အေဘရာဟင်လင်ကွန်း
Click to enlarge |
|
သာမန်ကျေးတောသားဘ၀မှ အမေရိကန်နိုင်ငံ၏သမ္မတ ဖြစ်လာသူ အေဘရာဟင်လင်ကွန်း၏ စိတ်ဝင်စားဖွယ် ဘ၀ ဇာတ်ကြောင်းအသေး စိတ်ကို ရေးသားထားသော စာအုပ် ဖြစ်ပါသည်။ ပြည်တွင်း စစ်အချိန်ကာလ ကို ကောင်းစွာဦးဆောင် နိုင်သူ၊ လွတ်မြောက်ရေးကြေညာစာတမ်းဖြင့် အာဖရိကန်-အမေရိကန် လေးသန်းကို ကျွန်ဘ၀မှ လွတ်မြောက်စေခဲ့သူ၊ သူ့ယုံကြည်ချက်အတွက် သူ့အသက်ကို ပေးဆပ်ခဲ့ရသူ သမ္မတကြီးအကြာင်းကို အသေးစိတ်ရေးသားထားသည်။ ငယ်ရွယ်စဉ်မှစ၍ ကိုယ်ထူကိုယ်ထ ပညာသင်ယူပြီး ဘ၀ကို ကြိုးစား တည်ဆောက်ခဲ့ပြီး အလုပ်ကြမ်းသမား၊ စစ်သား၊ စာပို့လုလင် စသည်ဖြင့် အလုပ်မျိုးစုံလုပ်ကိုင်ခဲ့သည်။ ထို့နောက် မြေတိုင်း စာရေး၊ ရှေ့နေဘ၀များမှ သမ္မတဖြစ်လာသည်အထိ လင်ကွန်း၏စိတ်ဝင်စားဖွယ် ဘ၀အစုံစုံကို ဖတ်ရှုရမည်ဖြစ်ပါ သည်။ သမ္မတလင်ကွန်းအကြောင်းနဲ့ သူ့မိသားစုအကြောင်းများသာမက ထိုခေတ်ထိုအခါက အမေရိကန်နိုင်ငံရေးပုံရိပ်များကိုပါ ထင်ဟပ်သည့် စာအုပ်ဖြစ်ပါသည်။
Write Review
Your Name:
Your Review: Note: HTML is not translated!
Rating: Bad Good
Your Review: Note: HTML is not translated!
Rating: Bad Good
ဘယ်သူ့ကိုမှ မလိုတမာစိတ်မထားဘဲ အားလုံးအတွက် စာနာထောက်ထားတဲ့စိတ်ကို မွေးပြီး ရှေ့ဆက် လှမ်းကြစို့။ နိုင်ငံရဲ့ဒဏ်ရာတွေကို စည်းပတ်ပြီး စစ်ပွဲမှာ အနာတရဖြစ်ခဲ့ သူတွေ၊ ကျဆုံးသူတွေရဲ့ မုဆိုးမတွေနဲ့ ကလေးတွေကို စောင့်ရှောက်ကြပါစို့။ တရားမျတပြီး ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကိုရရှိပြီး အမြတ်တနိုးထားနိုင်ဖို့ ကျွန်တော်တို့အချင်းချင်းကြားမှာရော နိုင်ငံတကာနဲ့ရော ကျွန်တော်တို့ တတ်နိုင်သမျ ထမ်းရွက်ကြပါစို့။