
တက္ကသိုလ် မလေးခိုင် နှင်းဆီပန်းထဲကနတ်သူငယ်လေးနှင့်အခြားပုံပြင်များ
Click to enlarge |
|
အစဉ်အဆက်က ပြောလာသောအဖြစ်အပျက်၊ ဇာတ်ကြောင်း ကို 'ပုံပြင်' ဟု မြန်မာအဘိဓာန်တွင် ဖွင့်ဆိုထားသည်။ ကလေးသူငယ် များအား ပုံပြောပြခြင်းကို လူကြီးသူမများက ဓလေ့တစ်ခုလို လုပ် ဆောင်ခဲ့ကြသည်။ ပုံပြင်များစွာကို တစ်နိုင်ငံမှတစ်နိုင်ငံ၊ တစ်နယ်မှ တစ်နယ်၊ တစ်ဦးမှတစ်ဦးသို့ အသီးသီးနှုတ်ဆင့်ကမ်းခဲ့ကြသည်။ ကလေးတိုင်းလိုလို အိပ်ရာဝင်ပုံပြင်များကို နားထောင်ရင်း ကြီးပြင်း လာကြရသည်။ လူကြီးမိဘတို့က အသိအလိမ္မာ၊ ဗဟုသုတများဖြင့် ထုံမွှမ်းထားသောပုံပြင်များကို ကလေးသူငယ်၏နားထဲမှတစ်ဆင့် နှလုံးသားထဲထိရောက် အောင် ပြောပြပြီး လူကောင်းလူတော်များဖြစ်အောင် ပြုစုပျိုးထောင်ကြလေ့ရှိသည်။ ထို့ကြောင့် ပုံပြင်၏အာနိသင်မှာ အင်မတန်တာသွား၊ ထိရောက်သည်ဟု ဆိုရပေမည်။ ယခုထုတ်ဝေလိုက်သည့် တက္ကသိုလ် မလေးခိုင်၏ နှင်းဆီပန်းထဲက နတ်သူငယ်လေးနှင့် အခြားပုံပြင်များ စာအုပ်မှာလည်း မိမိတို့သားသမီးများကို လိမ္မာယဉ်ကျေးသည့် သားကောင်းသမီးမွန်များ ဖြစ်စေချင်သည့် မိဘများ၊ အသိအလိမ္မာကို စာပေထဲမှ ကိုယ် တိုင်ရှာဖွေဖတ်ရှုချင်သည့် ကလေးများအတွက် များစွာအထောက်အကူပြုမည့်စာအုပ် ကောင်းတစ်အုပ်ဖြစ်ပါကြောင်း ညွှန်းဆိုလိုက်ပါသည်။
Write Review
Your Name:
Your Review: Note: HTML is not translated!
Rating: Bad Good
Your Review: Note: HTML is not translated!
Rating: Bad Good
အစဉ်အဆက်က ပြောလာသောအဖြစ်အပျက်၊ ဇာတ်ကြောင်း ကို ''ပုံပြင်'' ဟု မြန်မာအဘိဓာန်တွင် ဖွင့်ဆိုထားသည်။ ကလေးသူငယ် များအား ပုံပြောပြခြင်းကို လူကြီးသူမများက ဓလေ့တစ်ခုလို လုပ် ဆောင်ခဲ့ကြသည်။ ပုံပြင်များစွာကို တစ်နိုင်ငံမှတစ်နိုင်ငံ၊ တစ်နယ်မှ တစ်နယ်၊ တစ်ဦးမှတစ်ဦးသို့ အသီးသီးနှုတ်ဆင့်ကမ်းခဲ့ကြသည်။ ကလေးတိုင်းလိုလို အိပ်ရာဝင်ပုံပြင်များကို နားထောင်ရင်း ကြီးပြင်း လာကြရသည်။ လူကြီးမိဘတို့က အသိအလိမ္မာ၊ ဗဟုသုတများဖြင့် ထုံမွှမ်းထားသောပုံပြင်များကို ကလေးသူငယ်၏နားထဲမှတစ်ဆင့် နှလုံးသားထဲထိရောက် အောင် ပြောပြပြီး လူကောင်းလူတော်များဖြစ်အောင် ပြုစုပျိုးထောင်ကြလေ့ရှိသည်။ ထို့ကြောင့် ပုံပြင်၏အာနိသင်မှာ အင်မတန်တာသွား၊ ထိရောက်သည်ဟု ဆိုရပေမည်။ ယခုထုတ်ဝေလိုက်သည့် တက္ကသိုလ် မလေးခိုင်၏ နှင်းဆီပန်းထဲက နတ်သူငယ်လေးနှင့် အခြားပုံပြင်များ စာအုပ်မှာလည်း မိမိတို့သားသမီးများကို လိမ္မာယဉ်ကျေးသည့် သားကောင်းသမီးမွန်များ ဖြစ်စေချင်သည့် မိဘများ၊ အသိအလိမ္မာကို စာပေထဲမှ ကိုယ် တိုင်ရှာဖွေဖတ်ရှုချင်သည့် ကလေးများအတွက် များစွာအထောက်အကူပြုမည့်စာအုပ် ကောင်းတစ်အုပ်ဖြစ်ပါကြောင်း ညွှန်းဆိုလိုက်ပါသည်။