
Google နှင့် ရာစုသစ်စီမံခန့်ခွဲမှု
Click to enlarge |
|
How Google Works စာအုပ်ကို ဘာသာပြန်ထားသောစာအုပ် ဖြစ်ပါသည်။ Google စတင်တည်ထောင်ဖြစ်ပုံမှအစ ယနေ့ အင်တာနက်စာမျက်နှာများပေါ်တွင် အမြဲတွေ့နေ၊ မြင်နေအသုံးပြုနေကြသော၊ အများလက်ခံအသုံးပြုနေသော Google အထိ မည်ကဲ့သို့ တည်ဆောက်ခဲ့ရပုံတို့ကို လေ့လာတင်ပြထားသော စာအုပ်ဖြစ်ပါသည်။ Standford တက္ကသိုလ်၏ အဆောင်ခန်းလေးထဲတွင် မွေးဖွားခဲ့သော Google သည် Menlo Park ရှိ Susan Wojcicki ၏ ကားဂိုဒေါင်၊ ထိုမှတစ်ဆင့် Palo Atto ရှိ ရုံးခန်း၊ နောက်ဆုံး Mountain View ရောက်သည်အထိ Sergey နှင့် Larry တို့သည် ကုမ္ပဏီကို ရိုးရှင်းသောမူဝါဒများဖြင့် စီမံအုပ်ချုပ်ခဲ့ပုံ၊ ပိုက်ဆံရရန် အဓိကဦးတည်ချက် မထားဘဲ User များအတွက် အကောင်းဆုံးဝန်ဆောင်မှုပေးရန် ကြိုးစားပုံ၊ ပြိုင်ဘက်ကုမ္ပဏီများအပေါ် Google ၏သဘောထားနှင့် အခက်အခဲများကို မည်သို့ကျော်ဖြတ်ခဲ့ပုံ၊ ရနိုင်သမျသော Software Engineer များနှင့် Smart Creative များကို စုစည်းပြီး လွတ်လပ်စွာ တွေးခေါ်ခွင့်၊ ဆုံးဖြတ်ခွင့်နှင့် လုပ်ပိုင်ခွင့်များပေးထားပုံ စသည့် Google ၏ရာစုသစ်စီမံခန့်ခွဲမှုကို ဖော်ပြထားရာ အသေးစား၊ အလတ်စားနှင့် ကုမ္ပဏီကြီးများရှိ ခေါင်းဆောင်ပိုင်းတွင် နေရာယူထားကြသောပုဂ္ဂိုလ်များအတွက်နှင့် Google အကြောင်းကို ဂဃနဏ သိလိုသူများအတွက် ဖတ်သင့်သောစာအုပ်ဖြစ် ပါသည်။
Write Review
Your Name:
Your Review: Note: HTML is not translated!
Rating: Bad Good
Your Review: Note: HTML is not translated!
Rating: Bad Good
နည်းပညာပိုင်းတင်မက စီးပွားရေးအမြင်လည်းရှိပြီး တီထွင်ဖန်တီးနိုင်တဲ့ စွယ်စုံရလုပ်သားတွေဖြစ်ပါတယ်။ ခြုံပြောရ မယ်ဆိုရင်တော့ သူတို့ဟာ Drucker ပြောခဲ့တဲ့ Knowledge Worker တွေ မဟုတ်တော့ပါဘူး။ လုံးဝ ကွဲပြားခြား နားတဲ့ လုပ်သားလူတန်းစားဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ သူတို့ကို “Smart Creative” တွေလို့ နာမည်ပေးထားပါတယ်။ သူတို့ဟာ Internet ရာစုသစ်ရဲ့ အောင်မြင်ရေးသော့ချက်ပါပဲ။ ယနေ့ခေတ် စီးပွားရေးနယ်ပယ်ရဲ့ အဓိကပန်းတိုင်ကတော့ Product Development မြန်ဆန်ဖို့နဲ့ အဲဒီက ထွက်ပေါ်လာတဲ့ Product တွေရဲ့ အရည်အသွေးကောင်းဖို့ပါ။