက္ခမအတွက် လက်ဆောင်ပွဲပြင်ဆင်ရင်း ငှား ရမ်းထားသောတန်ဖိုးရှိသလင်းကျောက်ရှန်ပိန်အရက်ခွက်ကွဲသွားရာ မသိ မမြင်ဖူးသောသူတစ်ယောက်မှ ပုံစံတူတစ်ခုလာရောက်လက်ဆောင်ပေး ပုံ၊ လမ်းခရီးစားသောက်ဆိုင်ကားရပ်ကွင်းတွင် ကျပျောက်ခဲ့သော စိန်လက်စွပ်များ ပြန်လည်ရရှိပုံ စသည်ဖြင့် အံ့ဖွယ်တိုက်ဆိုင် ဖြစ်ရပ်မှန်ဇာတ်လမ်းများဖြစ်ပါသည်။ ထူးခြားဆန်းကြယ်မှု၊ မယုံနိုင်ဖွယ်တိုက်ဆိုင်မှုဖြစ်ရပ်များကို စိတ်ဝင်စားသောသူများအတွက် နှစ်သက်မြတ်နိုးမည့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။
2,500ကျပ်  
အေဘရာဟင်လင်ကွန်း
အေဘရာဟင်လင်ကွန်း
သာမန်ကျေးတောသားဘ၀မှ အမေရိကန်နိုင်ငံ၏သမ္မတ ဖြစ်လာသူ အေဘရာဟင်လင်ကွန်း၏ စိတ်ဝင်စားဖွယ် ဘ၀ ဇာတ်ကြောင်းအသေး စိတ်ကို ရေးသားထားသော စာအုပ် ဖြစ်ပါသည်။ ပြည်တွင်း စစ်အချိန်ကာလ ကို ကောင်းစွာဦးဆောင် နိုင်သူ၊ လွတ်မြောက်ရေးကြေညာစာတမ်းဖြင့် အာဖရိကန်-အမေရိကန် လေးသန်းကို ကျွန်ဘ၀မှ လွတ်မြောက်စေခဲ့သူ၊ သူ့ယုံကြည်ချက်အတွက် သူ့အသက်ကို ပေးဆပ်ခဲ့ရသူ သမ္မတကြီးအကြာင်းကို အသေးစိတ်ရေးသားထားသည်။ ငယ်ရွယ်စဉ်မှစ၍ ကိုယ်ထူကိုယ်ထ ပညာသင်ယူပြီး ဘ၀ကို ကြိုးစား တည်ဆောက်ခဲ့ပြီး အလုပ်ကြမ်းသမား၊ စစ်သား၊ စာပို့လုလင် စသည်ဖြင့် အလုပ်မျိုးစုံလုပ်ကိုင်ခဲ့သည်။ ထို့နောက် မြေတိုင်း စာရေး၊ ရှေ့နေဘ၀များမှ သမ္မတဖြစ်လာသည်အထိ လင်ကွန်း၏စိတ်ဝင်စားဖွယ် ဘ၀အစုံစုံကို ဖတ်ရှုရမည်ဖြစ်ပါ သည်။ သမ္မတလင်ကွန်းအကြောင်းနဲ့ သူ့မိသားစုအကြောင်းများသာမက ထိုခေတ်ထိုအခါက အမေရိကန်နိုင်ငံရေးပုံရိပ်များကိုပါ ထင်ဟပ်သည့် စာအုပ်ဖြစ်ပါသည်။
2,000ကျပ်  
ဆုံးဖြတ်ချက်ချနည်း
ဆုံးဖြတ်ချက်ချနည်း
