ထိပ်တန်းသို့ အံ့မခန်း လှမ်းတက်ခဲ့သူ JEREMY LIN
Click to enlarge |
|
Jeremy Lin ဟာ Utah အသင်းနဲ့ပွဲမှာ အဆင့်မြင့်တဲ့ ၂၈ မှတ်ကို ရခဲ့တဲ့အတွက် New Jersey Nets နဲ့ကစားခဲ့တဲ့ပွဲမှာ ၂၅ မှတ်ရအောင် သူလုပ်ပြခဲ့တာဟာ ကြက်ကန်းဆန်အိုးတိုး တာမဟုတ်ဘူးဆိုတာကို ပြလိုက်ပါတယ်။ အသင်းကောင်းတစ်သင်းနဲ့ ကစားတဲ့ပွဲကိုနိုင် အောင်Jeremy Lin က ခက်ခက်ခဲခဲလုပ်ပြသွားတဲ့အချက်က ဒီအဖွဲ့ကြီးအနီးဝန်းကျင်မှာ သတိထားမှုတချို့ဖြစ်လာအောင် ဆွဲဆောင်နိုင်ခဲ့ပါတယ်။ Jeremy Lin ဟာ သူ့ရဲ့သက် ၀င်ယုံကြည်မှု၊ ကြိုးစားအားထုတ်မှု၊ နုံချာခဲ့တဲ့အစပျိုးမှုတွေနဲ့ နေရာတိုင်းမှာရှိနေတဲ့ ဘ၀တွေအပေါ်မှာ သက်ရောက်မှုတွေ ရှိနေပါတယ်။ သူဟာ ကိုယ့်ကိုယ်ကိုယ် တော်တော် နှိမ့်ချတတ်ပြီး Knicks အသင်းရဲ့ဝန်ထမ်းတွေကောင်းကြောင်းကို အများကြီးပြောပါတယ်။ သူ့ရဲ့ကစားဖော်ကစားဖက်တွေကိုလည်း တော်တော်ချီးမွမ်းပါတယ်။
Write Review
Your Name:
Your Review: Note: HTML is not translated!
Rating: Bad Good