အောင်မြင်ပျော်ရွှင်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ဖို့ရာ
Click to enlarge |
|
Lifestyle မဂ္ဂဇင်းတွင် ဖော်ပြခဲ့သောဆောင်းပါးများကို စုစည်းပြီး ထုတ်ဝေထားသောစာအုပ်ဖြစ်ပါသည်။ စီးပွားရေးနယ်ပယ်အသီးသီးတွင် ၀င်ရောက်လုပ်ကိုင်နေကြသောအမျိုးသမီးများအတွက် လုပ်ငန်းခွင်တွင် အောင်မြင်ရေး၊ မိသားစုဘ၀တွင် ပျော်ရွှင်နိုင်ရေးအတွက် နည်းပေးလမ်းညွှန်ထားသောစာအုပ်ဖြစ်ပါသည်။ အမျိုးသမီးများ၏ကိုယ်ခန္ဓာ ထိန်းသိမ်းပုံနှင့်ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ်ကျန်းမာအောင် ကာကွယ်ထိန်း သိမ်းနည်း၊ ပိန်ဖို့ထက် ကျန်းမာဖို့အတွက် ဆောင်ရန်ရှောင်ရန်များ၊ အမျိုးသမီးနှင့် မိတ်ဆွေအပေါင်းအသင်း၊ လုပ်ငန်းခွင်ဘ၀နှင့် အမျိုးသားများ၊ ကိုယ့်အိမ်ထောင်ဖက်အဖြစ် မည်သို့ရွေးချယ်ရမည်၊ သိက္ခာရှိသော အိမ်ထောင်ရှင်ဘ၀နှင့် မိသားစုတည်ဆောက်ရေး စသည်တို့သာမက မိမိဘ၀မှာအောင်မြင်ခြင်းများရရှိအောင် မည်သို့လုပ်ဆောင်ရမည်ကို နည်းပေးလမ်းညွှန်ထားသည်။
လုပ်ငန်းခွင်နယ်ပယ်အသီးသီးတွင် အမျိုးသားများနှင့် ရင်ပေါင်တန်းကာ ၀င်ရောက်လုပ်ကိုင် နေကြသောအမျိုးသမီးများအတွက် လုပ်ငန်းခွင်နှင့် မိသားစုဘ၀ ဟန်ချက်ညီမျပြီး အောင်မြင်ပျော်ရွှင်သော အမျိုးသမီးတစ် ယောက်ဖြစ်အောင် ဤစာအုပ်က များစွာအထောက်အကူ ဖြစ်စေပါလိမ့်မည်။
Write Review
Your Name:
Your Review: Note: HTML is not translated!
Rating: Bad Good
Your Review: Note: HTML is not translated!
Rating: Bad Good
ကိုယ့်ရဲ့ လူနေမှုပုံစံ Lifestyle ဟာ စနစ်တကျမရှိဘူးဆိုရင် စိတ်ဖိစီးမှုတွေကို ပိုပြီး ရင်ဆိုင်ရဖို့ ရှိပါတယ်။ တစ်နေ့တာမှာ လုပ်ရမယ့်အလုပ်၊ တစ်လအတွင်း မဖြစ်မနေလုပ်ရမယ့်အလုပ် စသဖြင့် လုပ်ရန်စာရင်း (To to list) ကို အမြဲလုပ်ထားပြီး ပြီးတဲ့အလုပ်တွေကို တစ်ခုချင်း ဖယ်ထုတ်သွားမယ်ဆိုရင် ဖိစီးမှုသက်သာပါတယ်။ အရေးကြီးတယ်ဆိုတဲ့အချက်တွေထဲမှာ တွေဝေမှုမရှိဖို့၊ စိတ်မလောဖို့၊ တိကျဖို့၊ အစီစဉ်ကျဖို့ လိုတယ်။ အရေး ကြီးတဲ့အလုပ်တွေ လုပ်တဲ့အခါ အမှားနည်းအောင် စိတ်အေးအေးနဲ့ လုပ်မယ်ဆိုရင် အချိန်ကုန်သက်သာမယ်၊ အလုပ်မရှုပ်ဘူး၊ ဆုံးရှုံးဖို့ဖြစ်လာရင်တောင် အနည်းဆုံးဖြစ်မှာဖြစ်ပါတယ်။