
နိုင်ငံတကာအထင်ကရနေရာများ ရောင်စုံဆေးခြယ်
![]() Click to enlarge |
|
ကာတွန်းရုပ်ပုံကလေးများ ရေးဆွဲခြင်း၊ ရုပ်ပုံကလေးများကို ရောင်စုံဆေးများဖြင့် ခြယ်သခြင်းတို့ကို ကလေးတိုင်းနီးပါး ပြုလုပ်လေ့ရှိပါသည်။ ယခုထုတ်ဝေလိုက်သော စာအုပ်သည်လည်း ကလေးများ မိမိတို့နှစ်သက်ရာ ဆေးရောင်များဖြင့် ခြယ်သနိုင်မည့်စာအုပ်တစ်အုပ် ဖြစ်ပါသည်။ စာအုပ်၏ထူးခြားချက်မှာ ကမ္ဘာ့နိုင်ငံအသီးသီးရှိ အထင်ကရနေရာများကို ရေးဆွဲပုံဖော်ပေးထားခြင်းဖြစ်သည်။ အီဂျစ်၏ ပိရမစ်၊ ကမ္ဘောဒီးယား၏ အန်ကောဝပ်ဘုရားကျောင်း၊ တရုတ်၏ မဟာတံတိုင်း၊ အီတလီ၏ ဗင်းနစ်မြို့၊ ပြင်သစ်၏ အီဖယ်မျှော်စင်၊ အင်ဒိုနီးရှား၏ ဘာလီကျွန်း၊ အမေရိကန်၏ လေဘာတီရုပ်တု အစရှိသော အထင်ကရနေရာ၊ အထင်ကရသင်္ကေတများကို ဗဟုသုတဖြစ်ဖွယ် မြင်တွေ့သိရှိရမည့်အပြင် ထိုရုပ်ပုံများကို နှစ်သက်ရာ ဆေးရောင်များဖြင့် ခြယ်သပြီး ကလေးများ၏အနုပညာစွမ်းရည်ကိုပါ ထုတ်ဖော်ပြသနိုင်မည့် စာအုပ်တစ်အုပ်ဖြစ်ပါသည်။
Write Review
Your Name:
Your Review: Note: HTML is not translated!
Rating: Bad Good
Your Review: Note: HTML is not translated!
Rating: Bad Good