Shopping Cart
0 items
 
Bestselling Products
ရုံးသုံးမြန်မာစာရေးသားနည်း ရုံးသုံးမြန်မာစာရေးသားနည်း
1,000ကျပ်  
အချိန်ကိုအကျိုးရှိရှိစီမံခန့်        ခွဲနည်း ၂၆၂ သွယ်    အချိန်ကိုအကျိုးရှိရှိစီမံခန့်        ခွဲနည်း ၂၆၂ သွယ်   
1,500ကျပ်  
ညှိနှိုင်းဆွေးနွေးမှု တတ်ပညာ ညှိနှိုင်းဆွေးနွေးမှု တတ်ပညာ
1,500ကျပ်  
စီမံခန့်ခွဲမှု လျှို့ဝှက်ချက်များ စီမံခန့်ခွဲမှု လျှို့ဝှက်ချက်များ
2,000ကျပ်  
ကိုယ်ကျင့်တရား ကိုယ်ကျင့်တရား
2,000ကျပ်  
ရွှေမိုး ငွေမိုးရွာစေသူတို့၏ လျှို့ဝှက်ချက်များ ရွှေမိုး ငွေမိုးရွာစေသူတို့၏ လျှို့ဝှက်ချက်များ
2,500ကျပ်  
အာရှမူသစ်သုံး CEO ၏အောင်မြင်သော စီးပွားရေး စီမံခန့်ခွဲမူ နည်းသစ်များ အာရှမူသစ်သုံး CEO ၏အောင်မြင်သော စီးပွားရေး စီမံခန့်ခွဲမူ နည်းသစ်များ
2,000ကျပ်  
ဖအေနှစ်ဦးသင်ပေးတဲ့ ဆင်းရဲနည်း၊ ချမ်းသာနည်း ဖအေနှစ်ဦးသင်ပေးတဲ့ ဆင်းရဲနည်း၊ ချမ်းသာနည်း
2,000ကျပ်  
လမ်းကောက်လျောက်မယ့် လူဖြောင့် လမ်းကောက်လျောက်မယ့် လူဖြောင့်
3,000ကျပ်  
ထိပ်တန်းသို့ အံ့မခန်း လှမ်းတက်ခဲ့သူ JEREMY LIN ထိပ်တန်းသို့ အံ့မခန်း လှမ်းတက်ခဲ့သူ JEREMY LIN
3,000ကျပ်  
ဆရာဇော်ဂျီမွေးနေ့ရာပြည့် အထိမ်းအမှတ် စာတမ်းများ ဆရာဇော်ဂျီမွေးနေ့ရာပြည့် အထိမ်းအမှတ် စာတမ်းများ
1,800ကျပ်  
ငြင်းဆိုခြင်းသည်      အပြစ်မဟုတ်ပါ     ငြင်းဆိုခြင်းသည်      အပြစ်မဟုတ်ပါ    
1,000ကျပ်  
Presenting Myanmar Presenting Myanmar
1,500ကျပ်  
အံ့ဖွယ်တိုက်ဆိုင်မှု ဖြစ်ရပ်မှန် ဇာတ်လမ်းတိုများ (၁) အံ့ဖွယ်တိုက်ဆိုင်မှု ဖြစ်ရပ်မှန် ဇာတ်လမ်းတိုများ (၁)
2,500ကျပ်  
1 out of 5 Stars!
