
ရွှေဘဲနှင့် ဝက်ထော ရောင်စုံဆေးခြယ်
![]() Click to enlarge |
|
ရွှေဘဲနှင့် ၀က်ထောသည် ပလုတ်တုတ်ကလေးဂျာနယ်၏ ပင်တိုင်ဇာတ်ကောင်ကလေးများ ဖြစ်ကြပါသည်။ ဤစာအုပ်မှာ ရွှေဘဲနှင့် ၀က်ထောတို့၏ နှစ်သက်စရာရုပ်ပုံကလေးများကို ရေးဆွဲပုံဖော်ပေးထားခြင်း ဖြစ်သည်။ အပျော်ခရီးထွက်ပုံ၊ သီတင်းကျွတ်မီးထွန်းပွဲတော်ပုံ၊ မီးခွက်စောင့်ဘီလူး ဖန်တီးပေးလိုက်သော ကော်ဇောပျံစီးနေပုံ၊ တန်ဆောင်တိုင်မီးထွန်းပွဲတော်ပုံ၊ စက်ဘီးစီးပြီး ရေခဲမုန့်စားနေပုံ၊ ဆင်ကနှင့် ပျော်မြူးနေပုံ၊ သင်္ကြန်ရေကစားနေပုံ၊ ပန်းပွင့်လေးတွေ ဆေးရောင်ခြယ်နေပုံ၊ စန္ဒရားတီးပြီး သီချင်းဆိုနေပုံ၊ အစရှိသော ပျော်ရွှင်စရာပုံရိပ်များနှင့် မြန်မာတို့၏ ချစ်စရာရိုးရာဓလေ့မြင်ကွင်းများကို ကလေးတို့အတွက် ဗဟုသုတဖြစ်ဖွယ် မြင်တွေ့သိရှိနိုင်ပါသည်။ ရွှေဘဲနှင့် ၀က်ထောတို့၏ ချစ်စရာပုံရိပ်များကို ပျော်ပျော်ရွှင်ရွှင် ဆေးရောင်ခြယ်သရင်း ကလေးတို့၏ အနုပညာစွမ်းရည်ကို ဖော်ထုတ်ပြသနိုင်သည့် စာအုပ်တစ်အုပ်ဖြစ်ပါသည်။
Write Review
Your Name:
Your Review: Note: HTML is not translated!
Rating: Bad Good
Your Review: Note: HTML is not translated!
Rating: Bad Good