
ကိုလိုနီခေတ် ကောလိပ်ကျောင်းများသမိုင်းနှင့် ကောလိပ်ရေးရာဆောင်းပါးများ
![]() Click to enlarge |
|
ယနေ့ဆိုလျှင် ကျွန်တော်တို့နိုင်ငံ၌ တက္ကသိုလ်၊ ကောလိပ်များ များစွာ တိုးတက်ဖြစ်တည်လာခဲ့သလို ယင်းတို့မှ မွေးထုတ်ပေးလိုက်သော ဘွဲ့ရမောင်မယ်များလည်း ဒုနဲ့ဒေးရှိခဲ့ပေပြီ။ ထိုသို့ တက္ကသိုလ်၊ ကောလိပ်များ၏ အခန်းကဏ္ဍက ကြီးမားစွာရှိနေရာ စာဖတ်ပရိသတ်အနေဖြင့်လည်း ယင်းတို့၏ သမိုင်းနှင့် ဆက်နွှယ်ရာရာ အကြောင်းအရာများကို တောင့်တမိမည်ထင်သည်။ ယင်းတောင့်တမှုကို ဖြည့်ဆည်းပေးရန်အတွက် တူဒေးစာအုပ်တိုက်က ဆရာတက္ကသိုလ်ခင်မောင်ဇော်၏ ကိုလိုနီခေတ် ကောလိပ်ကျောင်းများသမိုင်းနှင့် ကောလိပ်ရေးရာဆောင်းပါးများ စာအုပ်ကို ထုတ်ဝေလိုက်ပါသည်။ ကိုလိုနီခေတ်ကောလိပ်များ၏သမိုင်းဆိုင်ရာ၊ ပညာရေးနှင့် စာပေရေးရာ၊ လူမှုရေးရာများ စသည်တို့ကို တ၀ကြီး ဖတ်ရှုရမည် ဖြစ်ပါသည်။
Write Review
Your Name:
Your Review: Note: HTML is not translated!
Rating: Bad Good
Your Review: Note: HTML is not translated!
Rating: Bad Good
၁၉၂၀ ပြည့် တစ်စုတစ်လုံးတည်းသော ယူနစ်ထရီစနစ် (Unitary System) ဖြင့် ရန်ကုန်တက္ကသိုလ်ကို တည်ထောင်ရန် စီစဉ်သောအခါ အမေရိကန်ဘတ်ပတစ် သာသနာပြုအဖွဲ့က ၎င်းတို့တည်ထောင်ထားသော ဂျပ်ဆင်ကောလိပ်ကို မဖျက်သိမ်းလိုသဖြင့် သဘောမတူချေ။ ဤသို့ဖြင့် ကောလိပ်စနစ် (Collegiate System) ကို လက်ခံကာ နောင်တစ်နေ့တွင် ယူနီဗာစီတီကောလိပ်နှင့် ဂျပ်ဆင်ကောလိပ်တို့ ပြန်လည်ပူးပေါင်းနိုင်ရန် တက္ကသိုလ်အက်ဥပဒေတွင် အခွင့်အလမ်းပေးထားရသည်။