ကင်ဆာကုထုံး
Click to enlarge |
|
ကင်ဆာဆိုသည်မှာ ကြန်အင်လက္ခဏာအားဖြင့် တူညီသောကွဲပြားခြားနားသည့် ရောဂါပေါင်းတစ်ရာကျော်ကို ဖွင့်ဆိုရှင်းလင်းပြရာမှာ သုံးလေ့ရှိသောဝေါဟာရ ဖြစ်ပါသည်။ ဆဲလ်တစ်ခုခု ပုံစံရော လုပ်ငန်းစဉ်ပါ ပြောင်းလာရာက ကင်ဆာ စပါသည်။
Write Review
Your Name:
Your Review: Note: HTML is not translated!
Rating: Bad Good
Your Review: Note: HTML is not translated!
Rating: Bad Good
''ကင်ဆာ'' ဟု ရောဂါအမည်အတပ်ခံလိုက်ရလျှင် စိန်ခေါ်ခြင်းများစွာ နောက်တော်ပါးက ကပ်ပါလာသည်။ ရောဂါအကြောင်း ဖတ်မှတ်လေ့လာ၊ ကိုယ့်ကိုအရေးတယူ ဂရုတစိုက် ရှိနိုင်လောက်သည့် သမားတော်လည်း ရွေးချယ်ကာ ကုထုံးကုခန်းနှင့်ပတ်သက်ရာ ဆုံးဖြတ်ချက်များကိုလည်း ချမှတ်ရသည်။ သည့်နောက် နေ့စဉ်နှင့်အမျ စိန်ခေါ်မှုများကို ဆက်ရင်ဆိုင်ရပြန်သည်။
ဤစာအုပ်က ယင်းကဲ့သို့သော စိန်ခေါ်မှုများနှင့် သင်ရင်ဆိုင်ရလျှင် သိသင့်ရာအချက်အလက်၊ ရသင့်ရာ အထောက်အပံ့များကို ပံ့ပိုးပေးနိုင်မည်ဟု မျော်လင့်ရပါသည်။ ယင်းသိသင့်ရာဆိုသော အချက်အလက်များထဲတွင် ကင်ဆာ၊ ကင်ဆာကုထုံးများနှင့်ပတ်သက်သော သိသင့်သိထိုက်သည့်အခြင်းအရာများ ပါပါသည်။ သို့သော် ဤစာအုပ်က ကင်ဆာရောဂါကြောင့် ခံစားရသောဝေဒနာများ လျော့ပါးသက်သာစေရန် ဆောင်ရွက်နိုင်ရေးနှင့် ကုထုံးများ၏ဘေးထွက်ဆိုးကျိုးများကို အဓိကထားဖော်ပြနိုင်ရန် အားထုတ်ထားပါသည်။