
ဘ၀အတွက်တာ စစ်တုရင်နည်းဗျူဟာ
Click to enlarge |
|
ဤစာအုပ်သည် CEO မဂ္ဂဇင်းတွင် ဆရာမောင်မောင်လွင် (စစ်တုရင်) လစဉ်ရေးသားခဲ့သည့် စစ်တုရင်ကို အခြေခံသော အတွေးအမြင်ဆောင်းပါးများကို တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်ရန် ပေါင်းစုထုတ်ဝေခြင်း ဖြစ်ပါသည်။ လူ့လောက၊ စီးပွား ရေးလောကတို့တွင် နေထိုင်လုပ် ကိုင်ရာ၌ ပြင်ဆင်မှုပြုခြင်း၊ တုံ့ပြန်ခြင်း၊ ဆုံးဖြတ်ချက်ချခြင်းတို့အပေါ် မူတည်၍ အောင် မြင်မှု၊ ဆုံးရှုံးမှုတို့ကို ခံစားရသည်ဖြစ်ရာ ဤစာအုပ်တွင် ပါရှိသည့် ကစားကွက်၊ အဖြစ်အပျက်နှင့် အယူအဆတို့ကို မှီးယူ အသုံးချ နိုင်ပါလိမ့်မည်။ဤစာအုပ်ကို ဖတ်ရှု၍ ကျင့်သုံးလိုက်နာခြင်းဖြင့် ဘ၀ခရီးတစ်လျောက် တိုးတက်အောင်မြင်မှုများ ရရှိနိုင်ရန် ရည်ရွယ်၍ ထုတ်ဝေလိုက်ခြင်း ဖြစ်ပါသည်။
Write Review
Your Name:
Your Review: Note: HTML is not translated!
Rating: Bad Good
Your Review: Note: HTML is not translated!
Rating: Bad Good
စစ်တုရင်ကစားပွဲတွေဟာ ရွှေ့ကွက်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်သလို ဘ၀တာရဲ့ အကန့်ပေါင်းများစွာဟာ လုပ်ဆောင် မှုတွေနဲ့ တည်ဆောက်ထားတာဖြစ်ပါတယ်။ ရွှေ့ကွက်တွေကို အကောင်းဆုံးရွှေ့မှ အဲဒီစစ်တုရင်ပွဲရဲ့ရလဒ်က ကောင်း နိုင်မှာပါ။ ရွှေ့ကွက်တွေကို ဖြုန်းတီးပစ်လို့ကတော့ အနိုင်နဲ့အရှုံးမှာနိုင်ဖို့အတော်ခဲယဉ်းတော့မှာပါ။ ကိုယ့်ရဲ့ နေ့စဉ်လုပ် ဆောင် ချက်တွေလည်း အတူတူပါပဲ။ အူတူတူနဲ့ဖြုန်းတီးပစ်နေမယ်ဆိုရင် ပြုန်းတီးဖို့ပဲ ရှိပါတယ်။