ကာတွန်းဇာတ်ကောင်ရေးဆွဲနည်း ကာတွန်းဇာတ်ကောင်ရေးဆွဲနည်း
1,000ကျပ်  
 

Essay

The Sixth Enemy and Other Stories By Ma Sandar
The Sixth Enemy and Other Stories By Ma Sandar
စာရေးဆရာမ မစန္ဒာ၏ နာမည်ကျော်ကြားလူကြိုက်များခဲ့သော ၀တ္ထုတို၊ ၀တ္ထုလတ်များမှ ရွေးချယ်ထုတ်နုတ်ပြီး ဆရာမမြနှင်းဆီ (Mra Hninzi) က အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုရေးသားထားသောစာအုပ်ဖြစ်ပါသည်။ ရသခံစားချက်ကိုသာမက မှတ်စရာသုတတစ်ခုခုကျန်ရစ်အောင် ရေးဖွဲ့တတ်သော ဆရာမ မစန္ဒာသည် စာပေဆုများစွာကို ရရှိထားဖူးသူ ဖြစ်သည်။ အတွေးရှင်းသလို အရေးရှင်းသော ဆရာမ မစန္ဒာ၏လက်ရာကို မီအောင် ဆရာမမြနှင်းဆီ(Mra Hninzi) ကလည်း ဘာသာစာပေပိုင်း ဆိုင်ရာ ကျွမ်းကျင်ပိုင်နိုင်စွာ ပြန်ဆိုထားပါသည်။ မြန်မာ့လူနေမှုဘ၀တွင် နေ့စဉ်ကြုံတွေ့ရသောဘ၀ရသ အတက်အကျ အစုံကို ဖတ်ရှုခံစား ရမည့် အပြင် မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံစရိုက်တချို့ကိုပါ နိုင်ငံခြားသားဖတ်ရှုသူများ နားလည် သိရှိနိုင်မည့်စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။
5,000ကျပ်  
Modern Myanmar Short  Stories
Modern Myanmar Short Stories
အထက်မြန်မာပြည်မှ စာရေးဆရာများ၏ထင်ရှားသောဝတ္ထုတိုများကို အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆိုရေးသားထုတ်ဝေထားပါသည်။ မြန်မာ့ဓလေ့၊ အညာအငွေ့အသက်များလွှမ်းထုံသောဝတ္ထုတို ၁၂ ပုဒ်ပါဝင်ပါသည်။ စာရေးဆရာများဖြစ်သော ချစ်စရာ၊ မောင်သာပို၊ ဆူးငှက်၊ ညီပုလေး၊ ဂျိုဇော်၊ မြို့သာမရာထို၊ ခိုင်နွယ်သန့် (မန္တလေး) နှင့် အောင်ပိုက်တို့၏ ၀တ္ထုတိုများကို ရေချမ်း (မန္တလေး) က အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုရေး သားထားပါသည်။ မြန်မာမိသားစုများ၏ချစ်ခြင်းမေတ္တာ၊ အယူအဆ ဓလေ့ထုံးစံများ၊ ပျော်ရွှင်ရယ်မောဖွယ်ဖြစ်ရပ်များကို ရေးဖွဲ့ထားခြင်း ဖြစ်သော်လည်း စိတ်ခံစားမှုသာမက ဘာသာစာပေအရပါ နားလည် ခံစားနိုင်အောင် ဘာသာပြန်သူ၏ကျွမ်းကျင်မှုနှင့် ပေါင်းစပ်ရေးသား ထုတ်ဝေထားပါသည်။ ရသစာပေလေ့လာလိုသူ နိုင်ငံခြားသားတို့အတွက် အထူးသင့်လျော်သလို ဘာသာစကားလေ့လာလိုသူပြည်တွင်းစာဖတ်ပရိသတ်များလည်း ၀ယ်ယူဖတ်ရှုသိမ်းဆည်းထားသင့်သောစာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။
