အာရှအားပြိုင်ပွဲ
Click to enlarge |
|
ဤစာအုပ်တွင် အမေရိကန်နိုင်ငံအပါအ၀င် တရုတ်နိုင်ငံ၊ အိန္ဒိယ၊ ဂျပန်၊ ပါကစ္စတန် စသည့် အာရှနိုင်ငံများ၏နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးတို့ကို နှိုင်းယှဉ်ချိန်ထိုးပြထားသောစာအုပ်ဖြစ်ပါသည်။ အာရှအားပြိုင်ပွဲ၊ ဂျပန် သြဇာအရှိန်အ၀ါကြီးမား သည့် ခံနိုင်အားနည်းသည့် ဇရာထောင်းနေသည့် အာရှမှ စစ်မီးထတောက်နိုင်သည့် အန္တရာယ်ဒေသများ၊ သွေးစွန်း သောအမှတ်တရမြေ စသည်ဖြင့် ဆောင်းပါးပေါင်း ၂၄ ပုဒ်ပါဝင်ပါသည်။ ကမ္ဘာ့အင်အားကြီး စူပါပါဝါဖြစ်သော အမေ ရိကန်နိုင်ငံသည် မိမိ၏ပြိုင် ဘက်ဖြစ်လာနိုင်သော တရုတ်နိုင်ငံနှင့် အင်အားချင်းချိန်ညှိရန် တရုတ်နိုင်ငံပြီးလျင် လူဦးရေ များပြီး နောင်တစ်ချိန်တွင် အင်အားကြီးနိုင်ငံ ဖြစ်လာနိုင်သော အိန္ဒိယနိုင်ငံနှင့်သာမက ပါကစ္စတန်နိုင်ငံများနှင့် မဟာ မိတ်ဖွဲ့ပြီး အကူအညီပေးပုံများ၊ တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား အရေးများကိုပါ ဆွေးနွေးတင်ပြထားသည်။ အာရှမှ နိုင်ငံများအပါအ၀င် ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ တစ်နိုင်ငံနှင့်တစ်နိုင်ငံအပေါ်ထားသော နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး ချိန်ခွင်လျာထိန်းညှိမှုများအကြောင်း ဗဟုသုတဖြစ်ဖွယ်၊ သတိပြုဆင်ခြင်ဖွယ်များ တင်ပြထားသောစာအုပ်ဖြစ်ပါသည်။
Write Review
Your Name:
Your Review: Note: HTML is not translated!
Rating: Bad Good
Your Review: Note: HTML is not translated!
Rating: Bad Good
လောလောဆယ်တွင် ဂျပန်၏ဓနအင်အားသည် အရှေ့အာရှတွင် အကြီးမားဆုံးဖြစ်နေလင့်ကစား တရုတ်က အမီလိုက် နိုင်မည့်အခြေအနေရှိသည်။ တရုတ်သည် စီးပွားရေးတိုးတက်နှုန်းကို ဆက်လက်ထိန်းထားနိုင်လျင် အင်အားချိန်ခွင်လျာ သည် တရုတ်ဘက်သို့ ရွေ့သွားမည်။ တရုတ်သည် အရှေ့အာရှစီးပွားရေးတွင် အဓိကမဏ္ဍိုင်အဖြစ် ဖြည်းဖြည်းချင်း နေရာယူသွားလိမ့်မည်။ အရှေ့အလယ်ပိုင်းနှင့် အာရှအလယ်ပိုင်းတို့ အရေးပါလာမည်ဖြစ်သော်လည်း ရေရှည်တွင် အရေး ကြီးဆုံးဖြစ်စဉ်မှာ ကမ္ဘာ့အရေးအရာများတွင် စီးပွားရေးအင်အားနှင့် နိုင်ငံရေးအရှိန်အ၀ါသည် အာရှတိုက်ဆီသို့ ဦးတည် ရွေ့လျားနေပြီဟူသောအချက်ဖြစ်သည်။