စံပြပုံစံများသည် အရေးကြီးသည့် အချက်များအပေါ်သာ အာရုံထားစေခြင်းဖြင့် အနေအထားတစ်ခု၏ရှုပ်ထွေးမှုကို လျော့နည်းစေသည်။ ဤစာအုပ်ပါမေးခွန်းများသည် သင်၏စဉ်းစားတွေးခေါ်မှုကို မြှင့်တင်ပေးပါလိမ့်မည်။ ဆုံးဖြတ်ချက်ချရန်အကောင်းဆုံးစံပြပုံစံ ၅၀ ပါဝင်ပြီး သက်ဆိုင်ရာ မေးခွန်းများကို ကိုင်တွယ်နိုင်ရန် နည်းလမ်းများကို စကားလုံးများအရ လည်းကောင်း၊ ပုံစံကားချပ်များအရလည်းကောင်း သရုပ်ဖော်ရှင်းလင်းထားသောကြောင့် သင့်အတွက်အကောင်းဆုံး လမ်းညွှန်ပေးပါလိမ့်မည်ဟု ယုံကြည်ပါသည်။
3,000ကျပ်  
အံ့ဖွယ်တိုက်ဆိုင်မှု ဖြစ်ရပ်မှန် ဇာတ်လမ်းတိုများ - ၅
အံ့ဖွယ်တိုက်ဆိုင်မှု ဖြစ်ရပ်မှန် ဇာတ်လမ်းတိုများ - ၅
မူရင်းစာရေးသူ Yitta နှင့် Judith တို့၏ Small Miracles for Families စာအုပ်ကို ဘာသာပြန်ထားသော စာအုပ်ဖြစ်ပါသည်။ အဖေနှင့်အမေ၊ သားနှင့်သမီး၊ လင်ယောက်ျားနှင့်ဇနီး၊ ညီအစ်ကိုနှင့် မောင်နှမ၊ ဘိုးဘွား များနှင့် မြေးများ၊ ဦးလေး၊ အဒေါ် စသည့် မိသားစုဝင်များဆွေမျိုးများ ကြားဖြစ်ပျက်ခဲ့သော အံ့ဖွယ်တိုက်ဆိုင်မှု ဖြစ်ရပ်မှန် ဇာတ်လမ်းများဖြစ်ပါသည်။ တဆယ့်သုံး၊ ဆွေမျိုးဆက်၊ ကတိစကား၊ လတူ ရက်တူ နာရီတူ၊ ခရီး သွားဖော် ... စသည် ဖြင့် ဇာတ်လမ်းတို ၅၆ ပုဒ်ပါဝင်ပါသည်။ စတွေ့ချိန်မှစ၍ အင်မတန် ချစ်ခင်ရင်းနှီးသော သူငယ်ချင်းနှစ်ယောက် သည် အံ့သြတိုက်ဆိုင်စွာ ညီအစ်ကိုအရင်းဖြစ်နေပုံ၊ အသည်းအစားထိုးရန် လိုအပ်သောလူနာရှင်နှင့် ကိုယ်ခန္ဓာအစိတ်အပိုင်းများကို လှူဒါန်းမည့် အလှူရှင်၏အစ်ကိုဖြစ်သူနှင့် လေယာဉ် ပေါ်တွင် တိုက်ဆိုင်စွာ တွေ့ပုံ။ စစ်မြေပြင်တွင် အမြဲလိုလို တစ်ပူးတွဲတွဲရှိနေသော တင့်ကားနှစ်စီးအတွင်းရှိ လူနှစ်ယောက်သည် တိုက်ဆိုင်စွာ မယားညီအစ်ကို ဖြစ်လာပုံ၊ ဇနီးနှင့်သားကို ဆုံးရှုံးခဲ့ရသောကြောင့် ဘုရား သခင်ကို စိတ်နာနေသဖြင့် ဘုရား ကျောင်းမသွားဘဲ နှစ်ပေါင်း ၄၀ ကြာမြင့်မှ လူတစ်ဦးကြောင့် ဘုရားကျောင်း တစ်ခုကို ရောက်ရှိ သွားရာ ထိုဘုရားကျောင်း၏ဦးစီးသူမှာ သေဆုံးသွားပြီဟု ယူဆထားသော သူ့သား ဖြစ်နေပုံ စသည်ဖြင့် အံ့ဖွယ်တိုက်ဆိုင်မှုဇာတ်လမ်းတိုများကို စိတ်ဝင်စားဖွယ်ဖတ်ရှုရမည် ဖြစ်ပါသည်။
3,500ကျပ်