မြန်မာ့နိုင်ငံရေးနှင့် ဆက်စပ်အတွေးများ
Click to enlarge |
|
သဘောထားကွဲလွဲမှုများစွာ ရှိခဲ့၊ ရှိဆဲဖြစ်သော မြန်မာ့နိုင်ငံရေးသမိုင်း ကို ပြန်ဆန်းစစ်လျင် တစ်ဖက်နှင့်တစ်ဖက် လက်ညိုးထိုးအပြစ်ရှာခြင်းနှင့် စတင်ခဲ့ကြသည်ကို တွေ့ရပါမည်။ ပဋိပက္ခများသည် ဆယ်စုနှစ်များစွာ ကြာမြင့်လာသည့်တိုင် ပြေလည်နိုင်ခြင်း မရှိပေ။ ကွဲပြားနေ သောအသင်း အဖွဲ့အုပ်စုများစွာသည် အချင်းချင်းအပြစ်ရှာနေခြင်းထက် အားလုံး အကျိုးရှိစေမည့်ပေါင်းစည်းစွမ်းအင်ရအောင် အရေးတကြီး အဖြေရှာဖို့ လိုအပ်နေချိန်ရောက်ပါပြီ။ သို့မှသာ ပြုပြင်ပြောင်းလဲမှုများကို ယုံကြည် စိတ်ချစွာ ဆောင်ရွက်နိုင်မည့်အကြောင်း တင်ပြထားပါသည်။ ထို့အပြင် နိုင်ငံရေးသမားနှင့် မီဒီယာတို့ ကျင့်ဝတ်သိက္ခာကိုယ်စီလိုက်နာကြခြင်းဖြင့် အများပြည်သူအကျိုးစီးပွားအတွက် ဆောင်ကြဉ်းပေးနိုင်မည် ဖြစ် ကြောင်းကို ဆက်စပ်တွေးခေါ်ထားသည့်စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။
Write Review
Your Name:
Your Review: Note: HTML is not translated!
Rating: Bad Good
Your Review: Note: HTML is not translated!
Rating: Bad Good
အများပြည်သူအကျိုးစီးပွားအတွက် ဆောင်ရွက်တဲ့ ဘယ်အတွေးအမြင်မှ ပါးစပ်က ပြော သလောက် လက်တွေ့လွယ်လွယ်ကူကူ ဖြစ်လာတာမရှိပါဘူး။ ခက်ခဲကြမ်းတမ်းတဲ့အခြေအနေ နဲ့ ကြုံတွေ့တဲ့အခါမှာ နည်းနာနဲ့ ကတိက၀တ်ကို စိတ်အလိုလိုက်ပြီး ရွှေ့ဆိုင်းထားလို့ မဖြစ်ပါ ဘူး။ ရမယ်ရှာစရာ၊ အကြောင်းပြစရာအချက်တွေက ထောင်သောင်းမက ရှိနေမှာပါ။ ဒါပေမဲ့ ဘယ်အကြောင်းပြချက်ကမျ အဖွဲ့အစည်းတစ်ခုရဲ့နည်းနာနဲ့ ကတိက၀တ်ကို ချိုးဖောက်မိ လောက်အောင် အရေးမကြီးပါဘူး။ ကျွန်တော်တို့ရဲ့အတွေးအမြင်နဲ့ ပေးထားတဲ့ကတိက၀တ် တစ်ခုခုကို အကောင်အထည်မဖော်နိုင်ခဲ့ရင် တစ်သက်လုံး နာလန်မထူနိုင်လောက်အောင် ယုံကြည်မှုဆုံးရှုံးခြင်းဒဏ် ခံရနိုင်တာကိုလည်း သတိပြုရပါမယ်။