2,500ကျပ်  
Myanmar Dance and Drama
Myanmar Dance and Drama
ပျူ၊ ပုဂံ၊ ပင်းယ၊ အင်းဝ၊ ညောင်ရမ်းခေတ်များအကြောင်းကို သက္ကရာဇ် များဖြင့် ဗဟုသုတဖြစ်ဖွယ်ရေးသားထားသည့်အပြင် ထိုခေတ်များတွင် ထင်ရှားလူကြိုက်များခဲ့သော ကဗျာများ၊ တေးသီချင်းဂီတများ၊ အငြိမ့် သဘင်၊ ရုပ်သေးအကများနှင့် ဇာတ်တော်များအကြောင်းကို စုံလင်စွာ တင်ဆက်ထားပါသည်။ ထို့အပြင် ရှေးခေတ် သဘင်ဝန်အကြောင်း၊ ဇာတ်တော်ကြီးဆယ်ဘွဲ့မှ မဟာဇနက္ကဇာတ်တော်၊ မဟော်သဓဇာတ် တော်နှင့် ဝေဿန္တရာဇာတ်တော်များအကြောင်း၊ ပဋာစာရီဇာတ်၊ ခိုးသား ငါးရာဇာတ်၊ ၀ိဇယဇာတ်၊ နိန္ဒိယကုမ္မာဇာတ်၊ ရွှေဖျဉ်းညီနောင်၊ ပန်းဘဲ မောင်တင့်တယ်၊ မြစိမ်း၊ မောင်ပေါက်ကျိုင်းစသော ဇာတ်လမ်းများ ကိုလည်း စိတ်ဝင်စားဖွယ် တင်ဆက်ထားသဖြင့် မြန်မာ့ယဉ်ကျေးမှုအ ကြောင်း သိလိုသူတို့လေ့လာသင့်သောစာအုပ်လည်း ဖြစ်သည်။ မြေ၀ိုင်း ခေတ်မှစ၍ ခေတ်အဆက်ဆက်ပြောင်းလဲလာသောအငြိမ့်သဘင်နှင့် ပြဇာတ်များကို သမိုင်းဝင် ဓာတ်ပုံများဖြင့် အရောင်အသွေးစုံလင်စွာ ဖော်ပြထားပါသည်။ အင်္ဂလိပ်ဘာသာနှင့် ရေးသား ထားသဖြင့် ဘာသာစကားလေ့လာလိုသူများအတွက် လက်စွဲထားသင့်သလို နိုင်ငံခြားသား မိတ်ဆွေများအားလည်း လက်ဆောင်အဖြစ်ပေးသင့်သော စာအုပ်ကောင်းတစ်အုပ်။
3,500ကျပ်  
အံ့ဖွယ်တိုက်ဆိုင်မှု ဖြစ်ရပ်မှတ် ဇာတ်လမ်းတိုများ - ၎
အံ့ဖွယ်တိုက်ဆိုင်မှု ဖြစ်ရပ်မှတ် ဇာတ်လမ်းတိုများ - ၎
Yitta Halbrstam နှင့် Judith Leventhal တို့၏ Small Miracles for Womaen စာအုပ်ကို ဆရာမ မြနှင်းဆီ (Mra Hninzi) က ဘာသာ ပြန်ထားသောစာအုပ်ဖြစ်ပါသည်။ ဤစာအုပ်တွင် ပါဝင်သော ဇာတ် လမ်းတိုများသည် မူရင်းစာရေးသူများက အသက်အရွယ်အမျိုးမျိုးရှိ အမျိုးသမီးများကို မေးမြန်းကာ ထိုအမျိုးသမီးများ ပြောပြသော တကယ့် ဖြစ်ရပ်မှန် အဖြစ်အပျက်များ ဖြစ်ပါသည်။ ရွေးချယ်မှု၊ မြလက်ကောက်၊ ခိုင်မြဲသောအချစ်၊ မိခင်မေတ္တာ၊ မိတ်ကောင်းဆွေကောင်း၊ ရှင်သန်နေ သည့်နှလုံးသား၊ ကယ်တင်ရှင်၊ ထပ်တူအိပ်မက် စသည်ဖြင့် ဖြစ်ရပ်မှန် ဇာတ်လမ်းတို ၅၆ ပုဒ် ပါဝင်ပါသည်။ ခရီးသွားရင်း ကလေးမီးဖွားချိန်နီး နေသောကိုယ်ဝန်သည်အမျိုးသမီးသည် သားဖွားအထူးပြုသူနာပြုရှိသော အိမ်ကို ရွေးချယ်မိပုံ၊ ယောက္ခမအတွက် လက်ဆောင်ပွဲပြင်ဆင်ရင်း ငှား ရမ်းထားသောတန်ဖိုးရှိသလင်းကျောက်ရှန်ပိန်အရက်ခွက်ကွဲသွားရာ မသိ မမြင်ဖူးသောသူတစ်ယောက်မှ ပုံစံတူတစ်ခုလာရောက်လက်ဆောင်ပေး ပုံ၊ လမ်းခရီးစားသောက်ဆိုင်ကားရပ်ကွင်းတွင် ကျပျောက်ခဲ့သော စိန်လက်စွပ်များ ပြန်လည်ရရှိပုံ စသည်ဖြင့် အံ့ဖွယ်တိုက်ဆိုင် ဖြစ်ရပ်မှန်ဇာတ်လမ်းများဖြစ်ပါသည်။ ထူးခြားဆန်းကြယ်မှု၊ မယုံနိုင်ဖွယ်တိုက်ဆိုင်မှုဖြစ်ရပ်များကို စိတ်ဝင်စားသောသူများအတွက် နှစ်သက်မြတ်နိုးမည့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။
2,500ကျပ်  
မြန်မာ့နိုင်ငံရေးနှင့် ဆက်စပ်အတွေးများ
မြန်မာ့နိုင်ငံရေးနှင့် ဆက်စပ်အတွေးများ
သဘောထားကွဲလွဲမှုများစွာ ရှိခဲ့၊ ရှိဆဲဖြစ်သော မြန်မာ့နိုင်ငံရေးသမိုင်း ကို ပြန်ဆန်းစစ်လျင် တစ်ဖက်နှင့်တစ်ဖက် လက်ညိုးထိုးအပြစ်ရှာခြင်းနှင့် စတင်ခဲ့ကြသည်ကို တွေ့ရပါမည်။ ပဋိပက္ခများသည် ဆယ်စုနှစ်များစွာ ကြာမြင့်လာသည့်တိုင် ပြေလည်နိုင်ခြင်း မရှိပေ။ ကွဲပြားနေ သောအသင်း အဖွဲ့အုပ်စုများစွာသည် အချင်းချင်းအပြစ်ရှာနေခြင်းထက် အားလုံး အကျိုးရှိစေမည့်ပေါင်းစည်းစွမ်းအင်ရအောင် အရေးတကြီး အဖြေရှာဖို့ လိုအပ်နေချိန်ရောက်ပါပြီ။ သို့မှသာ ပြုပြင်ပြောင်းလဲမှုများကို ယုံကြည် စိတ်ချစွာ ဆောင်ရွက်နိုင်မည့်အကြောင်း တင်ပြထားပါသည်။ ထို့အပြင် နိုင်ငံရေးသမားနှင့် မီဒီယာတို့ ကျင့်ဝတ်သိက္ခာကိုယ်စီလိုက်နာကြခြင်းဖြင့် အများပြည်သူအကျိုးစီးပွားအတွက် ဆောင်ကြဉ်းပေးနိုင်မည် ဖြစ် ကြောင်းကို ဆက်စပ်တွေးခေါ်ထားသည့်စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။
2,500ကျပ်  
Canvases & Miniatures (volume 1)
Canvases & Miniatures (volume 1)
သမိုင်းဆိုင်ရာ၊ ယဉ်ကျေးမှုအစဉ်အလာဆိုင်ရာ၊ နယ်မြေဒေသဗဟု သုတဆိုင်ရာ၊ ရိုးရာပွဲတော်များဆိုင်ရာ၊ တိုင်းရင်းသား လူမျိုးနွယ်ဆိုင်ရာနှင့် နိုင်ငံရေးဆိုင်ရာ မှတ်သားဖွယ်ရာများကို ကိုယ်တွေ့အဖြစ်အပျက်များ ပေါင်းစပ်ပြီး စိတ်ဝင်စားဖွယ် ရေးဖွဲ့ထားသောစာအုပ် ကောင်းတစ်အုပ်ဖြစ်ပါသည်။ အင်္ဂလိပ်ဘာသာစကားလေ့လာလိုသူတို့အတွက် ပညာရှင်တစ်ဦး၏ အင်္ဂလိပ်စာအသုံးအနှုန်းကျွမ်းကျင်မှုကို သင်ယူရရှိနိုင်သလို နိုင်ငံခြားသားများအတွက်လည်း မြန်မာခေတ်ဟောင်းမှ ဗဟုသုတများကို ရရှိနိုင်ပါလိမ့်မည်။ နိုင်ငံခြားသားမိတ်ဆွေများအား လက်ဆောင်ပေးသင့်သောစာအုပ်ကောင်းတစ်အုပ် လည်း ဖြစ်ပါသည်။
