စွယ်စုံသုတ အင်္ဂလိပ်စာ - ၂
Click to enlarge |
|
Encyclopaedia Britannica စွယ်စုံကျမ်းသည် ပထမဆုံးစတင်ထုတ်ဝေခဲ့သည့် ၁၇၆၈ခုနှစ်မှစ၍ လူအများယုံကြည်အားထားလောက်သည့် ဂုဏ်သတင်းကျော်ကြားမှုနှင့် ပြည့်စုံသော ကျမ်းဖြစ်ပါသည်။ အရေးအသားရှင်းလင်းပြေပြစ်မှု၊ အချက်အလက်များ တိကျမှန်ကန်မှု၊ ရည်ရွယ်ချက်ကောင်းမွန်မှုတို့ကြောင့် ပညာရှာမှီးလိုသူများ၊ ပညာရှင်များ လက်မလွှတ်တမ်း ကိုးကားလာကြသည်မှာ နှစ်ပေါင်း ၂၅၀ တိုင်ပြီ ဖြစ်ပါသည်။ ယခုစာအုပ်တွင် Encyclopaedia Britannica စွယ်စုံကျမ်း၌ အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြထားသော ကမ္ဘာကျော်ပုဂ္ဂိုလ် ၁၇ ဦးတို့၏ အကြောင်းကို ဆရာဘ၀သစ်ဦးအောင်ကျော် (မောင်ကြာညို)က မြန်မာလိုရေးသားထားပါသည်။ မူရင်းစွယ်စုံကျမ်းပါ အင်္ဂလိပ်စာ အရေးအသားအသုံးနှုန်းများသည် ခံ့ညားလှပသည့်အလျေက် ဘာသာပြန်ဆိုသူကလည်း ဆိုလိုရင်းမပျောက်အောင် အတိအကျ ပြန်ဆိုထားပါသည်။ အတ္ထုပ္ပတ္တိစာပေအမျိုးအစားကို နှစ်သက်သူ၊ Encyclopaedia Britannica စွယ်စုံကျမ်းကို တန်ဖိုးထားသူ၊ အင်္ဂလိပ်ဘာသာ စာပေလေ့လာသူတို့အတွက် အလွန်အကျိုးများမည့် စာအုပ်တစ်အုပ်ဖြစ်ပါသည်။
Write Review
Your Name:
Your Review: Note: HTML is not translated!
Rating: Bad Good