
လွယ်ကူလေ့လာ အင်တာနက် နည်းပညာ (2011)
![]() Click to enlarge |
|
အစွမ်းထက်မြန်ဆန်နေတဲ့ အင်တာနက်နည်းပညာအကြောင်းအရာတွေကို အတတ်နိုင်ဆုံးပြည့်စုံအောင် ကြိုးပမ်းရေးသားထားပါတယ်။
Write Review
Your Name:
Your Review: Note: HTML is not translated!
Rating: Bad Good
Your Review: Note: HTML is not translated!
Rating: Bad Good
လွယ်ကူလေ့လာအင်တာနက်နည်းပညာ (2011 version) စာအုပ်ကို Paul McFedries ရေးသားတဲ့ Internet simplified နဲ့ Kate Shoup ရေးသားတဲ့ Internet Visual Quick Tips ကို အခြေခံရေးသားထားပါတယ်။ သူ့အရပ်နဲ့ သူ့ဇာတ် ဆိုသလို ကျွန်တော်တို့ဆီမှာ G-mail ၊ Facebook ၊ G-talk တွေ လူတိုင်းနီးပါး သုံးနေကြပေမယ့် သူတို့က Hot mail ၊ Yahoo Messenger ၊ MSN စတာတွေ အသုံးများကြပါတယ်။ မူရင်း စာအုပ်ထဲမှာ အဲဒီအကြောင်းတွေကို အလေးပေးရေးသားထား ပါတယ်။ အဲဒီအတွက် ကိုယ့်အရပ်နဲ့ ကိုက်ညီအောင် လိုတိုးပို လျော့ လုပ်ထားပါတယ်။ ဖြည့်စွက်ပြင်ဆင်တည်းဖြတ်ထားပါ တယ်။ အင်တာနက်ဆိုင်တွေမှာ သုံးစွဲနေကြတဲ့ ဟာ့ဒ်ဝဲတွေ၊ ဆော့ဖ်ဝဲတွေ၊ ပရိုဂရမ်တွေအကြောင်း၊ အင်တာနက်သုံးပရို ဂရမ်တွေမှာ မြန်မာစာနဲ့သုံးစွဲဖို့ လုပ်ဆောင်တဲ့အကြောင်းတွေ ဖြည့်စွက်ထား ပါတယ်။
ကမ္ဘာကြီးကို ရွာဖြစ်အောင်လုပ်တာအင်တာနက်ဖြစ်ပါတယ်။ အကောင်းဆုံးကနေ အဆိုးဆုံးအထိ ရှိနေတာ၊ ရှိရှိသမျ အကြောင်းအရာတွေ၊ နောက်ဆုံးပေါ်နည်းပညာတွေ၊ သတင်းတွေ၊ အဖြစ်အပျက်တွေကို ထိုင်ရာမထ ကြည့်နိုင်တာ အင်တာနက်ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းလုံးက မိသားစုဝင်တွေ၊ မိတ်ဆွေတွေနဲ့ အရုပ်မြင်၊ အသံကြား ၊ အချိန်မရွေး တွေ့နိုင်တာ အင်တာနက် ဖြစ်ပါတယ်။ အင်တာနက်မှာ တစ်နေ့ကို အီးမေးလ် အစောင်ပေါင်း နှစ်ဘီလီယံ လောက် ပို့ယူနေပြီး၊ Facebook သုံးတဲ့သူ သန်း ၇၅၀ ရှိနေပြီဖြစ်တဲ့ ဒီနေ့ ဒီအချိန်မှာ အင်တာနက်မသုံးတဲ့သူတစ်ယောက်ဟာ ဆိုက်ဘာ မစွမ်းမသန် တစ်ယောက် (Cyber Disable) ၊ အီးမေးလ်လိပ်စာလေးမှ မရှိတဲ့သူ၊ အီးမေးလ် လေးမှ မသုံးတဲ့သူဟာ ဆိုက်ဘာအိုးအိမ်မဲ့ (Cyber Homeless) တစ်ယောက် ဖြစ်ပါလိမ့်မယ်။ ဒီစာအုပ်မှာ အဲဒီလောက်အစွမ်းထက်မြန်ဆန်နေတဲ့ အင်တာနက်နည်းပညာအကြောင်းအရာတွေကို အတတ်နိုင်ဆုံးပြည့်စုံအောင် ကြိုးပမ်းရေးသားထားပါတယ်။