3,500ကျပ်  
အာရှအားပြိုင်ပွဲ
အာရှအားပြိုင်ပွဲ
ဤစာအုပ်တွင် အမေရိကန်နိုင်ငံအပါအ၀င် တရုတ်နိုင်ငံ၊ အိန္ဒိယ၊ ဂျပန်၊ ပါကစ္စတန် စသည့် အာရှနိုင်ငံများ၏နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးတို့ကို နှိုင်းယှဉ်ချိန်ထိုးပြထားသောစာအုပ်ဖြစ်ပါသည်။ အာရှအားပြိုင်ပွဲ၊ ဂျပန် သြဇာအရှိန်အ၀ါကြီးမား သည့် ခံနိုင်အားနည်းသည့် ဇရာထောင်းနေသည့် အာရှမှ စစ်မီးထတောက်နိုင်သည့် အန္တရာယ်ဒေသများ၊ သွေးစွန်း သောအမှတ်တရမြေ စသည်ဖြင့် ဆောင်းပါးပေါင်း ၂၄ ပုဒ်ပါဝင်ပါသည်။ ကမ္ဘာ့အင်အားကြီး စူပါပါဝါဖြစ်သော အမေ ရိကန်နိုင်ငံသည် မိမိ၏ပြိုင် ဘက်ဖြစ်လာနိုင်သော တရုတ်နိုင်ငံနှင့် အင်အားချင်းချိန်ညှိရန် တရုတ်နိုင်ငံပြီးလျင် လူဦးရေ များပြီး နောင်တစ်ချိန်တွင် အင်အားကြီးနိုင်ငံ ဖြစ်လာနိုင်သော အိန္ဒိယနိုင်ငံနှင့်သာမက ပါကစ္စတန်နိုင်ငံများနှင့် မဟာ မိတ်ဖွဲ့ပြီး အကူအညီပေးပုံများ၊ တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား အရေးများကိုပါ ဆွေးနွေးတင်ပြထားသည်။ အာရှမှ နိုင်ငံများအပါအ၀င် ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ တစ်နိုင်ငံနှင့်တစ်နိုင်ငံအပေါ်ထားသော နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး ချိန်ခွင်လျာထိန်းညှိမှုများအကြောင်း ဗဟုသုတဖြစ်ဖွယ်၊ သတိပြုဆင်ခြင်ဖွယ်များ တင်ပြထားသောစာအုပ်ဖြစ်ပါသည်။
2,500ကျပ်  
အံ့ဖွယ်တိုက်ဆိုင်မှု ဖြစ်ရပ်မှန် ဇာတ်လမ်းတိုများ - ၅
အံ့ဖွယ်တိုက်ဆိုင်မှု ဖြစ်ရပ်မှန် ဇာတ်လမ်းတိုများ - ၅
မူရင်းစာရေးသူ Yitta နှင့် Judith တို့၏ Small Miracles for Families စာအုပ်ကို ဘာသာပြန်ထားသော စာအုပ်ဖြစ်ပါသည်။ အဖေနှင့်အမေ၊ သားနှင့်သမီး၊ လင်ယောက်ျားနှင့်ဇနီး၊ ညီအစ်ကိုနှင့် မောင်နှမ၊ ဘိုးဘွား များနှင့် မြေးများ၊ ဦးလေး၊ အဒေါ် စသည့် မိသားစုဝင်များဆွေမျိုးများ ကြားဖြစ်ပျက်ခဲ့သော အံ့ဖွယ်တိုက်ဆိုင်မှု ဖြစ်ရပ်မှန် ဇာတ်လမ်းများဖြစ်ပါသည်။ တဆယ့်သုံး၊ ဆွေမျိုးဆက်၊ ကတိစကား၊ လတူ ရက်တူ နာရီတူ၊ ခရီး သွားဖော် ... စသည် ဖြင့် ဇာတ်လမ်းတို ၅၆ ပုဒ်ပါဝင်ပါသည်။ စတွေ့ချိန်မှစ၍ အင်မတန် ချစ်ခင်ရင်းနှီးသော သူငယ်ချင်းနှစ်ယောက် သည် အံ့သြတိုက်ဆိုင်စွာ ညီအစ်ကိုအရင်းဖြစ်နေပုံ၊ အသည်းအစားထိုးရန် လိုအပ်သောလူနာရှင်နှင့် ကိုယ်ခန္ဓာအစိတ်အပိုင်းများကို လှူဒါန်းမည့် အလှူရှင်၏အစ်ကိုဖြစ်သူနှင့် လေယာဉ် ပေါ်တွင် တိုက်ဆိုင်စွာ တွေ့ပုံ။ စစ်မြေပြင်တွင် အမြဲလိုလို တစ်ပူးတွဲတွဲရှိနေသော တင့်ကားနှစ်စီးအတွင်းရှိ လူနှစ်ယောက်သည် တိုက်ဆိုင်စွာ မယားညီအစ်ကို ဖြစ်လာပုံ၊ ဇနီးနှင့်သားကို ဆုံးရှုံးခဲ့ရသောကြောင့် ဘုရား သခင်ကို စိတ်နာနေသဖြင့် ဘုရား ကျောင်းမသွားဘဲ နှစ်ပေါင်း ၄၀ ကြာမြင့်မှ လူတစ်ဦးကြောင့် ဘုရားကျောင်း တစ်ခုကို ရောက်ရှိ သွားရာ ထိုဘုရားကျောင်း၏ဦးစီးသူမှာ သေဆုံးသွားပြီဟု ယူဆထားသော သူ့သား ဖြစ်နေပုံ စသည်ဖြင့် အံ့ဖွယ်တိုက်ဆိုင်မှုဇာတ်လမ်းတိုများကို စိတ်ဝင်စားဖွယ်ဖတ်ရှုရမည် ဖြစ်ပါသည်။
3,500ကျပ်  
တက္ကသိုလ် မလေးခိုင် နှင်းဆီပန်းထဲကနတ်သူငယ်လေးနှင့်အခြားပုံပြင်များ
တက္ကသိုလ် မလေးခိုင် နှင်းဆီပန်းထဲကနတ်သူငယ်လေးနှင့်အခြားပုံပြင်များ
အစဉ်အဆက်က ပြောလာသောအဖြစ်အပျက်၊ ဇာတ်ကြောင်း ကို 'ပုံပြင်' ဟု မြန်မာအဘိဓာန်တွင် ဖွင့်ဆိုထားသည်။ ကလေးသူငယ် များအား ပုံပြောပြခြင်းကို လူကြီးသူမများက ဓလေ့တစ်ခုလို လုပ် ဆောင်ခဲ့ကြသည်။ ပုံပြင်များစွာကို တစ်နိုင်ငံမှတစ်နိုင်ငံ၊ တစ်နယ်မှ တစ်နယ်၊ တစ်ဦးမှတစ်ဦးသို့ အသီးသီးနှုတ်ဆင့်ကမ်းခဲ့ကြသည်။ ကလေးတိုင်းလိုလို အိပ်ရာဝင်ပုံပြင်များကို နားထောင်ရင်း ကြီးပြင်း လာကြရသည်။ လူကြီးမိဘတို့က အသိအလိမ္မာ၊ ဗဟုသုတများဖြင့် ထုံမွှမ်းထားသောပုံပြင်များကို ကလေးသူငယ်၏နားထဲမှတစ်ဆင့် နှလုံးသားထဲထိရောက် အောင် ပြောပြပြီး လူကောင်းလူတော်များဖြစ်အောင် ပြုစုပျိုးထောင်ကြလေ့ရှိသည်။ ထို့ကြောင့် ပုံပြင်၏အာနိသင်မှာ အင်မတန်တာသွား၊ ထိရောက်သည်ဟု ဆိုရပေမည်။ ယခုထုတ်ဝေလိုက်သည့် တက္ကသိုလ် မလေးခိုင်၏ နှင်းဆီပန်းထဲက နတ်သူငယ်လေးနှင့် အခြားပုံပြင်များ စာအုပ်မှာလည်း မိမိတို့သားသမီးများကို လိမ္မာယဉ်ကျေးသည့် သားကောင်းသမီးမွန်များ ဖြစ်စေချင်သည့် မိဘများ၊ အသိအလိမ္မာကို စာပေထဲမှ ကိုယ် တိုင်ရှာဖွေဖတ်ရှုချင်သည့် ကလေးများအတွက် များစွာအထောက်အကူပြုမည့်စာအုပ် ကောင်းတစ်အုပ်ဖြစ်ပါကြောင်း ညွှန်းဆိုလိုက်ပါသည်။
4,000ကျပ်