နှလုံးအားပြတ်ခြင်းဆိုသည်မှာ မေး-ဖြေ ၁၀၀
Click to enlarge |
|
နှလုံးရောဂါသည် ကမ္ဘာပေါ်တွင် အဖြစ်အများဆုံးနှင့် အသက်သေဆုံးမှု မြင့်မားသောရောဂါတစ်ခုဖြစ်ရာ နှလုံးရောဂါအကြောင်း လူတိုင်း သိသင့်ပေသည်။ ဤစာအုပ်တွင် လူ့ခန္ဓာကိုယ်တွင် နှလုံး၏အရေးပါပုံ၊ နှလုံး အလုပ်လုပ်ပုံများနှင့် နှလုံးတွင် ဖြစ်တတ်သော၊ နှလုံးနှင့် ပတ်သက်၍ ဖြစ်တတ်သော ရောဂါများအကြောင်းကို မေး-ဖြေပုံစံဖြင့် ရေးသားထားသည်။ နှလုံးအားပြတ်ခြင်းဆိုသည်မှာ ဘာလဲ၊ ဘာကြောင့် နှလုံးရောဂါ ဖြစ်ရသလဲ၊ ရောဂါဖြစ်လျင် မည်သို့ပြုစုစောင့်ရှောက်ပြီး မည်သို့သော ဆေးဝါးများ၊ ကုသနည်းများကို အသုံးပြုကြသလဲ ... စသည့် နှလုံးရောဂါအကြောင်း၊ နှလုံးအားပြတ်ခြင်းအကြောင်းများအပြင် နှလုံးညှစ် အားနည်းရောဂါ၊ နှလုံးအဆို့ရှင်တွင် ဖြစ်တတ်သောရောဂါများ အကြောင်းကို ပြည့်စုံစွာရေးသားဖော်ပြထားပါသည်။ ထို့ကြောင့် ဤစာအုပ်သည် နှလုံးနှင့်ပတ် သက်သောရောဂါဝေဒနာတစ်ခုခု ခံစားနေရသူများ၊ နှလုံးနှင့်ပတ်သက်သောရောဂါများ၊ ဆေးဝါးများ၊ ကုသမှုနည်းလမ်းများ အကြောင်းကို သိရှိလိုသူများအတွက် အသုံးဝင်မည့်စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါသည်။
Write Review
Your Name:
Your Review: Note: HTML is not translated!
Rating: Bad Good
Your Review: Note: HTML is not translated!
Rating: Bad Good
နှလုံးအားပြတ်ခြင်းဆိုသည်မှာ နှလုံးထိခိုက်ပျက်စီးခြင်းကြောင့် ဖြစ်ပေါ်လာသော ရလဒ် အခြေအနေတစ်ခုပင်ဖြစ်သည်။ နှလုံးထိခိုက်ပျက်စီးစေနိုင်သောအခြေအနေများမှာ ဆေးကုသခြင်းမရှိသော သွေးတိုးရောဂါ ကြာရှည်စွာခံစားနေရခြင်း၊ နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါများ ရှိခြင်း၊ နှလုံးတိုက်ခိုက်ခံရခြင်း၊ နှလုံးကြွက်သားများ ပင်ကိုအားနည်းခြင်း၊ နှလုံး ကြွက်သားအား ဗိုင်းရပ်စ်ပိုးဝင်ရောက်ခြင်းတို့ကြောင့်ဖြစ်သည်။ နှလုံးအားပြတ်ခြင်းသည် နာတာရှည်ရောဂါ တစ်မျိုးပင်ဖြစ်သည်။ ဆိုလိုသည်မှာ ရောဂါကြာလာသည်နှင့်အမျှ အခြေအနေဆိုးရွားလာသောရောဂါ တစ်မျိုးပင် ဖြစ်သည်။