
ဘုရားသခင် ဘယ်သောအခါမှ မျက်တောင်မခတ်ပါ
![]() Click to enlarge |
|
ဘ၀ကို ဘာကြောင့်မြတ်နိုးတတ်ဖို့လိုသလဲ၊ ဘ၀တွင် ကြုံလာရသည့် အခက်အခဲ စိန်ခေါ်မှုများကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ စသည့် ဘ၀နေနည်းများကို စာရေးသူ၏
ခက်ခဲကြမ်းတမ်းခဲ့သောလက်တွေ့ဘ၀မှ သင်ခန်းစာနှင့်
ဆက်စပ်တင်ပြထားသည့်စာအုပ်ကောင်းတစ်အုပ်
Write Review
Your Name:
Your Review: Note: HTML is not translated!
Rating: Bad Good
Your Review: Note: HTML is not translated!
Rating: Bad Good
သတင်းစာပင်တိုင်ဆောင်းပါးရှင် ရှယ်ဂျီနာဘရက်၏ဘ၀သည် ပန်းခင်းလမ်းမဟုတ်ခဲ့ပါ။ ကလေးဘ၀က မောင်နှမ ၁၁ ယောက် ကြား သူကအလယ်တွင်လပ်၍ မိဘများ၏ လျစ်လျူရှုမှုကို ခံခဲ့ရ သည်။ ကျောင်းနေသည့် အရွယ်ရောက်တော့ သီလရှင်များ၏ တင်းကျပ်လှသောစည်းကမ်းများအောက်ဝယ် ကျောင်းကြောက် သူ ဖြစ်ခဲ့ရပြန်သည်။ အသက် ၁၆ နှစ်အရွယ်တွင် အရက်ကို အလွန်အကျွံ သောက်တတ်နေပြီဖြစ်ပြီး အသက် ၂၁ နှစ်အရွယ် တွင် ကြင်ရာမဲ့ကလေးမအေတစ်ယောက်ဖြစ်ခဲ့ရသည်။ အသက် ၄၀ တွင် ခင်ပွန်းကောင်းတစ်ယောက်ကို ရခဲ့သဖြင့် ဘ၀က တည် ငြိမ်မည်ကြံရုံရှိသေး၊ အသက် ၄၁ နှစ်တွင် ကင်ဆာရောဂါဖြစ်ပြီး ဝေဒနာဒဏ်၊ ဆေးဝါးဒဏ်ကို အလူးအလဲခံရပြန်သည်။ သူ့ကို မွေးဖွားစဉ်က ဘုရားသခင်မျက်တောင်ခတ် လိုက်သည့်အချိန်နှင့် တိုက်ဆိုက်သဖြင့် ဘုရားသခင်က သူ့ကို မမြင်လိုက်၊ မသိလိုက်လေရော့ သလားဟုပင် သူ ထင်မှတ်မှားခဲ့သည်။
ကင်ဆာရောဂါကြောင့် သူ မသေ။ ကင်ဆာကို သူ အံတုနိုင်ခဲ့သည်။ ရောဂါဆိုးနှင့် နောက်ဆက်တွဲအကျိုးဆက်များကို သူ ဘယ်သို့ဘယ်ပုံ ခါး စည်းခံ၊ တွန်းလှန်ခဲ့ကြောင်း သူ့ကိုယ်တွေ့နှင့် ယှဉ်၍ ပလိန်းဒီလာသတင်းစာ တွင် ဆောင်းပါးများ ရေးသားခဲ့သည်။ ယင်းဆောင်းပါးတို့သည် လူကြိုက်များ လှပြီး ကမ္ဘာတစ်လွှားကျော်ကြားသွားခဲ့သည်။ ယင်းဆောင်းပါးများ စုစည်း ထုတ်ဝေသောစာအုပ်ကို မြနှင်းဆီက ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။
ဘ၀သည် နေပျော်စရာမကောင်းဟု စိတ်ပျက်လက်ကျန်ဖြစ်နေသူ များအတွက် အကောင်းဆုံးဘ၀အားမာန်စာစုများ ဖြစ်သည်။